နှာစေးလက်နှေးနေလို့ ဒိုလေးအိမ်မက် ပျက်ပြယ်သွားနိုင်တဲ့ ယူနိက်တက်

မန်ချက်စတာယူနိက်တက်အသင်းဟာ ဒီနစ်နွေမှာ သရဲနီတပ်သားဟောင်းကြီးရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမယ်ဆိုပြီး သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်နေခဲ့တာပါ။

ရော်နယ်ဒိုဟာလည်း ဂျူဗင်တပ်အသင်းကထွက်ခွာဖွယ်ရှိနေတာဖြစ်ပြီး ပထမအစောဆုံးသတင်းထွက်ခဲ့တာကတော့ သူ့ရဲ့ငယ်ဘဝအသင်းဟောင်းလေးကိုပဲပြန်ကစားတော့မယ်ဆိုပြီး သတင်းထွက်ခဲ့တာပါ။

အဲ့ဒီနောက် ယူရိုပါလိဂ်ဖိုင်နယ်ကိုလက်လွတ်ဆုံးရှုံးသွားတဲ့ ယူနိက်တက်တို့ဟာ နောက်နှစ်နွေမှာ အထောင်တိုက်စစ်မှူးတစ်ဦးနဲ့တောင်ပံတိုက်စစ်တွေခေါ်ယူဖို့လုပ်လာပြီး ယူနိက်တက်နဲ့ဒိုလေးတို့သတင်းတွေပြန်ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်းသတင်းတွေပဲထွက်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ယူနိက်တက်ဘက်က ဘယ်ကစားသမားကိုမှ တရားဝင်ကမ်းလှမ်းတာမျိုးမရှိသေးပဲ ဆိုလ်းရှားနဲ့အသက်တူဂိုးသမားကိုသာ ဒီလကုန်မှာတစ်ကယ်ခေါ်ယူသွားဖို့ရှိနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက juve နည်းပြသစ်Allegri အနေနဲ့ Ronaldo ဟာ သူရဲ့ အနာဂါတ်စီမံကိန်းမှာမပါဝင်ဘူးလို့ပြောကြားခဲ့ပြီး အဲ့ဒီနောက် ပီအက်စ်ဂျီအသင်းဘက်က ရော်နယ်ဒိုကို ခေါ်ယူဖို့သတင်းထွက်လာပါတယ်။

United နဲ့အပြောင်းအရွေ့သတင်း ကျယ်လောင်စွာထွက်ပေါ်နေတဲ့ juve အသင်ရဲ့တောင်ပံတိုက်စစ်ကစားသမား Ronaldo ကို PSG အသင်းအနေနဲ့ ပေါင်၂၅သန်းပေးပြီး ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ မက်ထရိုသတင်းကဖော်ပြလာပါတယ်။

PSG အနေနဲ့ သူတို့ရဲ့ လူငယ်ကစားသမား Mbappe ကို ဒီအပြောင်းအရွေ့မှာ Real Madrid ထံလက်လွှတ်ရဖွယ် ရှိနေတာကြောင့် အသင်းအနေဖြင့် Ronaldo အားပြန်လည်အစားထိုးခေါ်ယူလိုနေခြင်းဖြစ်ပြီးဒီအပြောင်းအရွေ့ကိုတစ်ကယ် ဖြစ်မြောက်ဖို့ကိုလည်း PSG ဘက်မှအလိုရှိနေကြောင်းသိရပါတယ်။

ရော်နယ်ဒိုဘက်ကဘယ်လိုဆုံးဖြတ်ချက်ချဦးမလဲဆိုတာမသိနိုင်သေးပေမယ့် အရင်လို နှာစေးလက်နှေးနေရင်တော့ အသင်းရဲ့ သရဲနီတပ်သားဟောင်းကြီး ဒိုလေးကိုလည်း ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ မန်ဖန်တွေရော ဒိုလေးကို အသင်းမှာရှိစေချင်လား ပြန်မလာတာပဲကောင်းတယ်လို့ ယူဆပါသလား။ကွန်မန်မှာ လွတ်လပ်စွာမျှဝေသွားနိုငိပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.