ဂရေးလစ်ကို မဝယ်နိုင်ပါဘူးလို့ အက်စတွန်ဗီလာ အခနဲ့ ခံလိုက်ရတဲ့ ယူနိက်တက်

အက်စတွန်ဗီလာကြယ်ပွင့် ဂရေးလစ်ဟာ လက်ရှိမှာ ယူရို၂၀၂၀အတွက် အင်္ဂလန်အသင်းမှာပါဝင်ကစားနေပြီး အဲ့ဒီပြိုင်ပွဲပြီးရင်ကြီးမားတဲ့ငွေကြေးနဲ့အသင်းအပြောင်းအရွေ့ရှိနေတာပါ။

လက်ရှိမှာတော့ မန်ချက်စတာယူနိက်တက်နဲ့မန်စီးတီးတို့ကို ဂရေးလစ်ကိုအပြိုင်ခေါ်ယူဖို့ကြိုးစားနေကြပါတယ်။

ဂရေးလစ်က ပြီးခဲ့တဲ့နှစ်က “သူ့နှလုံးသားထဲကအသဲဟာ ယူနိက်တက်လို့”ပြောကြားခဲ့ပေမယ့် ဒီနှစ်မှာတော့ မန်စီးတီးမှာသွားကစားချင်ပါတယ်လို့ပြောကြားထားပါတယ်။

အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်းGabby Agbonlahor ကတော့ ဂရေးလစ်ဟာ ဒီနှစ်နွေမှာ အသင်းမှာပဲဆက်ရှိနေလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောကြားလိုက်ပြီး ယူနိက်တက်တို့ကတော့ ဂရေးလစ်ကို ကာလရှည်ပစ်မှတ်ဖြစ်တာကြောင့် ခေါ်ယူဖို့ကြိုးစားနေခဲ့တာပဲဖြစ်ပါတယ်။

Gabby Agbonlahor ဟာ အက်စတွန်ဗီလာအသင်းရဲ့ ဝါရင့်ကစားသမားဟောင်းကြီးဖြစ်ပြီး အသက်၂၅နှစ်အရွယ်ရှိတဲ့ ဂရေးလစ်နဲ့ပက်သက်ပြီးတော့ ဂရေးလစ်ဟာ မကြာခင်တန်ဖိုးဒီထက်ပိုကြီးလာလိမ့်ဦးမယ်လို့လည်းဆိုပါတယ်”

“ယူနိုက်တက်နဲ့မန်စီးတီးဟာ ဘယ်သူက တန်ဖိုးကြီးဂရေးလစ်ဈေးကိုတတ်နိုင်မလဲ?အက်စတွန်ဗီလာက အနဲဆုံးပေါင်သန်း၁၀၀ခေါ်မှာပါ။သူတို့ကပေးချင်မှာမဟုတ်ပါဘူး”လို့ Gabby Agbonlahorကဆိုပါတယ်။

အင်္ဂလန်ရဲ့သမိုင်းဝင်ကျောနံပါတ်၇အသစ် ဖြစ်တဲ့ အက်စတွန်ဗီလာကွင်းလယ်ကစားသမား ဂရေးလစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာရှိခဲ့ပေမယ့် သူမြက်ခင်းတွေပေါ်မှာ ပြန်လာချိန်မှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသထားပြီး ၆ဂိုးသွင်း ၁၂ဂိုးဖန်တီးထားပါတယ်။

“မန်စီးတီးကရော ဂရေးလစ်ကိုလိုတယ်ထင်လို့လား။ တကယ်တော့မလိုဘူး။ သူတို့မှာ ဖိုဒန် ဒီဘရိုင်း ဂန်ဒိုဂန်တို့ရှိပြီးသားလေ။သူတို့ကတိုက်စစ်မှူးကောင်းကောင်းပဲလိုမှာ။ ဂရေးလစ်ကိုဝယ်မယ်မထင်ဘူး”လို့Gabby Agbonlahorကဆက်လက်ပြောပါတယ်။

ဂရေးလစ်ဈေးဟာ စပါးတိုက်စစ်မှူးကိန်းနဲ့သိပ်ကွာမနေပဲယူနိက်တက်ဝယ်မယ်ဆိုမှာ ထိုးတက်နေတာဖြစ်တဲ့အတွက်
ယူနိက်တက်ဘက်က လက်ရှိမှာတော့ အခြေအနေကိုစောင့်ကြည့်နေဆဲပဲဖြစ်ပါတယ်။

မန်စီးတီးနဲ့ ယူနိက်တက်တို့ဟာ ဂရေးလစ်ကိုလိုချင်တဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲက ၂သင်းဖြစ်ပြီးတော့ ယူရိုသန်း၁၃၀တန်တဲ့ကစားသမားကိုဝယ်ယူနိုင်ဖို့ဆိုတာဖြစ်နိုင်မယ်လို့ ပရိတ်သတ်တွေကရောထင်ပါသလား?

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.