ဒီတစ်ခါတော့ လက်မနှေးပဲ ပေါ့ဘာဘော်ဒါကို ၅နှစ်စာချုပ်သက်တမ်းနဲ့ မန်ယူ ကမ်းလှမ်းပြီ

ပေါ့ဘာရဲ့ပြင်သစ်အသင်း အသင်းဖော်သူငယ်ချင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံကစားသမား ဗားရန်းကို မန်ချက်စတာယူနိက်တက်အသင်းက ၅နှစ်စာချုပ်နဲ့ကမ်းလှမ်းလိုက်ပြီဖြစ်တယ်လို့ABCသတင်းမှာဖော်ပြထားပါတယ်။

မန်ချက်စတာယူနိက်တက်တို့ဟာ ဒီနှစ်နွေမှာ အဓိကပစ်မှတ်ထားတဲ့ ကစားသမား ၅ဦးထဲက တစ်ယောက်ဖြစ်တဲ့ ရာဖယ်ဗားရန်းကို ဒီတစ်ခါတော့ တရားဝင် ကမ်းလှမ်းလိုက်တာပဲဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းဟာ အိတ်ပေါက်နဲ့ဖားကောက်ဖြစ်နေရတဲ့ နောက်တန်းလိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းဖို့ ဒီနှစ်နွေမှာ နောက်ခံမွန်းစတားတစ်ယောက်ယောက်ကိုတော့ မဖြစ်မနေခေါ်ယူဖို့လိုအပ်နေတာပါ။

ယူနိက်တက်တို့ဟာ ဒီနှစ်နွေမှာ ရီးလ်ရဲမက်ဒရစ် နောက်တန်းကစားသမားကို ခေါ်ယူဖို့ချိတ်ဆက်နေကြပြီး ကစားသမားအနေနဲ့လည်း ယူနိက်တက်ကိုလာဖို့နီးစပ်နေပြီလို့ သတင်းတွေထွက်နေခဲ့ပေမယ့် ဒီကစားသမားကတော့ ပြီးခဲ့တဲ့၃ရက်လောက်ကပဲTodo Fichajes တီဗီအင်တာဗျူးတစ်ခုမှာ ယူနိုက်တက်ကို ငြင်းပယ်ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အပြောင်းရွေ့တွေသတင်းတွေထွက်ပေါ်နေတဲ့ ရီးလ်ရဲနောက်တန်းကစားသမားRaphael Varane ပဲဖြစ်ပါတယ်။

“ကျွန်တော်အစကတော့ မန်ချက်စတာယူနိက်တက်ကို စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တာကတော့ PSGမှာပဲကစားချင်တယ်ဆိုတာပါပဲ။ ကျန်တာတော့ဘာအကြောင်းရယ်မှမရှိပါဘူး”လို့ Varane ကဆိုပါတယ်။

အဲ့ဒီလိုပြောပြီးတဲ့နောက်မှာပဲ ယူနိက်တက်ဟာ ခပ်မြန်မြန်ပဲ ဗားရန်းကို ခုလိုကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ ဗားရန်းဟာ ရီးရဲအသင်းနဲ့တစ်နှစ်သာသက်တမ်းကျန်တော့တာဖြစ်ပြီး ရီးရဲဘက်ကတော့ ယူရိုသန်း၇၀ ပေါင်သန်း၆၀ကျော်ကျော်လေးနဲ့ ရောင်းဖို့ဆုံးဖြတ်ထားပါတယ်။

ယူနိက်တက်တို့ဟာမကြာခင်အချိန်လေးကပဲ ယူနိက်တက်မှာကစားချင်တယ်ဆိုတဲ့ အက်သလက်တီကိုကြယ်ပွင့် ဆောလ်ကို ဘိုင်ယန်မြူးနစ်က ပေါင် ၆၈သန်းနဲ့ခေါ်သွားလို့ ကွင်းလယ်လူကိုဆုံးရှုံးလိုက်ရပြီပဲဖြစ်ပါတယ်။

ဒါကြောင့် မက်ဂွိုင်းယားနဲ့တွဲဖက်မယ့်နောက်ခံကစားသမားကိုတော့ ဒီတစ်ခါခြေမြန်လက်မြန်ခေါ်ယူသွားမလားဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.