လက်မနှေးပဲ မြန်မြန်ခေါ်ပါတော့လို့ ပေါ်လ်စခိုး တိုက်တွန်းလိုက်တဲ့ ကစားသမား ၃ယောက်

မန်ချက်စတာယူနိက်တာအသင်းအနေနဲ့ နောက်ရာသီမှာ ချန်ပီယံဖလားကိုစိန်ခေါနိင်ဖို့ဆိုရင် ဒီနှစ်နွေရာသီ အပြောင်း အရွှေ့ဈေးကွက်မှာ မဖြစ်မနေ ခေါရမယ့် ကစားသမား ၃ဦးကို ပေါ်စခိုးကအကြံပေးတိုက်တွန်းလိုကိပါတယ်

ယူနိက်တက်တို့ဟာ အထောင်တိုက်စစ်မှူးဟာ ကာဗာနီပဲရှိလို့ အထောင်တိုက်စစ်မူးလိုချင်နေပေမယ့် ပေါ်လ်စခိုးကတော့ အဲ့ဒီလိုမမြင်ပဲ ယူနိက်တက်ဟာ ကွင်းလယ်နဲ့နောက်တန်းကို ပိုအားဖြည့်သင့်ပြီးတော့ နောက်ရာသီမှသာအထောင်တိုက်စစ်မှူးကိုလိုတယ်လို့ပြောထားပါတယ်။

ဒါပေမယ့် ယူနိက်တက် ဂန္တဝင်ဟောင်းပေါ်စခိုးက” ယူနိုက်တက်တို့အတွက် လက်ရှိ အဓိကစိန်ခေါမှုဟာ တိုက်စစ်မှူးလိုအပ်ချက်ထက် ကွင်းလယ်နဲ့နောက်တန်းပါ။ ဒါတွေဟာနှေးကွေးနေရမယ့်အရာတွေမဟုတ်ပါဘူး။

ကွင်းလယ်မှာဂရေးလစ် ကိုရအောင်ခေါ်သင့်ပါတယ်။ တောင်ပံကစားသမားမလိုအပ်ပေမယ့် လက်ရှိယူနိက်တက်ကချိတ်ဆက်နေတဲ့ ဆန်ချိုကိုလည်းကျွန်တော်ထောက်ခံပါတယ်။ နောက်တန်းမှာတော့ မက်ဂွိုင်းယားနဲ့တွဲဖက် ကစားနိင်မယိ့သူလိုပါတယ်။ ကျွန်တော့အနေနဲ့တော့ PSGကMarquinhosကိုခေါ်ယူစေချင်ပါတယ်။ ”လို့စခိုးကဆိုပါတယ်

စခိုးပြောသလို ဂရေးလစ်နဲ့ဆန်ချို နဲ့ပက်သက်ပြီး ယူနိက်တက်ဘက်က ချိတ်ဆက်မှုတွေတော့ရှိနေပီး ဆန်ချိုနဲ့က ပိုနီးစပ်မှုရှိနေပါတယ် ။ ဆန်ချိုကတော့ ယူနိက်တက်တို့ အပိုင်လို့တောင်ပြောလို့ရပါတယ်။

Marquinhosကတော့ ဘရားဇီးသားဖြစ်ပြီး ဗဟိုခံစစ် နဲ့ ကွင်းလယ်အဖျက်နေရာတွေမှာပါ ကစားအားတော်တော်ကောင်းတဲ့သူဖြစ်ပါတယ်

သူ့ကိုခေါ်ယူနိင်မယ်ဆိုရင်တော့ ပါးလိုင်းပေါက်နောက်တန်းကြီးအတွက် အတိုင်းအတာတစ်ခုထိတော့ ခိုင်မာကောင်းမွန်အောင်ပြင်ဆင်ပီးသားဖြစ်သွားနိင်ပါတယ်

လက်ရှိမှာယူနိက်တက်တို့ကတော့ ရီးရဲလ်က ဗားရန်းကို ၅နှစ်သက်တမ်းနဲ့ကမ်းလှမ်းထားပြီးဘာတုံ့ပြန်မှုမှတော့မရှိထားပါဘူး၊ ပေါ်စခိုးပြောတဲ့ ဂရေးလစ်ကလည်းယူရိုသန်း၁၃၀တောင်ဈေးတင်ထားလို့ ယူနိက်တက်တို့ ဘယ်လိုစီစဉ်မယ်ဆိုတာမသိသေးပါဘူး။

ပြီးခဲ့တဲ့အပတ်တွေထဲနာမည်ကြီးနေခဲ့တဲ့ ဒိုလေး ဟယ်ရီကိန်းတို့ဆိုရင်လည်း မျှော်လင့်ထားပေမယ့် ထုံးစံအတိုင်းဖြစ်သွားမှာစိုးရိမ်ရပါတယ်။ မန်ချက်စတာညနေခင်းကတော့ ဒီနှစ်မှာ ကာဗာနီကိုအထောင်တိုက်စစ်ကနေ ဆေးမြီးတိုသုံးပြီး ၂၀၂၂ထဲမှာ ဟာလန်းကို မဖြစ်မနေခေါ်သင့်တယ်လို့အကြံပေးထားပါတယ်။ မန်ဖန်တွေရောဘယ်လိုထင်လဲ???

David Ba Kyaw

Leave a Comment

Your email address will not be published.