ပေါ်တူဂီ စပိန်ပွဲမှာ ဖာနန်ဒက်ကိုစိတ်ပျက်တဲ့အမူအရာပြခဲ့တဲ့ ဒိုလေး(ရုပ်သံ)

မနေ့ညကကန်ခဲ့တဲ့ စပိန်အသင်းနဲ့ပေါ်တူဂီအသင်းတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်ကတော့
ဂိုးမရှိသရေရလာဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ဆိုတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ
ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

ပွဲစကတည်းက ပေါ်တူဂီအသင်းဟာ စပိန်အသင်းဘက်ကို တိုက်စစ်မြင့်ကစားပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးဒိုလေးကို ဂိုးဖန်တီးပေးမယ့်သူ မရှိခဲ့တဲ့အတွက် ပေါတူဂီတို့ ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။

စပိန်အသင်းဘက်ကတော့ အသင်းခေါင်းဆောင် ဆာဂျီယိုပွဲထွက်ကစားခဲ့ပြီး ပေါ်တူဂီအသင်းကို ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ အပိုင်ဂိုးသွင်းဖို့ အခွင့်အရေး၄ကြိမ်လောက်ရရှိခဲ့ပါတယ်။

ဒါပေမယ့် စပိန်တိုက်စစ်က မိုရာတာရဲ့ ကန်တိုင်းလွဲ စကေးကြောင့် စပိန်အသင်းမှာလည်း ဂိုးမရရှိခဲ့ပဲ မိုရတာရဲ့ အပိုင်ကန်သွင်းခဲ့တဲ့တစ်လုံးဟာဆိုရင်လည်း ဘားတိုင်ထိပြီးပြန်ထွက်ခဲ့လို့ပေါ်တူဂီတို့သက်သာခဲ့ရတာပါ။

အဲ့ဒီနောက်ဒုတိယပိုင်း ၅၉မိနစ်ရောက်မှ ဖာနန်ဒက်ကို ပေါ်တူဂီနည်းပြဟာ လူစားလဲခဲ့ပြီး ကျောနံပါတ်၁၁ ဖာနန်ဒက်ဝင်ရောက်လာပြီးနောက်ပိုင်း ဖာနန်ဒက်ဟာ ဂိုးဖန်တီးမှု၂ကြိမ်ပြုလုပ်ခဲ့ပေးပါတယ်။

ဒါပေမယ့် ယူနိက်တက်ကြယ်ပွင့်ပေါတူဂီကစားသမားဖန်တီးပေးလိုက်တဲ့ တစ်လုံးကို ရိုနယ်ဒိုခေါင်းတိုက်ရာမှာ လွဲသွားခဲ့ပြီးနောက်တစ်လုံးမှာတော့ ရိုနယ်ဒိုဟာ ဂိုးရှေ့မှာတင်ပစ်လဲကျသွားတဲ့အထိ ဖာနန်ဒက်တင်ပေးလိုက်တဲ့ဘောလုံးဟာ အရှိန်များသွားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ဒိုလေးဟာ စိတ်ပျက်တဲ့အမူအရာလုပ်ပြခဲ့ပြီး နောက်ပိုင်းပွဲကစားချိန်တွေမှာ အနိုင်ဂိုးတစ်ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ဂိုးမရှိရလာဒ်နဲ့ပြီးဆုံးသွားတာဖြစ်ပါတယ်။

ဖာနန်ဒက် ဒိုလေးပါဝင်တဲ့ ပေါ်တူဂီအုပ်စုဟာပွဲကြပ်တွေကိုကစားရမှာဖြစ်ပြီးတော့သူတို့အုပ်စုFဟာ ဟန်ဂေရီ၊ ပြင်သစ်၊ ဂျာမနီတို့နဲ့အတူကျရောက်နေတာပါ။

အုပ်စုအားလုံး၆အုပ်စုရှိပြီး အုပ်စုပထမနဲ့ဒုတိယ၁၂သင်း၊ အကောင်းဆုံးတတိယ ၄သင်းတို့ဟာနောက်တစ်ဆင့်ကိုတက်လှမ်းရမှာဖြစ်ပါတယ်။

ပေါ်တူဂီကတော့ဇွန်လ၁၅ရက်နေ့မှာဟန်ဂေရီအသင်းနဲ့ဘူဒါပက်စ်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ခြေစွမ်းပွဲတွေအဖြစ် စပိန် အစ္စရေးအသင်းတွေနဲ့ ယှဉ်ပြိုင်ရတာလည်းဖြစ်ပါတယ်။

စပိန်နဲ့ပွဲမှာတော့ ယူနိက်တက်ကြယ်ပွင့်ဖာနန်ဒက်ကိုပေါ်တူဂီနည်းပြက ပွဲထွက်ခွင့်မပေးခဲ့ပဲ ဒုတိယပိုင်း မိနစ်၆၀လောက်ရောက်မှဘာကြောင့် လူစားလဲခဲ့ရလဲဆိုတာတော့မသိနိုင်ပါဘူး။ရုပ်သံကိုအောက်မှာကြည့်ရှူနိုင်ပါတယ်။…

Leave a Comment

Your email address will not be published.