နောက်ရာသီမှာ အဖြစ်ချင်ဆုံး အိမ်မက်တစ်ခုရှိဆိုတဲ့ အဲလက်စ်တဲ

မန်ချက်စတာယူနိက်တက်အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ အဲလက်စ်တဲကတော့ သူယူနိက်တက်မှာအဖြစ်ချင်ဆုံးအရာတစ်ခုရှိနေတဲ့အကြောင်းရင်ဖွင့်သွားခဲ့ပါတယ်။

သူဟာ ယူနိုက်တက်မှာ ပထမဆုံးရာသီဖြစ်ပေမယ့် ပျော်ရွှင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းခုလိုပြောသွားပါတယ်။

“ကျွန်တော့်ရဲ့ ပထမဆုံးယူနိုက်တက်နဲ့ရာသီမှာ သင်ယူ လေ့လာမှုတွေကိုအများကြီးရခဲ့ပါတယ်။ ကစားသမား ဘဝ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေကအစ သင်ယူလေ့လာခွင့်ရခဲ့ ပါတယ်။ ကျွန်တော့်ရဲ့ပထမဆုံး ယူနိုက်တက်နဲ့ ရာသီကို အရမ်းပျော်ရွှင်ခဲ့ပါတယ်။

လာမယ့်ဘောလုံးရာသီဆို ပို ပြီးကောင်းလာမယ်လို့ကျွန်တော်အာမခံပါတယ်။ ကွင်းထဲရောက်တိုင်း ကျွန်တော့်ရဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တယ်လို့ ယူဆမိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် အသားကျနေဖို့အတွက် ပထမဆုံး ရာသီဆိုတာ လွယ်ကူမှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ဆိုးလ်ရှား ကျွန်တော့်ကို အခွင့်အရေးပေးတိုင်း ပွဲတွေဟာ ပွဲကောင်းတွေချည်းပဲ။”လို့အဲ့လက်တဲစ်ကဆိုပါတယ်။

ဒါ့အပြင်အဲလက်စတဲဟာ နောက်ရာသီမှာ သူအဖြစ်ချင်ဆုံးအိမ်မက်တစ်ခုရှိပြီး အဲ့ဒီအိမ်မက်ကိုအကောင်အထည်ဖော်ဖို့ မစောင့်နိုင်တော့ဘူးလို့ဆိုပါတယ်။

“နောက်ရာသီမှာဖြစ်ချင်ဆုံးက ယူနက်တက် အသင်းအတွက် ပထမဆုံး ဂိုးသွင်းချင်ပါတယ်။ ဒီအရာအတွက် ကျွန်တော်မစောင့် နိုင်တော့ပါဘူး။ ပေါ်တိုမှာတုန်းက ကျွန်တော်ဂိုးတွေအများကြီးသွင်းခဲ့ပါတယ်။ ယူနိုက်တက်မှာလည်း ဒါမျိုးဂိုးသွင်းရဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်။”လို့တဲကဆိုပါတယ်။

အခုထက်ထိတော့အဲလက်တဲဟာလည်းယူနိက်တက်မှာ ကောင်းကောင်းခြေစွမ်းမပြနိုင်သေးတဲ့အခြေအနေပဲရှိနေပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာတော့ သူဟာ အားအရဆုံးပွဲ၂ပွဲရှိခဲ့တယ်လို့ ခုလိုဆက်ပြောသွားပါတယ်။

“ကျွန်တော့်ရဲ့ပထမရာသီမှာ အကောင်းဆုံးအခိုက်အတန့် ကတော့ ပြင်သစ်မှာ PSG ကိုရင်ဆိုင်တဲ့ပွဲနဲ့ ဝက်ဟမ်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်ပဲ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတာက ဝက်ဟမ်းလိုပွဲမှာ အနိုင်ဂိုးအတွက် ဖန်တီးမှုလုပ်နိုင်ခဲ့ပါတယ်။”

Leave a Comment

Your email address will not be published.