ပေါ့ဘာနေရာမှာအစားထိုးမယ့်ကစားသမားကိုဆုံးဖြတ်ချက်ချလိုက်တဲ့ဆိုလ်းရှား

မန်ချက်စတာယူနိက်တက်အသင်းမှာ မရေမရာမသေချာအနာဂါတ်နဲ့ကြောင်ကြောင်ပျောက်နေတဲ့ ပေါ့ဘာနေရာကို အစားထိုးမယ့်ကစားသမားကို အိုလေဂန်းနားဆိုလ်းရှားကတော့ ဆုံးဖြတ်ချက်ချထားပြီဖြစ်တယ်လို့ဒေးလီးမေးလ်းကသတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းမှာ တစ်ရာသီမှာတစ်ရာသီလုံးလောက်သာ အသင်းအပြောင်းအရွေ့သတင်းထွက်နေတဲ့ပေါ့ဘာနဲ့မီးမွှေးသူရွိင်းအိုလာတို့ဟာ လက်ရှိမှာ တစ်ပတ်လုပ်ခလစာပေါင်၅သိန်းကိုတောင်းဆိုနေကြတာပါ

ယူနိက်တက်ဘက်က လေးသိန်းနဲ့အမြင့်ဆုံးစံချိန်ပေးပြီးညှိနှိုင်းနေတာဖြစ်ပြီး အဆင်မပြေမှုတွေရှိနေလို့ ပေါ့ဘာကိုစာချုပ်သစ်ချုပ်ဆိုဖို့ကြန့်ကြာနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာဂလေဇာကလည်း နွေဈေးကွက်အတွက် ပေါင်သန်း၁၅၀ချပေးမှာလို့ဆိုတဲ့အတွက် တောင်ပံတိုက်စစ် ကွင်းလယ်နဲ့ မက်ဂွိုင်းယားနဲ့တွဲဖက်နိုင်မယ့်နောက်တန်းတွေယူနိက်တက်ကခေါ်ယူရမှာဖြစ်ပါတယ်။

မန်ချက်စတာညနေခင်းမှာဖော်ပြထားချက်အရတော့ ၄ယောက်လောက်ကိုခေါ်ယူသွားဖွယ်ရှိနေပြီး ပေါ့ဘာနေရာကိုတော့ အက်စတွန်ဗီလာကြယ်ပွင့် ဂရေးလစ်နဲ့အစားထိုးဖို့ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဂရေးလစ်ဟာ အက်စတွန်ဗီလာမှာတင်မကပဲ လက်ရှိအင်္ဂလန်အသင်းမှာလည်း မနေ့ညက ဩစီနဲ့ခြေစွမ်းပွဲမှာ အလွန်ခြေစွမ်းပြနေနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။

ယူနိက်တက်တို့ရဲ့လိဂျန့်ကြီး ရွိင်ကိန်းကိုယ်တိုင်က ဂရေးလစ်ဟာ‌ေ ပါတူဂီမှာရောနယ်ဒိုလို အင်္ဂလန်အသင်းအတွက် ဂရေးလစ်ဖြစ်နေတယ်ဆိုပြီး ရိုနယ်ဒိုနဲ့တောင်ခိုင်းနှိုင်းချီးကျူးထားပါတယ်။

ဒါ့အပြင်ဂရေးလစ်ကိုယ်တိုင်က”သူ့နှလုံးသားထဲကအသင်းဟာ ယူနိက်တက်”ပါလို့ထုတ်ဖော်ပြောကြားထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။

ဒါပေမယ့် ယူနိက်တက်တို့ရဲ့ လူခေါ်ရေးဆို အမြဲလို ကြန့်ကြာနေတတ်တဲ့ အကျင့်ကြောင့် ကစားသမားဘက်က မနစ်ကသာ ယူနိက်တက်မှာကစားချင်သာဖြစ်ပေမယ့် ဒီနှစ်တော့
မန်စီးတီးမှာကစားချင်တယ်လိုဖွင့်ဟထားပါတယ်။

ဒါကြောင့် နည်းပြဆိုလ်းရှားအနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကလို ဈေးကွက်ပိတ်မှ ပရိတ်သတ်ကိုချွေးသိပ်တဲ့ခေါ်ယူမှုမျိုးလုပ်ဖို့ထက်
အချိန်မလွန်ခင်လက်မနေးပဲအမြန်ကမ်းလှမ်းမှုတွေခေါ်ယူမှုတွေလုပ်ဖို့လိုနေပြီလည်းဖြစ်ပါတယ်။

ဂလေဇာဘက်က ပေးထားတဲ့သန်း၁၅၀ဆိုပေမယ့် ပေါ့ဘာကိုရောင်းချရင် သန်း၆၀လောက်ထွက်နိုင်တဲ့အတွက် တောင်ပံတိုက်စစ်ကိုလည်းကောင်းကောင်းခေါ်ယူနိုင်မှာဖြစ်ပါတယ်။ငါ့ရည်းစားသူများနဲ့မညားဖို့ ဆိုလ်းရှားဆုံးဖြတ်လိုက်တာမှန်ပေမယ့် လက်တွေ့အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုပဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.