ကိန်းကိစ္စ ဆိုလ်းရှားနဲ့ဂွာဒီယိုလာကိုတော်ကီအလန်းစားနဲ့ မီးဝင်ထိုးတဲ့မော်ရင်ဟို

စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ ဒီနွေရာသီမှာ စပါးအသင်းကထွက်ခွာခွင့်တောင်းထားပြီး ကိန်းကို ချဲလ်ဆီး မန်စီးတီး နဲ့ ယူနိက်တက်တို့က ပစ်မှတ်ထားခေါ်ယူဖို့လုပ်နေကြပါတယ်။

ကိန်းရဲ့ အပြောင်းအရွေ့နဲ့ပက်သက်ပြီး နောက်ရာသီမှာ ရိုးမားအသင်းနည်းပြသစ်ဖြစ်လာတော့မယ့် မော်ရင်ဟိုက
မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာနဲ့ ယူနိက်တက်နည်းပြ အိုလေဂန်းနားဆိုလ်းရှားတို့ကို မက်ဆေ့တစ်စောင်ပို့ပေးခဲ့ပါတယ်။

ကိန်းဟာမန်ချက်စတာယူနိက်တက်နဲ့ မန်စီးတီးတို့အကြားကအပြောင်းအရွေ့စစ်ပွဲမှာတိတ်တိတ်လေး ဦးဆောင်နေတဲ့ ကစားသမားလို့မော်ရင်ဟိုက်ဖော်ကျူးလိုက်ပါတယ်။

ယူနိက်တက်ဟာ နောက်နှစ်နွေမှာ ဆေးမြီတိုတိုက်စစ်မှူးကာဗာနီတစ်ယောက်သာရှိပြီး အထောင်တိုက်စစ်မှူးစစ်စစ်ကိုတစ်ကယ်လိုအပ်နေတာဖြစ်ပြီးမန်စီးတီးကတော့ကိန်းကိုအင်အားဖြည့်ဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီနှစ်သင်းလုံးဟာ ကိန်းထွက်ခွာတော့မယ်အသံကြားတည်းကလိုချင်နေကြတာဖြစ်ပြီး လက်ရှိထိတော့ ဘာအသံမှထပ်မကြားရတော့ပဲ ချဲဆီလ်းက တူချယ်ကပါကိန်းကိုလိုချင်တဲ့အထဲပါလာတာပဲရှိပါသေးတယ်။

အသက်၂၇နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးဟာ ဒီရာသီမှာ ၂၃ဂိုးထိသွင်းထားပြီး ၁၄ဂိုးထိ ဖန်တီးမှုပြုလုပ်ထားနိုင်သူလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ကိန်းဟာ မော်ရင်ဟိုမထွက်ခွာခင်ထိ မော်ရင်ဟိုနဲ့အဆင်ပြေတဲ့ဆက်ဆံရေးရှိခဲ့ပြီး နည်းပြသစ်ရောက်လာပြီးနောက်မှ အသင်းကထွက်ခွာဖို့ပြောခဲ့တာဖြစ်ပါတယ်။

ရိုးမားနည်းပြအသစ်ဖြစ်လာမယ့် မော်ရင်ဟိုကတော့ အပြောင်းအရွေ့စစ်ပွဲတွေဖြစ်နေတဲ့ ဆိုလိးရှားနဲ့ပက်တို့ကိုကိန်းရဲ့ဦးဆောင်နိုင်စွမ်းအရည်အသွေးနဲ့ပက်သက်ပြီး ခုလိုတော်ကီအလန်းစားနဲ့မျှောလင့်ချက်မီးကိုထပ်ထိုးထည့်ပေးလိုက်ပါတယ်။

“ကိန်းက Leader…SilentLeader..သူဟာLeaderအစစ်ပဲ”လို့Timesကိုပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဆိုလိုတာက ကိန်းဟာ ဟိတ်ဟန်ကြီး စကားတွေနဲ့လေလုံးမထွားနေပဲ တခြားသူတွေ စံပြအတုယူရအောင်လက်တွေ့ကျကျဦးဆောင်နေတဲ့ကစားသမားဖြစ်တယ်လို့ဆိုလိုတာပါ။ ကိန်းဟာ သူကိုယ်တိုင်နဲ့တခြားသူတွေကို လက်ရှိထက်ပိုကောင်းအောင် တိတ်တဆိတ်မြင့်တင်ပေးနေတဲ့ ဦးဆောင်နိုင်တဲ့ခေါင်းဆောင်အစစ်ဖြစ်လို့ လက်မနှေးကြဖို့ပြောလိုဟန်ရှိပါတယ်။

မန်ဖန်တွေရောကိန်းဘယ်အသင်းရောက်မယ်လို့ထင်ပါသလဲ? ကိန်းကိုလိုချင်ကြလားသူ့ရဲ့ပေါင်သန်း၁၅၀ဈေးကတန်တယ်လို့ထင်ပါသလား?

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.