မက်လောက်စရာဈေးနှုန်းနဲ့ဘိုင်ယန်မြူးနစ်ဆီပါသွားပြန်ပြီဖြစ်တဲ့ မန်ယူပစ်မှတ်

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ စိတ်ဝင်စားမှုတွေရှိခဲ့ပြီး ချိတ်ဆက်မှုတွေလုပ်နေခဲ့တဲ့ အက်သလက်တီကိုကြယ်ပွင့် Saul Niguzကတော့ ဘိုင်ယန်မြူးနစ်အသင်းဆီ ဒီနွေမှာသွားကစားဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။

သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ထင်မှတ်မထားတာထက် ပေါင် ၆၈သန်းနဲ့ကမ်းလှမ်းလာတာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်ဘက်က ဒီကမ်းလှမ်းချက်ကို သဘောတူလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့် တစ်ကယ်တမ်းကစားရမယ်ဆိုရင် အိုးထရက်ဖို့မှာကစားချင်တယ်ဆိုပြီးရင်ဖွင့်ထားတဲ့ဆော်ဟာခုတော့မက်လောက်စရာငွေကြေးနဲ့ဘိုင်ယန်မြူးနစ်ဆီရောက်ရှိသွားတာလည်းဖြစ်ပါတယ်။

ယူနိက်တက်တို့ကတော့လောလောဆယ်မှာ ဒေါ့မွန်ကဆန်ချိုကိုဦးစားပေးပစ်မှတ်ထားနေတာပဲဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ အက်သလက်တီကိုမက်ဒရစ်အသင်းက CMF DMFနှစ်မျိုးလုံးလောက်ကစားနိုင်တဲ့ Saul Niguezကတော့ သရဲနီတွေရဲ့အိုးထရက်ဖို့မှာကစားချင်တယ်လို့ပြောကြားခဲ့ပြီးမကြာခင်မှာပဲဘိုင်ယန်မြူးနစ်ကခုလိုသဘောတူညီမှုဖြစ်သွားခဲ့တာပါ။

အသက်၂၆နစ်အရွယ်ရှိတဲ့ ကွင်းလယ်ကြယ်ပွင့်ဆောဟာ ၂၀၂၆အထိသူ့အသင်းနဲ့စာချုပ်ချုပ်ဆိုထားတာဖြစ်ပေမယ့် ပေါင်သန်း၆၀လောက်နဲ့အသင်းကရရင်ရောင်းချင်နေခဲ့တာဖြစ်ပြီး အခုက၆၈သန်းဆိုတော့ ပိုပီးရောင်းချင်စိတ်ပေါက်သွားစေနိုင်တာပါ။

မက်ထရစ်အသင်းဟာ ဆော်ကို ရောင်းပြီးပြီးချင်းမှာပဲ ဥဒိနီကလပ်က ကြယ်ပွင့်ကစားသမား Rodrigo dde paulကို ပေါင် ၃၄သန်းနဲ့ခေါ်ယူဖို့ကမ်းလှမ်းထားပါတယ်။ ယူနိက်တက်တို့ကတော့ ဒီတစ်ခါလည်းကျန်ရစ်ဖြစ်ခဲ့ပါပြီ..

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.