ယူနိက်တက်ကစားသမား၂ယောက်နဲ့ဟန်ဒါဆန်တို့ကြောင့်ခေါင်းခဲနေရပြီဖြစ်တဲ့ ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦး လူစာရင်းကို ကြေညာ ခဲ့ပြီး ပရိသတ်တွေနဲ့ ဘောလုံးကစားသမားဟောင်းကြီးတွေကြားထဲ တော်တော်လေးပြောစရာ ဝေဖန်စရာတွေဖြစ်ခဲ့ပါတယ်။

လက်ရှိမှာလည်း မန်ချက်စတာယူနိက်တက်အသင်းကကစားသမား၂ယောက်နဲ့လီဗာပူးအသင်းခေါင်းဆောင်ဟန်ဒါဆင်တို့ကြောင့်ခေါင်းခဲနေရပြန်ပြီလည်းဖြစ်ပါတယ်။

ဆောက်ဂိတ် ဟာ ဝေါလ်ကာ ၊ အာနိုး ၊ ထရစ်ပီယာ ၊ ရစ်ဆီဂျိမ်းစ် စတဲ့ ညာနောက်ခံလူ လေးဦးကို ရွေးချယ်ခဲ့ပြီး ဒီရာသီမှာ ခြေစွမ်းပြ ခဲ့ကြတဲ့ ဝက်ဒ်ပရောက်စ် ၊ လင်ဂတ် ၊ ဝက်ကင်းစ် ၊ ဘန်ဝှိုက် ၊ ဂေါ့ဖရေးစတဲ့ ကစားသမားတွေကို လူစာရင်း ကနေ ချန်လှပ် ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဩစီနဲ့ခြေစမ်းပွဲမှာလင်းဂက်ကိုထည့်သုံးခဲ့ပြီးအဲ့ဒီပွဲမှာ အာနိုးဒဏ်ရာရသွားခဲ့လို့ လင်းဂက် ဒါမှမဟုတ် Ward Browseနဲ့အစားထိုးဖို့ စီစဉ်နေရတဲ့အချိန်မှာ ဒဏ်ရာရနေတဲ့ မက်ဂွိုင်းယားနဲ့ ပုခုံးခွဲစိတ်ဖို့ရှိနေတဲ့ ရက်စ်ဖို့တို့အတွက် ကြံခိုင်မှုမပြည့်မှာစိုးရိမ်နေရတယ်လို့သိရပါတယ်။ ယူနိက်တက်က ဂရင်းဝုဒ်ကတော့ ဒဏ်ရာ ပြဿနာကြောင့် အသင်းလူစာရင်းကနေ အစောကြီးတည်းကနှုတ်ထွက် သွားခဲ့တာပါ ။

ဩစီပွဲမှာ ရက်စ်ဖို့လည်းပါဝင်နိုင်ခြင်းမရှိသေးပဲ ပြီးခဲ့တဲ့နေ့တွေထဲက ဒဏ်ရာက သက်သာလာစဖြစ်တဲ့ ဂျော်ဒန်ဟန်ဒါဆန်နဲ့မက်ဂွိုင်းယားကိုထည့်သွင်းအသုံးပြုခဲ့လို့ ဖာဒီနန်ကဝေဖန်နေခဲ့တာပါ။

လက်ရှိမှာတော့ ယူနိက်တက်ကစားသမားတွေဖြစ်တဲ့ လင်းဂက်က ဥရောပဖလားပြိုင်ပွဲမှာ ပါမပါက သေချာမှုမရှိသေးပဲ ဆောက်ဂိတ်က စဉ်းစားနေဆဲဖြစ်ပါတယ်။

အဓိကဆောက်ဂိတ်ခေါင်းခဲနေတာကတော့ အာနိုးကဒဏ်ရာရသွားလို့ ၆ပတ်လောက်နားရမှာဖြစ်တဲ့အတွက် အရွတ်ဒဏ်ရာရထားတဲ့ မက်ဂွိုင်းယားနဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟန်ဒါဆင်တို့ကို ဥရောပဖလားပြိုင်ပွဲလွဲချော်မှာကို ကြောက်နေတာပါ။

လက်ရှိမှာတော့ ယူနိက်တက်အသင်းသားတွေဖြစ်တဲ့ ရက်စ်ဖို့ မက်ဂွိုင်းယားနဲ့လုရှောတို့လေ့ကျင့်ရေးကွင်းကိုရောက်နေကြပြီဖြစ်ပေမယ့် လေ့ကျင့်ရေးလုပ်နိုင်သေးတာ ရက်စ်ဖို့တစ်ယောက်တည်းသာတွေ့ရပြီး လုရှောလည်းဒဏ်ရာရထားတယ်လို့သိရပါတယ်။

လုရှောကတော့သူ့ဒဏ်ရာအတွက် ပြိင်ပွဲနဲ့လွဲချောမှာစိုးရိမ်နေပေမယ့် သူ့ဒဏ်ရာကတော့ စိုးရိမ်စရာမလိုသေးကြောင်းသိရပါတယ်။ နည်းပြဆောက်ဂိတ်ရဲ့ ရွေးချယ်ထားတဲ့လူစာရင်းကတော့ဝေဖန်မှုတွေနဲ့ကိုက်ညီစွာပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်.

Leave a Comment

Your email address will not be published.