တပည့်ဟောင်း ပေါ့ဘာနဲ့ ဇာတ်ပေါင်း ပြန်ထုတ်ချင်နေတဲ့ ဂျူဗင်နည်းပြသစ်အယ်လီဂရီ

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင်းတစ်ဦးဖြစ်သလို သူ့ကိုချစ်ခင်နှစ်သက်ကြတဲ့ပရိတ်သတ်တွေက ကွင်းလယ်ဗိုလ်ချုပ်လို့ချစ်စနိုးခေါ်တတ်ကြတဲ့ ပေါ့ဘာကိုတော့ သူ့ရဲ့ ဆရာဟောင်းဖြစ်သူ အယ်လီဂရီကပြန်လည်လက်တွဲဖို့ဆန္ဒရှိနေကြောင်းသိရပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြအသစ်ဖြစ်လာတဲ့ အယ်လီဂရီဟာ အသက်၂၈နှစ်အရွယ်ရှိတဲ့ ကွင်းလယ်ကစားသမားပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ အပြောင်းအရွေ့သတင်းတွေကဖော်ပြထားပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာယူနိက်တက်အသင်းကိုမရောက်ခင် ၂၀၁၂ခုနှစ်ကနေ၂၀၁၆ခုနှစ်အထိ ၄ရာသီကြာအောင် ဂျူဗင်တပ်စ်အသင်းမှာကစားခဲ့သူဖြစ်ပါတယ်။

အယ်လီဂရီကလည်း ဂျူဗင်တပ်စ်အသင်းကို ၂၀၁၄ခုနှစ်ကနေ၂၀၁၉ခုနှစ်အထိ ပထမအကြိမ်ကိုင်တွယ်ခဲ့ဖူးပြီး ပေါ့ဘာဟာ သူ့လက်အောက်မှာခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိမှာ ယူနိက်တက်နဲ့ စာချုပ်သစ်သက်တမ်းတိုးရေးဆွေးနွေးမှုအဆင်မပြေဖြစ်နေတဲ့ ပေါ့ဘာကို ပြန်လည်ခေါ်ယူရန်အတွက် ယူနိုက်တက်ထံကမ်းလှမ်းဖွယ်ရှိနေတယ်လို့ဆိုပါတယ်။

ပေါ့ဘာဟာယူနိက်တက်ကို ၂၀၁၆ခုနှစ်မှာရောက်ရှိလာတာဖြစ်ပြီးမန်ယူအသင်းနဲ့စာချုပ်ဟာ ၂၀၂၂ ဇွန်လ၃၀ရက်ထိရှိနေတာဖြစ်ပြီး ယူနိက်တက်အနေနဲ့သူ့ကိုစာချုပ်သစ်ဆက်လက်ချုပ်ဆိုနိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ ရာသီတုန်းကလည်း ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီ ဂျူဗင်တပ်စ်တို့နဲ့ သတင်းတွေထွက်ခဲ့ဖူးပြီး ဒီနှစ်ရာသီမှာတော့ အသင်းမှာဆက်နေမနေက မသေချာတဲ့အခြေအနေဖြစ်လာနေပါတယ်။

လောလောဆယ်မှာတော့ တစ်ရာသီလုံးမွေလာတဲ့အေးဂျင့်ရွိင်းအိုလာဟာ ပေါ့ဘာအတွက် ယူနိက်တက်ကနေ ပေါင်၅သိန်းတောင်းနေတာဖြစ်ပြီး ယူနိက်တက်ဘက်ကနေ အမြင့်ဆုံးကလပ်စံချိနန်တင်လစာ ၄သိန်းနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။

ဒါပေမယ့်နည်းပြဆိုလ်းရှားကတော့ ပေါ့ဘာကိုဆက်ထိန်းမထားနိုင်ဘူးဆိုရင် ပေါ့ဘာကိုရောင်းထုတ်သွားပြီး ကွင်းလယ်ကြယ်ပွင့်အသစ်တစ်ယောက်ယောက်ကိုခေါ်ယူသွားဖို့လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

လက်ရှိပစ်မှတ်တွေကတော့ ဒီကလန်ရိုက်နဲ့ ဂရေးလစ်တို့ဖြစ်နေပြီး တရားဝင်ကမ်းလှမ်းမှုတွေကတော့ မလုပ်ရသေးပါဘူး။ ဒီတော့ မန်ဖန်တွေရော ကွင်းလယ်ဗိုလ်ချုပ်ပေါ့ဘာကို အသင်းမှာဆက်ရှိနေစေချင်လား? သူ့ကိုရောင်းပြီးသူ့ထက်ကောင်းတာလိုချင်သေးလား? ဘယ်လိုသဘောရပါသလဲ?

ဒေးဗစ်ဘကျောိ

Leave a Comment

Your email address will not be published.