ဆန်ချို၊ ဗားရန်း(သို့)ပေါတော်ရက်စ်တို့အတွက် ကျောနံပါတ်တွေကို မန်ချက်စတာညနေခင်းသတင်းမှာဖော်ပြ

မန်ချက်စတာယူနိက်တက်အသင်းဟာ ယူရိုပါလိဂ်မှာ ဗီလာရီးရဲလ်ကို အရေးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးနဲ့၁၂မှတ်ပြတ်ပြီးအဆင့်၂နေရာသာရရှိခဲ့တာဖြစ်လို့ ဒီနှစ်နွေမှာ အားသစ်လောင်းဖို့လိုနေပါတယ်။

မတုန်မလှုပ် ဖိုးဝရုပ်ဖြစ်နေတဲ့ မကြီးဆိုလ်းကလည်း ဂလေဇာက ကတိပေးထားတယ်ဆိုပြီး ကစားသမားသစ် ၄ယောက်လောက် ဒီနှစ်နွေမှာ ခေါ်ယူဖို့ရှိနေပါတယ်။

ကစားသမားတွေထဲမှာ လက်ရှိနာမည်ကြီးနေတာကတော့ ကိန်း(ဈေးများလို့ဝယ်နိုင်မယ်မထင်) ဆန်ချို(မနှစ်တည်းကကျောနံပါတ်စဉ်းစား)နဲ့ ဖင်ကောက်လေး ဂရေးလစ်၊ ဒီကလန်ရိုက် နောက်ခံလူ ဗားရန်းပေါ်တောရက်စ် ၊ အက်သလက်တီကိုကွင်းလယ်ကြယ်ပွင့်ဆောလ်တို့ဖြစ်ပါတယ်။

လတ်တလောမန်ချက်စတာယူနိက်တက်အသင်းနဲ့ချိတ်ဆက်နေတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ကစားသမားတွေအတွက် လစ်လပ်နေတဲ့ ကျောနံပါတ်တွေကို မန်ချက်စတာညနေခင်းသတင်းကနေ မနေ့ညနေကဖော်ပြလိုက်ပါတယ်။

ဂျာဒန်ဆန်ချို၊ ရာဖေးလ်ဗာရန်းနဲ့ ဒီကလန်ရိုက်စ်တို့ကတော့ ယူနိုက်တက်သို့ရောက်ဖို့ သတင်းကြီးနေသူတွေဖြစ်ပေမယ့် ဗားရန်းကတော့ တီဗီအစီအစဉ်တစ်ခုမှာ PSGကိုသွားကစားချင်တယ်လို့ဖြေကြားထားပါတယ်။

ဒဲါပေမယ့်ဆန်ချိုကတော့ ပြီးခဲ့တဲ့တစ်နေ့ကတည်းက ယူနိက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဆိုပြီးဖော်ပြထားပါတယ်။

လက်ရှိမှာလည်းယူနိုက်တက်မှာ ကစားသမားသစ်တွေအတွက် လစ်လပ်နေတဲ့ ကျောနံပါတ်တွေ ရှိနေပါတယ်။ခံစစ်မှူးအတွက်ဆိုရင်ယူနိုက်တက်မှာ ခံစစ်ကစားသမားသစ်အတွက် လစ်လပ်နေတဲ့ ကျောနံပါတ်ကတော့ များများစားစား မရှိပါဘူး။

ဒါပေမယ့် နီမင်ဂျာဗီဒစ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၅ ကတော့ လစ်လပ်နေပါတယ်။ ဒါ့အပြင်၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကတည်းက အသင်းအတွက် ပါဝင်ကစားပေးရခြင်း မရှိတော့တဲ့ ဖေးလ်ဂျုံးစ်ဟာ အသင်းကထွက်ခွာဖို့ ရှိနေတာကြောင့် သူ့ရဲ့ကျောနံပါတ်ကိုလည်း ကစားသမားသစ်တွေ ဝတ်ဆင်ခွင့်ရရှိဖွယ် ရှိနေပါတယ်။

ကွင်းလယ်ကစားသမားအတွက်ကတော့မာတာ အသင်းကထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် မကြာခင်မှာ ကျောနံပါတ် ၈ က ပိုင်ရှင်မဲ့ဖြစ်သွားနိုင်လို့ အသစ်ရောက်လာမယ့်ကွင်းလယ်ကစားသမားတစ်ဦးဟာ နံပါတ်၈ကိုဝတ်ဆင်နိုင်ဖွယ်ရှိတယ်လို့မန်ချက်စတာညနေခင်းကဖော်ပြထားပါတယ်။ဒါအပြင်ရွိုင်ကိန်းနဲ့ မိုက်ကယ်ကားရစ်ခ်တို့လို ဝါရင့်ကစားသမားကြီးတွေ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၆ ကတော့ လက်ရှိမှာ လစ်လပ်နေပါတယ်။

တိုက်စစ်မှူးမှာဆိုရင်လည်းပဲတိုက်စစ်ကစားသမားသစ်တွေ ဝတ်ဆင်လေ့ရှိတဲ့ ကျောနံပါတ်တွေကတော့ ယူနိုက်တက်မှာရွေးချယ်စရာမရှိတော့ပေမယ့် နံပါတ် ၁၂ကိုတော့ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်အသင်းကအလဲအထပ်လုပ်ဖွယ်ရှိတဲ့ ဒါမှမဟုတ်ရောင်းချဖွယ်ရှိတဲ့ မာရှယ်နဲ့လင်းဂက်တို့ကျောနံပါတ်တွေလည်းလွတ်လပ်နေမှာဖြစ်ပါတယ်။

ယူနိုက်တက်မှာ လစ်လပ်နေတဲ့ ကျောနံပါတ်များ: ၁၂၊ ၁၅၊ ၁၆၊ ၂၄၊ ၂၅၊ ၂၈၊ ၃၀၊ ၃၂၊ ၃၅၊ ၃၆၊ ၃၇၊ ၄၀တို့ပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ မန်ချက်စတာညနေခင်းကတော့ ကျောနံပါတ်တွေလစ်လပ်နေတာကိုသာဖော်ပြသွားတာဖြစ်ပြီးတော့ မန်ချက်စတာယူနိက်တက်အသင်းဟာဆိုရင်ဖြင့် ဆိုလ်းရှားနဲ့သက်တူရွယ်တူကစားဖူးတဲ့ ဂိုးသမားတစ်ဦးကိုသာခေါ်ယူနိုင်သေးတာဖြစ်ပါတယ်။ တော်သေးဘီ…..

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.