ဘလွန်းဒီအောဆုကိုGOATကြီး၂ယောက်လုံးမရသင့်ဘူးဆိုပီးထိထိမိမိဝေဖန်လိုက်တဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ်ပေါ့ဘာကတော့ဘလွန်းဒီအောဆုကို ဘလွန်းဒီအောဆု၆ကြိမ်ရထားတဲ့ လီယွန်နယ်မက်ဆီနဲ့ဘလွန်းဒီအောဆု၅ကြိမ်ရထားတဲ့ရော်နယ်ဒိုတို့မရသင့်တော့ပဲချဲလ်ဆီးအသင်းကကန်တေသာရသင့်တယ်လို့ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းက ကြွက်ကလေးလို့ခေါ်တဲ့ ကန်တေဟာ ပေါ့ဘာလိုပဲ ပြင်သစ်နိုင်ငံသားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကချဲလ်ဆီးအသင်းကိုချန်ပီယံလိဂ်ဖလားရစေခဲ့တဲ အဓိကကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ မန်စီးတီးကွင်းလယ်ကိုအဓိက ထိန်းချုပ်ကစားသွားခဲ့တာဖြစ်ပေမယ့် ပြစ်ဒဏ်ဘောတစ်ကြိမ်မှ ကျူးလွန်ခဲ့ခြင်းမရှိတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

အဲ့ဒီပွဲမှာလည်း သူဟာပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့အပြင်ဆီးမီးဖိုင်နယ် ၂ကျော့လုံးမှာလည်းအကောင်းဆုံးကစားသမားဆုကိုရခဲ့သူလည်းဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ ၁၀စုနစ်တစ်စုကြာ ကမ္ဘာ့အကောင်းဆုံးကစားသမားကြီးတွေဖြစ်တဲ့ မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအောဆုကို သိမ်းပိုက်ထားကြရာကနေ ဒီ၂၀၂၁နှစ်မှာတော့ ဘလွန်းဒီအောဆုကို ချဲလိဆီးက ကန်တေရဖို့ထိုက်တန်တယ်ဆိုပြီး ပေါ့ဘာကယုံကြည်နေပါတယ်။

၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယူနိက်တက်ကွင်းလယ်လူပေါ့ဘာက ရိုနယ်ဒိုနဲ့မက်ဆီဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တောင်မရောက်နိုင်ခဲ့လို့ ဘလွန်းဒီအောဆုနဲ့မထိုက်တန်ဘူးလို့ပေါ့ဘာကသူ့အသင်းဖော်တွေကိပြောခဲ့ပါတယ်။

ဒါ့အပြင်ပေါ့ဘာက Euro France’s FC Team Podcastမှာ” ကမ္ဘာ့အကောင်းဆုံးဆုနဲ့ဘယ်သူထိုက်တန်တယ်ဆိုတာ ပြီးခဲ့လတည်းကကျွန်တော်ပြောချင်နေခဲ့တာပါ။အဲ့ဒါကတော့NGပါပဲ။

ကျွန်တော်တို့ သူ့စွမ်းဆောင်ရည်တွေနဲ့ပက်သက်ပြီး အများကြီးပြောဖြစ်ပါတယ်။ သူဟာအမြဲတမ်းအကောင်းဆုံးကစားသမားပါပဲ။ မက်ဆီနဲ့ရိုနယ်ဒိုဟာဆီမီးဖိုင်နယ်မှာမရှိခဲ့ပါဘူး။ကွင်းလယ်နဲ့နောက်တန်းထိNGဘယ်လောက်ထိကောင်းလဲဆိုတာ
မြင်ရင်အရမ်းကောင်းမှာပဲ။

“ဟိုးအရင်တည်းကကျွန်တော်ပြောတယ်။ ချဲလ်ဆီးသာနိုင်ခဲ့ရင်သူ့ကိုဘလွန်းဒီအောပေးဖို့ထိုက်တန်တယ်ဆိုတာကိုကျွန်တော်ပြောခဲ့ပါတယ်”

ချဲလ်ဆီးအသင်းရဲ့နိမ့်ချတတ်တဲ့ ကြွက်ကလေးကတော့
“ဘလွန်းဒီအောအကြောင်းလား? မစဉ်းစားနိုင်သေးပါဘူးဗျာ။ အခုတော့ချန်ပီယံလိဂ်ဖလားရဲ့အရသာကို ကောင်းကောင်းကြီးခံစားလိုက်ဦးမယ်။ ပြီးတော့ယူရိုပြိုင်ပွဲလည်းလာတော့မှာလေ။ Man Of The Matchက ကျွန်တော့်အတွက် ဒုတိယနေရာမှာပဲရှိတယ်။ အဓိကကျွန်တော်တို့အားလုံးအတူတူလုပ်ခဲ့တာပါ။”လို့ဆိုထားပါတယ်။

ရိုနယ်ဒိုနဲ့ဒိုလေးတို့ဆယ်စုနှစ်တစ်စုကြာလွမ်းမိုးထားတဲ့ဘလွန်းဒီအောဆုကို ၂၀၁၈ခုနှစ်မှာ ခရိုအေးရှားက လူကာမိုဒရစ်က ရရှိထားပြီး၂၀၁၉မှာမက်ဆီပြန်ရရှိခဲ့ပြီးဘလွန်းဒီအော၆ကြိမ်နဲ့ကမ္ဘာ့အများဆုံးဘလွန်းဒီအောဆုရှင်လည်းဖြစ်ပါတယ်။

၂၀၂၀မှာတော့ ဘလွန်းဒီအောဆုကို ပေးအပ်နိင်ခြင်းမရှိခဲ့ပဲ ၂၀၂၁မှာတော့ မက်ဆီ ရိုနယ်ဒို လီဝန်ဒေါ့စကီး ကန်တေတို့ဟာ ဘလွန်းဒီအောဆုရဖို့ ရေပန်းစားနေတဲ့သူများဖြစ်ကြပါတယ်။
မန်ဖန်တွေရောဘယ်သူရသင့်တယ်ထင်လဲ? ကွင်းလယ်လူကန်တေရသင့်တယ်ထင်ပါသလား?

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.