(ရုပ်/သံ)နိုင်ငံအသင်းအတွက်နောက်ဆုံးမိနစ်မှလှလှပပဖရီးကစ်ကဂိုးသွင်းပြခဲ့တဲ့အာမက်

အတ္တလန်တာအသင်းကနေပေါင်၃၇သန်းနဲ့ပြီးခဲ့တဲ့နွေကရောက်လာခဲ့တဲ့အသက်၁၈နှစ်အရွယ်အာမက်ဒိုင်ယာလိုလေးကတော့ဒီတစ်ခါမှာလည်းခြေစွမ်းတွေ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြလာခဲ့ပြန်ပြီဖြစ်ပါတယ်။

အာမက်ဟာ ယူနိက်တက်အသင်းကို ဇန်နဝါရီလမှ တရားဝင်ရောက်လာခဲ့တာဖြစ်ပြီး လျင်မြန်စွာနဲ့ပဲ သူကတိပေးခဲ့တဲ့အတိုင်း သူ့ရဲ့ အကောင်းဆုံးစွမ်းရည်တွေကိုပြသနေတာလည်းဖြစ်ပါတယ်။

ကလပ်ကိုရောက်ရောက်ပြီး လီဗာပူးနဲ့ရင်ဆိုင်ရတဲ့ U23ပွဲ အေစီမီလန်နဲ့ပွဲတွေမှာလည်း သူ့ခြေစွမ်းကိုပြသနိုင်ခဲ့လို့ အသင်းကြီးမှာ ခေါ်ယူခြင်းခံခဲ့ရတာပါ။

အာမက်ဟာ ၂၀၂၀ ၂၀၂၁ရာသီမှာ ယူနိက်တက်အတွက် ၈ကြိမ်ကစားခဲ့ သူ့ရဲ့ပထမဆုံးဂိုးကိုတော့ အေစီမီလန်အသင်းဘက်ကို သွင်းယူခဲ့ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်တွေကိုတွေ့ရတဲ့အခါ သူ့နိုင်ငံအသင်းဖြစ်တဲ့ Ivory
Coastအသင်းကနေခေါ်ယူခဲ့ပြီး မတ်လမှာပွဲဦးထွက်မှာကစားခဲ့ပါတယ်။

အဲ့ဒီနောက်သူ့နိုင်ငံအတွက် ဒုတိယပွဲအနေနဲ့ စနေနေ့ညနေပိုင်းမှာကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ဘာကီနာဖာဆိုနဲ့ပွဲစဉ်မှာတော့ ဖရီးကစ်ကတစ်ဆင့် အာမက်ဟာ ဂိုးသွင်းယူခဲ့ပါတယ်။

အဲ့ဒီပွဲမှာ အာမက်ဟာ ပွဲချိန် ၆၃မိနစ်မှသာ လူစားဝင်လာတာဖြစ်ပြီး ၁ဂိုးဇီးရိုးဖြစ်နေချိန်ပါ

အာမက်ဟာပွဲချိန်၉၀+၇မိနစ်နောက်ဆုံးမိနစ်မှာတော့ နိုင်ငံအသင်းအတွက် ပြစ်ဒဏ်ဘောကတစ်ဆင့် နိုင်ငံအသင်းအတွက် ပထမဆုံး အနိုင်ဂိုးကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်

အာမက်ဟာ အဲ့ဒီပွဲမှာ အမှားလုပ်ခဲ့တာမျိုးမရှိပဲ သူ့ရဲ့ကျွမ်းကျင်တဲ့စကေးတွေကိုသာပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အိုလေကတော့အာမက်နဲ့ပက်သက်ပြီးခုလိုမှတ်ခက်ပေးထားပါတယ်။

“သူကငယ်သေးပေမယ့်အရမ်းကောင်းပါတယ်။ သူ့ကစားပုံကနှစ်လိုဖွယ်ကောင်းပါတယ်။ သူကအလုပ်ကြိုးစားတယ်။ သူ့အနေနဲ့နိုင်ငံသစ်တစ်ခုမှာဘာသာစကားအသစ်တစ်ခုနဲ့နေနိုင်ဖို့ကြိုးစားသင့်တယ်။

သူခုထိအင်္ဂလိပ်လို‌ကောင်းကောင်းမပြောတတ်သေးပဲ တိုးတက်ဖို့လိုနေသေးတယ်။ ဒါပေမယ့်သူလေ့လာနေပါပြီ။ ကျွန်တော်ယုံကြည်ပါတယ်။ သူကစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကောင်းမွန်ပီးသားဖြစ်လို့မကြာခင်ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်မယ်ဆိုတာပေါ့”ဗီဒီယိုအောက်မှာဖော်ပြပေးထားပါတယ်နော်.Amad VS Burkina

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.