PFAဆန်ခါတင်စာရင်းမှာ ဖိုဒန်၊ မေဆင်မောင့်တို့နဲ့အပြိုင်နွဲနေတဲ့ သစ်သားစိမ်း

၂၀၂၀-၂၁ရာသီအတွက်ပရီးမီးယားလိဂ်တစ်နှစ်တာလူငယ်အကောင်းဆုံးဆု PFA Young Player of the Year award.အတွက်နောက်ဆုံးဆန်ကာ တင်စာရင်းကိုဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီဆန်စာတင်စာရင်းမှာတော့ လီဗာပူးအသင်း နောက်ခံလူအာနိုးလ်၊ မန်စီးတီးလူငယ်ကစားသမားဖိုဒန်၊ချဲလ်ဆီးလူငယ်ကစားသမားမာဆွန်မောင့်၊ဝက်ဟမ်းကစားသမားဒီကလန်ရိုက်၊အာဆင်နယ်လူငယ်ကစားသမားဆာကာ၊မန်ချက်စတာယူနိုက်တက်လူငယ်တိုက်စစ်မှူးဂရင်းဝုဒ်တို့အပြိုင်ပါဝင်နေပါတယ်။

ထုတ်ပြန်ထားတဲ့စာရင်းတွေအရ မန်စီးတီးအသင်းလူငယ်ကစားသမား ဖိုဒန်သွင်းဂိုး ၉ဂိုးနဲ့ဖန်တီးမှု၅ကြိမ်၊ ချဲလ်ဆီးကမေဆင်မောင့်က သွင်းဂိုး၆ဂိုးနဲ့ဖန်တီးမှု ၆ကြိမ်၊ ယူနိုက်တက်က သစ်သားစိမ်းလေး ဂရင်းဝုဒ်ကတော့ ၇ဂိုးနဲ့ဖန်တီးမှု ၂ကြိမ်၊ ဝက်စ်ဟမ်းကဒီကလန်ရိုက်ကတော့ ၂ဂိုးနဲ့ဖန်တီးမှု ၁ကြိမ်၊ အာဆင်နယ်ကဆာကာက ၅ဂိုးနဲ့ဖန်တီးမှု၄ကြိမ်၊ လီဗာပူးကအာနိုးက၂ဂိုးနဲ့ဖန်တီးမှု ၇ကြိမ် တို့ဖြစ်ကြပါတယ်။

လီဗာပူးအသင်းလူငယ်ကစားသမားအာနိုးလ်ဟာပြီးခဲ့တဲ့ရာသီကပရီးမီးယားလိဂ်တစ်နှစ်တာလူငယ်ကစားသမားအကောင်းဆုံးဆုရယူနိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ဘယ်အသင်းကအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိဦးမယ်ဆိုတာတော့မသိရသေးပါဘူး။

လက်ရှိမှာ အားကစားသတင်းသုံးသပ်သူတွေကြားထဲမှာ ရေပန်းစားနေတာတော့ ချဲလ်ဆီးက မေဆင်မောင့်နဲ့မန်စီးတီးက ဖိုဒန်တို့ကရေပန်းစားနေပါတယ်။

ချဲလ်ဆီးက ချန်ပီယံဖလားမှာ အဓိကကျတဲ့ ကစားသမားဖြစ်တဲ့ မောင့်နဲ့ မန်စီးတီးပရီးမီးယားလိဂ်ရဖို့အဓိကအားကိုးခဲ့ရတဲ့ဖိုဒန်တို့နဲ့အတူ ဒီနှစ်မှာ ဂန္တဝင်ကြီးတွေရဲ့အချီးကျူးခံနေရတဲ့ အသက်၁၉နှစ်အရွယ်ကစားသမားလေး ဂရင်းဝုဒ်ပါဝင်လာတာလည်း ယူနိက်တက်ဖန်တွေအတွက်စိတ်ဝင်စားဖွယ်ရာပဲဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ်ဖိုင်နယ်ပွဲအထိ ရောက်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဗီလာရီးရဲလိကို ပယ်နတီနဲ့အရေးနိမ့်ခဲ့လို့ ဖလားလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက် သစ်သားစိမ်းလေးကတော့ အကောင်းဆုံးလူငယ်ဆုအတွက် သိပ်မမျှော်လင့်ရဲစရာပါပဲ။ မန်ဖန်တွေကရောဘယ်လူငယ်ကစားသမားကိုရစေချင်ကြလဲ?

Leave a Comment

Your email address will not be published.