“သူကရိုနယ်ဒိုလိုကြယ်ပွင့်ပဲ”ဆိုပြီး ရွိင်ကိန်းချီးကျူးလိုက်တဲ့ အင်္ဂလန်ပွဲကမန်ယူပစ်မှတ်

မန်ချက်စတာယူနိက်တက်လီဂျန့်ကြီး ရွိင်ကိန်းကတော့ ယူနိုက်တက်ကပစ်မှတ်ထားနေတဲ့ ကစားသမားကို ရိုနယ်ဒိုနဲ့နှိုင်းယှဉ်ပြီး ချီးကျူးလိုက်ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ဩစတျေးလျတို့ပွဲစဉ်မှာ အင်္ဂလန်အသင်းကို ဩစီကို ၁ဂိုးဇီးရိုးနဲ့နိုင်ခဲ့ပြီးတဲ့နောက်မှာရွိင်ကိန်းက အဲ့ဒီလိုချီးကျူးခဲ့တာဖြစ်ပါတယ်။

မနေ့ညက အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းကစားသမား ဆာကာရဲ့သွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပြီး
အင်္ဂလန်အသင်းကစားသမားဂျက်ဂရေးလစ်ခေါ်ဖင်ကောက်လေး ဟာ ပေါ်တူဂီအတွက် ရိုနယ်ဒိုအကျိုးပြုသလို အင်္ဂလန်အတွက် အကျိုးပြုနေတဲ့ ကြယ်ပွင့်ကစားသမားကောင်းဖြစ်တယ်လို့ ရွိင်ကိန်းကဆိုခဲ့တာပါ။

ရိုနယ်ဒိုဟာ သူ့ရဲ့ ယူနိက်တက်ဘဝ အိုးထရက်ဖို့မှာ တည်းက ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် အခိုင်အမာရပ်တည်ခဲ့တာဖြစ်သလို တစ်ချိန်မှာ ဂရေးလစ်ကိုလည်း အဲ့ဒီလိုဖြစ်လာမယ်လို့ ရွိင်ကိန်းက ယုံကြည်နေတာပါ။

“သူဟာ တစ်ကယ့်ကို သန့်စင်တဲ့ အရည်အချင်းကောင်းများစွားပိုင်ဆိုင်ထားတဲ့ကစားသမားပါ”လို့ အသင်းခေါင်းဆောင်ဟောင်းရွိင်ကိန်းကဆိုလိုက်ပါတယ်။

“သူ့ပွဲတွေကြည့်လိုက်တိုင်း ပွဲတိုင်းမှာ သူ့သက်ရောက်မှုက အထင်းသားပါပဲ”လို့ ရွိင်ကိန်းကဆက်ပြောပါတယ်။

“သူဟာအင်္ဂလန်အတွက်တစ်ကယ့်ကြယ်ပွင့်ဖြစ်လာမှာပါ။ သူကအမြဲလို သူလိုချင်တဲ့နေရာကိုဘောလုံးကိုတည်ငြိမ်ရဲရင့်စွာပို့တယ်။ ရော်နယ်ဒိုပေါ်တူဂီမှာလိုပဲ။ အဲ့ဒီလိုကစားသမားမျိုး ယူနိက်တက်မှာတစ်ကယ်လိုနေတယ်။ သူတစ်ကယ်ကိုထူးချွန်တယ်”လို့ရွိင်ကိန်းကသုံးသပ်ပါတယ်။

ဂရေးလစ်ကို ယူနိက်တက်တို့ဟာ ၂နှစ်လောက်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း စောင့်ကြည့်နေဆဲပဲဖြစ်ပါတယ်။ ယူနိက်တက်တို့ဟာ ဂရေးလစ်လိုပဲ ဟယ်ရီကိန်းနဲ့ ဆန်ချိုတို့ကိုလည်းစောင့်ကြည့်နေပြီး ဆန်ချိုနဲ့တော့ မကြာခင်သတင်းကောင်းကြားရဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဆိုလ်းရှားရဲ့ ယူနိက်တက်ဟာ ချန်ပီယံမန်စီးတီးကို ၁၂မှတ်ပြတ်နဲ့ ဒုတိယနေရာမှာကျန်နေခဲ့ရပါတယ်။ ဒါကြောင့်နောက်ရာသီမှာ ဖလားအိမ်မက်တစ်ကယ်ဖြစ်ဖို့ သွေးသစ်လောင်းဖို့တော့လိုနေပီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ပွဲမှာ နည်းပြဆောက်ဂိတ်ကလည်း သူ့အသင်းသားတွေကိုချီးကျူးခဲ့ပြီး”ကျွန်တော်တို့ အသင်းဟာ ကောင်းကောင်းအလုပ်လုပ်နိုင်မယ်လို့ ယုံကြည်သွားပါပီဂရေးလစ်ကလည်း ချစ်စရာကောင်းတဲ့ Touchတွေကိုပြုလုပ်ပြခဲ့ပြီးတစ်ကယ့်အရည်အချင်းရှိတဲ့ကစားသမားပါပဲ”လို့သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ လူစာရင်းမှာမပါတဲ့ လင်းဂက်လည်း ဝင်ရောက်ကစားခဲ့ရပြီး
သူဘယ်လိုကစားသမားမျိုးလဲဆိုတာပြသဖို့လိုတယ်လို့ ဆောက်ဂိတ်ကပြောကြားထားပါတယ်။ လက်ရှိမှာ ဂုရုကြီးတွေရဲ့ချီးကျူးခံထားရတဲ့ ဂရေးလစ်ကတော့ နလုံးသားထဲကအသင်းကယူနိက်တက်ဖြစ်တယ်။

အရင်နှစ်က ယူနိက်တက်မှာကစားချင်တယ်ဆိုခဲ့ပေမယ့် လက်ရှိမှာမန်စီးတီးကိုသွားချင်တယ်လို့ပြောကြားထားပါတယ်။ မန်ချက်စတာယူနိက်တက်တို့ကတော့ အခုထိ ကုလသမ္မဂနဲ့ယူအန်လိုပဲစောင့်ကြည့် စဉ်းစားအဆင့်မှာပဲရှိနေသေးလို့ ငါ့ရည်းစားသူများနဲ့ညားဖြစ်မလားဆိုတာကတော့စိုးရိမ်ဖွယ်ရာပါပဲ

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.