သူ့ခြေရာကိုနင်းပြီး နည်းပြဖြစ်လာနိုင်တဲ့ ယူနိက်တက်ဂန္တဝင်ဟောင်းကို ထုတ်ပြောခဲ့တဲ့ ဖာဂူဆန်

မန်ချက်စတာယူနိက်တက်အသင်းကို ၂၆နှစ်ကိုင်တွယ်ပြီး အသင်းကို သံယောဇဉ်ကြီးတဲ့ နည်းပြကြီးဆာအဲလက်ဖာဂူဆန်ကတော့ ယူနိက်တက်နည်းပြကိစ္စနဲ့ပက်သက်ပြီးပြောကြားလာပါတယ်။

လက်ရှိမှာယူနိက်တက်နည်းပြဟာ သူ့တပည့်ဆိုလ်းရှားပဲဖြစ်ပေမယ့် ဖာဂူဆန်ပြောခဲ့တာကတော့ ဆိုလ်းရှားမဟုတ်ပဲ တစ်ခြားဂန္တဝင်ကစားသမားဟောင်းတစ်ယောက်ကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် ဂန္တဝင် ကစားသမား တွေ ဖြစ်ကြတဲ့ ကိန်း၊ တီဗက် ၊ ဖာဒီနန်နှင့် ရှမိုက်ကယ်တို့မှာ ကြီးကျယ်တဲ့ ကစားသမားများဖြစ်ကြောင်း နည်းပြကြီးဖာဂူဆန်ကပြောဆိုခဲ့ပြီး ဂန္တဝင်ကစားသမားဟောင်းရွိင်ယန်ဂစ်ကိုတော့ သူ့ခြေရာကိုနင်းနိင်လိမ့်မယ်လို့မျှောလင့်မိခဲ့ကြောင်းခုလိုဖွင့်ဟခဲ့ပါတယ်။

“ဂစ် သည် နည်းပြ ကောင်း ဖြစ်လာနိုင်ပါတယ်။ သူ့မှာ အတွေ့အကြုံနဲ့ ဉာဏ်ပညာပြည့်စုံတယ်။

အသက် 40 လောက်အထိ ဘောလုံးဆက်မကစားဘဲ 35 နှစ်လောက်မှာ အနားယူခဲ့မယ်ဆိုရင် ကျွန်တော့် ယူနိက်တက် နည်းပြ ဘဝ နောက်ဆုံး 5 နစ်မှာ လက်ထောက်တစ်ယောက် ဖြစ်လာမှာ သေချာတယ်”ဟု ဖာဂူဆန်က ပြောဆိုခဲ့ပါတယ်။

ဖာဂူဆန်ကသူရဲ့ ခြေရာကိုနင်းပြီး ယူနိက်တက် အသင်းရဲ့ နည်းပြ ဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့တဲ့ဂစ်ဟာ 2014 မှာ ယူနိုက်တက် ယာယီ နည်းပြ လုပ်ခဲ့ပြီး အသက် 47 နှစ်အရွယ်ရှိ ဂစ်ဟာ လက်ရှိမှာဝေး နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

ဂစ်သာတစ်ကယ်လို့ နည်းပြကြီးဖာဂူဆန်လက်ထောက်အဖြစ် ဆောင်ရွက်ခွင့်ရခဲ့ရင် ယူနိက်တက်မှာလည်း အခုချိန် ဘယ်လိုအနိမ့်အမြင့်အတက်အကျတွေကြုံနေမလဲဆိုတာ ဘယ်သူမှပြောနိုင်မယ်မထင်ပါဘူး။ လက်ရှိမှာတော့ နည်းပြဆိုလ်းရှားဦးဆောင်မှုနောက်မှာ ယူနိက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိတော့ရောက်ခဲ့ပြီဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.