၂နှစ်အတွင်းဆိုလ်းရှား ခေါ်ယူခဲ့တဲ့ အဆိုးဝါးဆုံးကစားသမား၅ယောက်နဲ့အကောင်းဆုံး၅ယောက်

မန်ချက်စတာယူနိက်တက်အသင်းနည်းပြအိုလေဂန်းနားဆိုလ်းရှားရဲ့၂နစ်ကျော်သက်တမ်းအတွင်းခေါ်ယူခဲ့တဲ့ ကစားသမား၁၀ယောက်ထဲမှာအကောင်းဆုံးတွေပါသလို အဆိုးဝါးဆုံးကစားသမားခေါ်ယူမှုတွေလည်းရှိခဲ့ပါတယ်။

ဆိုလ်းရှားဟာ သူအိုးထရက်ဖို့ကိုစရောက်တည်းက အသင်းတည်ဆောက်မှုကိုပြန်လည်ပြုလုပ်နေတာဖြစ်ပြီး ကစားသမားခေါ်ယူမှုတွေမှာ မလိုအပ်ပဲခေါ်ယူမှုတွေလုပ်ခဲ့လို့ အရံခုံမှာအချိန်ကုန်ခဲ့ရတဲ့ကစားသမားရှိသလို ခြေစွမ်းမပြနိင်တဲ့ကစားသမားတွေလည်းရှိနေပါတယ်။ ဒါကြောင့်ဆိုလ်းရှားသက်တမ်းအတွင်းခေါ်ခဲ့တဲ့ အဆိုးဝါးဆုံး၅ယောက်နဲ့အကောင်းဆုံး၅ယောက်ကစားသမား၁၀ယောက်စာရင်းဒေးလီးမေးလ်မှာဖော်ပြထားတဲ့အတိုင်းဖော်ပြပေးလိုက်ပါတယ်။

၁.ပယ်လစ်စထရီ

လက်ရှိအချိန်ထိသတ်မှတ်ထားချက်အရ ပယ်လစ်စထရီကတော့ယူနိက်တက်အတွက်အဆိုးဝါးဆုံးခေါ်ဆိုမှုတစ်ခုပဲဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နွေကလက်မှတ်ထိုးခဲ့တဲ့ ဥရုဂွေးကစားသမားဟာဆီနီယာအသင်းကြီးမှာမကစားရသေးပဲအငှားချခံထားရပါတယ်။ ဒါပေမယ့်ဒါဟာစမ်းသပ်မှုတစ်ခုဖြစ်ပြီး လက်ရှိမှာသူဟာစပိန်မြေမှာခြေစွမ်းပြနေလို့သူ့ကိုလာလီဂါကလပ်တွေကသဘောကျနေကြပါတယ်။ တစ်ချိန်မှာတော့ ယူနိက်တက်အသင်းအတွက်လည်းတောက်ပနိုင်ပါတယ်။

၂.ဗန်ဒီဗိ

ဗန်ဒီဗိကတော့ အဆိုးဝါးဆုံခေါ်ယူမှုအဆင့်၂ချိတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေမှာ အေဂျက်ကပြောင်းလာတဲ့ဗန်ဒီဗီဟာ အေဂျက်မှာခြေစွမ်းပြနိုင်ခဲ့ပေမယ့် ယူနိက်တက်မှာတော့အရံခုံသာထိုင်နေခဲ့ရပါတယ်။ အသက်၂၄နှစ်အရွယ် နယ်သာလန်ကြယ်ပွင့်ဟာ ကွင်းလယ်မှာ ပေါ့ဘာ ဖာနန်ဒက်တို့နဲ့အပြိုင်ရုန်းကန်ရတာမို့ ပွဲထွက်ခွင့်ရခဲ့တဲ့အချိန်အနည်းငယ်မှာလည်းခြေစွမ်းမပြနိုင်ခဲ့ပဲဖြစ်နေပါတယ်။ လက်ရှိမှာသူ့ကို နှမြောတဲ့ဂန္တဝင်ဟောင်းကြီးတွေရှိနေသလိုအသင်းကပြောင်းရွေ့ဖို့အကြံပေးနေသူတွေလည်းရှိပါတယ်။ ကစားသမားကတော့ နည်းပြဆိုလ်းရှားနဲ့ သူ့အနာဂါတ်အတွက်ဆွေးနွေးသွားမယ်လို့ပဲတုံ့ပြန်ထားပါတယ်။

၃.အီဂါလို

ဝက်စ်ဖို့အသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အီဂါလိုဟာ ယူနိက်တက်ကိုအသဲစွဲရူးသွပ်ခဲ့သူဖြစ်ပေမယ့် သူ့ကိုခေါ်ယူမှုဟာလည်းအဆိုးဝါးဆုံးအဆင့်ထဲမှာပါဝင်ခဲ့ပါတယ်။
နံပါတ်၉ကိုဝတ်ဆင်တဲ့ အီဂါလိုဟာအတွေ့အကြုံကောင်းများစွာရှိပေမယ့် အရံခုံမှာသာအချိန်ကုန်နေခဲ့ရပြီးမန်ယူအသင်းရဲ့နောက်ဆုံးအကျီနဲ့ကစားချင်ပါတယ်ဆိုတဲ့အီဂါလိုဟာ အသင်းကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီလည်းဖြစ်ပါတယ်။

၄.အဲလက်စ်တဲ

ပေါတိုနောက်ခံလူအဲလက်စ်တဲကိုတော့ပြီးခဲ့တဲ့နွေမှာပဲခေါ်ယူခဲ့တာဖြစ်ပြီးပေါင်၁၅သန်းတန်ကစားသမားဟာလက်ရှိထိတော့ကောင်းမွန်တဲ့ခြေစွမ်းမပြနိုင်သေးလို့ဆိုးဝါးတဲ့ခေါ်ယူမှုထဲပါဝင်နေပါတယ်။
တဲစ်မှာသူ့အရည်အချင်းကိုပြဖို့အခွင့်အရေးတွေရခဲ့ပေမယ့် ဒီရာသီမှာတော့ကောင်းကောင်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့်ကစားသမားကတော့နောက်ရာသီမှာ ပေါတိုမှာဂိုးတွေသွင်းသလို ယူနိက်တက်ရဲ့ပထမဆုံးဂိုးကိုသွင်းချင်တယ်လို့ပြောကြားထားပါတယ်။

၅.ဂျိမ်း

Dan Jamesကတော့ ၂၀၁၉ခုနှစ်ကဆွန်ဆီးအသင်းက ပေါင်၁၅သန်းနဲ့ပြောင်းရွေ့လာတာဖြစ်ပါတယ်။ ဂျိမ်းဟာလည်းပဲ ယူနိက်တက်မှာရုန်းကန်နေရတာဖြစ်ပြီး အသင်းအတွက်၉ဂိုးနဲ့၈ကြိမ်ဖန်တီးမှုသာလုပ်နိုင်ခဲ့တာဖြစ်လို့သူ့ကိုလည်းဆိုးဝါးတဲ့ခေါ်ယူမှုထဲမှာထည့်ထားပါတယ်။

အကောင်းဆုံးခေါ်ယူမှု ၅ခု

၁.ဘရူနိုဖာနန်ဒက်

ဘရူနိုကတော့အားလုံးသိတဲ့အတိုင်းယူနိက်တက်ရဲ့အသက်သွေးကြောလိုဖြစ်ခဲ့ပါတယ်။ တစ်ကိုယ်ရေဆုတွေရရှိခဲ့သလို PFAစာရင်းမှာလည်းပါဝင်ခဲ့ပါတယ်။သရဲနီDNAရှိတဲ့ကစားသမားလို့ပြောလို့ရပြီး အကောင်းဆုံးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။

၂.မက်ဂွိုင်းယား

ယူနိက်တက်တို့ရဲ့အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ယူနိက်တက်အသင်းအတွက်အဓိကကျတဲ့ကစားသမားဖြစ်ပြီးတော့အကောင်းဆုံးခေါ်ယူမှု ၂ပဲဖြစ်ပါတယ်။ အားလုံးသိထားပြီးတဲ့အတိုင်းဂေါင်းကြီးမပါတဲ့ပွဲဟာနောက်တန်းမှာ အိတ်ပေါက်နဲ့ဖားကောက်ဖြစ်နေခဲ့တာပါ။ သူဟာဘရူနိုလိုပဲ နားချိန်မရတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ရပြီးလက်ရှိမှာတော့ အရွတ်ဒဏ်ရာရရှိထားပါတယ်။

၃.ကာဗာနီ.

ဂိုးသွင်းမုဆိုးကြီးကာဗာနီကတော့ ယူနိက်တက်တို့ခေါ်ယူမှုအတွက်အမြတ်ထွက်ခဲ့ပါတယ်။ အသင်းရဲ့အထောင်တိုက်စစ်မူးစစ်စစ်တစ်ယောက်ဖြစ်သလို ဒီရာသီမှာ ၃၉ပွဲကစားပြီး၁၇ဂိုးထိသွင်းယူပေးထားပါတယ်။ အသက်၃၄နှစ်ရှိပေမယ့် ယူနိက်တက်တို့ခေါ်ယူမှုကအကောင်းဆုံးထဲမှာတော့ပါခဲ့ပါတယ်။ အသက်ကြီးလို့ဆေးမြီတိုလို့ဝေဖန်မှုတွေရှိခဲ့ပေမယ့် ယူနိက်တက်ကနောက်ထပ်တစ်နှစ်စာချုပ်ထပ်ချုပ်ခဲ့ပါတယ်။

၄.ဝစ်ဘစ်ဆာကာ

နဗီးလ်အနားယူသွားပြီးတည်းက ညာနောက်ခံလူပြဿနာကယူနိက်တက်မှာအသံတော်တော်ကျယ်နေခဲ့တာပါ။ အဲ့ဒီနောက် ၂၀၁၉မှာ ခရစ်စတယ်ပဲလေ့ကနေ ပေါင်သန်း၅၀နနဲ့ ဝစ်ဘစ်ဆာကာရောက်လာပါတယ်။ သူရောက်လာခဲ့တဲ့တစ်လျောက်လုံးအကောင်းဆုံးကြိုးစားခဲ့တာကိုမြင်ရပြီးပရီးမီးယာလိဂ်မှာ၂အကောင်းဆုံးပုံစံကိုမြင်တွေ့ခဲ့ရပါတယ်။ တိုးတက်ဖို့လိုအပ်နေသေးတာတွေရှိနေသေးပြီး ၂၀၂၀ ၂၀၂၁ရာသီမှာသူက ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

၅.အာမက်ဒိုင်ယာလို

အာမက်ဒိုင်ယာလိုကတော့ခေါ်ယူမှုအကောင်းဆုံးအဆင့်သတ်မှတ်ချက် ၅ပါ။အသက်၁၈နှစ်ပဲရှိသေးတဲ့အတ္တလန်တာကြယ်ပွင့် အာမက်ဒိုင်ယာလိုကတော့ ယူနိက်တက်အတွက် ၈ပွဲကစားထားပြီးအတန်အသင့်ခြေစွမ်းပြထားနိုင်ပါတယ်။ ပြီးခဲ့တဲ့နွေကရောက်ခဲ့ပေမယ့် ဆိုလ်းရှားဆီက အဌားချဖို့မျှော်လင့်ခဲ့တဲ့ကလပ်တွေရှိခဲ့ပါတယ်။ အာမက်ကတော့ပယ်လစ်စထရီလိုအဌားချခြင်းမခံခဲ့ရပဲအသင်းကြီးမှာပါကစားခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးဂိုးကို ပြီးခဲ့တဲ့မတ်ကအေစီမီလန်နဲ့ ၁ ၁နဲ့သရေကျတဲ့ပွဲမှာရရှိခဲ့ပါတယ်။ အာမက်ကိုတော့ယူနိက်တက်ပရိတ်သတ်တွေကမျှော်လင့်ထားကြပြီးနောက်ရာသီမှာတော့အာမက်ဟာယူနိက်တက်အတွက်ခြေစွမ်းပြနိုင်မယ်လို့ယုံကြည်နေကြပါတယ်။ပရိတ်သတ်တွေရောဘယ်လိုထင်ပါသလဲ? ဒါဟာ နိုင်ငံခြားသတင်းဌာနစ်တခုကသတ်မှတ်ထားတဲ့ မှတ်တမ်းတစ်ခုသာဖြစ်လို့ လွတ်လွတ်လပ်လပ်ကွန်မန်မှာဆွေးနွေးနိုင်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.