ဆန်ချိုနဲ့လေ့ကျင့်ခန်းအတူဆင်းနေတဲ့ပုံကိုတင်လိုက်တဲ့ရက်ဖို့ကြောင့်မန်ဖန်တွေနှလုံးရောဂါဖြစ်နိုင်ချေများလာ

မန်ချက်စတာယူနိက်တက်အသင်းရဲ့တိုက်စစ်မှူး မားကပ်ရက်စ်ဖို့ကတော့ သူနဲ့အတူလေ့ကျင့်ခန်းဆင်းနေတဲ့ ဆန်ချိုနဲသူ့ရဲ့ပုံကို လူမှုကွန်ရက်မှာတင်လိုက်တာကြောင့် မန်ဖန်တွေရင်ခုန်နေကြပြီးနှလုံးရောဂါရနိုင်ချေများတယ်လို့ မန်ဖန်အများစုကပြောပါတယ်။

မနစ်တည်းကထွက်နေတဲ့ ဆန်ချိုအသံတွေ ဟာ ဒီပုံကြောင့် ယူနိက်တက်ဖန်တွေကြားထဲမှာ ပိုမိုကျယ်လောင်လို့လာနေပါတယ်။

“တစ်နေ့ကလည်းကျောနံပါတ်စဉ်းစားနေတယ်ဆိုတော့ ရင်တုန်သွားတယ်။ ဒါပေမယ့်မနှစ်တည်းကစဉ်းစားတာလေ။ အခုလည်းပုံတက်လာတယ်။ သူကတော့ဘာမှမဟုတ်ရိုးရိုးတင်တာပေမယ့် ဒီမာကရင်တုန်တယ်။
ဆန်ချိုရောက်ရင်ဖုန်းဆက်ပေးပါဆိုပြီးအိပ်တာပဲကောင်းတယ်။နလုံးရောဂါရနိုင်တယ်”လို့မြန်မာနိုင်ငံကမန်ဖန်တစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဆိုပြီး သတင်းတွေကျယ်ကျယ်လောင်ထွက်နေတဲ့ဆန်ချိုဟာ ပရိတ်သတ်မြင်ကွင်းရှေ့ထွက်ထွက်လာချင်းမှာ ယူနိုက်တက်ကစားသမားနဲ့ဖြစ်နေတာကြောင့် ပရီတ်သတ်တွေကဆန်ချိုတကယ်ရောက်လာတော့မလားဆိုတာရင်ခုန်နေကြပါတယ်။

ဒါပေမယ့် မနေ့ကမှ ယူနိက်တက်အသင်းသားတွေဟာ အင်္ဂလန်လေ့ကျင့်ရေးကွင်းကိုသွားရောက်ပူးပေါင်းကြတာဖြစ်ပြီး ဆန်ချိုနဲ့မားကပ်တို့ဟာ အင်္ဂလန်အတွက်ပြန်လည်ပေါင်းစည်းတုန်းမှာ ရိုးရိုးရိုက်တဲ့ပုံလည်းဖြစ်နိုင်ပါတယ်။

Bleacher REportနဲ့အင်တာဗျူးတစ်ခုမှာတော့ ရက်စ်ဖို့က” ဆန်ချိုဟာတော်တော်ကောင်းပါတယ်။ နောက်မျိုးဆက်သစ်တွေထဲမှာကြီးမြတ်တဲ့ကစားသမားဖြစ်လာမှာပါ။ ကျွန်တော်တို့ အတူတွဲကစားခွင့်ရဖို့မျှော်လင့်ပါတယ်”လို့ပြောခဲ့ဖူးပါတယ်။

ဆန်ချိုကို ယူနိက်တက်တို့ဟာ ၂နှစ်ကြာစောင့်ကြည့်နေခဲ့တာဖြစ်ပြီး ဒီနှစ်နွေခေါ်ယူမှုမှာတော့ ထိပ်ဆုံးပစ်မှတ်ဖြစ်နေတာဖြစ်ပါတယ်

ဒီတော့ရက်စ်ဖုတ်လေးနဲ့ဂိမ်းကစားဖော်သူငယ်ချင်းဟာ အိုးထရက်ဖို့မှာ ဘောလုံးအတူကစာမယ့် အသင်းဖော်သူငယ်ချင်းဖြစ်လာမလားဆိုတာ ရင်ခုန်စရာပါပဲ??/ဆန်ချိုလာရင်ဖုန်းဆက်ပေးပါဆိုသူတွေဖုန်းဆက်လိုက်ရတော့မလား?

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.