အင်္ဂလန်အသင်းမှာပါဖို့ ဒုတိယမိအခွင့်အရေးရှိနေသေးတဲ့ စူပါလင်းဂက်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦး လူစာရင်းကို ကြေညာ ခဲ့ပြီး ပရိသတ်တွေနဲ့ ဘောလုံးကစားသမားဟောင်းကြီးတွေကြားထဲ တော်တော်လေးပြောစရာ ဝေဖန်စရာတွေဖြစ်ခဲ့ပါတယ်။

ဆောက်ဂိတ် ဟာ ဝေါလ်ကာ ၊ အာနိုး ၊ ထရစ်ပီယာ ၊ ရစ်ဆီဂျိမ်းစ် စတဲ့ ညာနောက်ခံလူ လေးဦးကို ရွေးချယ်ခဲ့ပြီး ဒီရာသီမှာ ခြေစွမ်းပြ ခဲ့ကြတဲ့ ဝက်ဒ်ပရောက်စ် ၊ လင်ဂတ် ၊ ဝက်ကင်းစ် ၊ ဘန်ဝှိုက် ၊ ဂေါ့ဖရေးစတဲ့ ကစားသမားတွေကို လူစာရင်း ကနေ ချန်လှပ် ခဲ့ပါတယ် ။

ဂရင်းဝုဒ်ကတော့ ဒဏ်ရာ ပြဿနာကြောင့် အသင်းလူစာရင်းကနေ နှုတ်ထွက် သွားခဲ့တာပါ ။

ဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့လင်းဂက်အတွက် ထိုးနှပ်ချက်တစ်ခုဖြစ်လာစေတဲ့အကြောင်းအရာတစ်ခုကတော့ တောင်ပံကစားသမားလင်းဂက်ဟာ ဥရောပဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်းလက်ရွေးစင်အသင်းကရွေးချယ်ခြင်းခံရခြင်းမရှိခဲ့ပေမယ့် လင်းဂက်ဟာ မနေ့ညကပွဲမှာ ကံကောင်းထောက်မစွာနဲ့ပါဝင်ကစားခဲ့ရပါတယ်။

ယူနိက်တက်အသင်းက မက်ဂွိုင်းယားနဲ့ ရက်စ်ဖို့တို့ကတော့ ပါဝင်ကစားနိုင်ခြင်းမရှိသေးပါဘူး။အကြောင်းကတော့ နည်းပြဆောက်ဂိတ်ဟာ ဝေဖန်မှုတွေကြုံရပီးတဲ့နောက်မှာ လင်းဂက်ကို သူဘယ်လိုကစားသမားမျိုးလဲဆိုတာ ဒီခြေစွမ်းမှာပြသဖို့ဆိုတဲ့အခွင့်အရေးပေးခဲ့တာလည်းဖြစ်ပါတယ်။

လင်းဂက်ဟာမနေ့ညကပွဲ ပထမပိုင်းမှာ ကစားပုံကောင်းမွန်ခဲ့ပြီး shot Blockedaတွေကိုလည်းပြုလုပ်နိုင်ခဲ့သလိုဆာကာရဲ့ အနိုင်ဂိုးကိုဖန်တီးရာမှာလည်းတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပါတယ်။

မနေ့ညက ကန်တဲ့ အင်္ဂလန်နဲ့ ဩစီ ခြေစမ်းပွဲမှာ အာနိုးဒဏ်ရာရသွားတဲ့အတွက် ဆောက်ဂိတ်ဟာလက်ရှိမှာ အာနိုးရဲ့ ဒဏ်ရာနဲ့ပက်သက်ပြီး စိုးရိမ်မှုတွေရှိနေပါတယ်။

သတင်းတွေအရတော့ အာနိုးဒဏ်ရာရရှိသွားသလို မက်ဂွိုင်းယားနဲ့ ရက်စ်ဖို့ လုရှောတို့ကလည်း အခုထိ ပုံမှန်အခြေအနေမရသေးပဲ ဒဏ်ရာပြသာနာတွေကပြန်မလာနိုင်သေးပဲဖြစ်နေပါတယ်။

ဒါကြောင့် ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်မှာရွေးချယ်စရာအများကြီးရှိမနေပဲ အာနိုးရဲ့ ဒဏ်ရာပြင်းထန်တယ်ဆို နောက်တစ်ပွဲမှာ လင်းဂက်ကို ဆက်လက်အသုံးပြုသင့်သေးတယ်လို့တိုက်တွန်းမှုတွေရှိနေပါတယ်။

လက်ရှိနိုင်ငံတကာကဆိုရှယ်မီဒီယာအသုံးပြုနေသူတွေကလည်း အာနိုးကိုယူရိုပွဲမတိုင်ခင် ခနအနားပေးထားပြီး တနင်္ဂနွေနေ့ကန်ရမယ့် ရိုမေနီးယားနဲ့‌ခြေစမ်းပွဲမှာလင်းဂက်ကိုပဲဆက်အသုံးပြုဖို့တောင်းဆိုနေကြပါတယ်။ ဒါကတော့ စူပါလင်းဂက်ရရှိလာနိုင်မယ့် အင်္ဂလန်အသင်းအတွက် အခွင့်အရေးသေးသေးလေးပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းမျှဝေလိုက်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.