ချီဝဲလ်ထက်ကောင်းတဲ့ ယူနိက်တက်ကြယ်ပွင့်ကို မထည့်လို့ ဆောက်ဂိတ်ကို ဝေဖန်တဲ့ ရွိင်ကိန်း

မန်ချက်စတာယူနိက်တက်အသင်းမှာ ထူးချွန်တဲ့ကစားသမားဖြစ်သလိုပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းကောင်းတွေပြခဲ့တဲ့ ကစားသမားကို ယူရို၂၀၂၀ပထမပွဲမှာတည်းက မသုံးခဲ့လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်ကို ယူနိက်တက်ဂန္တဝင်ကစားသမားဟောင်း ရွိင်ကိန်းကဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နေ့က အင်္ဂလန်နဲ့ရိုမေးနီးယားပွဲမှာ စတင်ပွဲထွက်ကစားခဲ့တဲ့ လုရှောနဲ့ပက်သက်ပြီး ရွိင်ကိန်းက ဆောက်ဂိတ်ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်.

အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ဒီနှစ် ယူရိုမှာ လူစာရင်းကိစ္စနဲ့ပက်သက်ပြီး ယူနိက်တက်ကစားသမားဟောင်းကြီးတွေရဲ့ဝေဖန်မှုတွေကိုခံနေခဲ့ရပါတယ်။

တစ်နေ့ကမှ ကြံခိုင်မှုမပြည့်ဝသေးတဲ့ မက်ဂွိုင်းယားကိုထည့်ခဲ့လို့ ဖာဒီနန်က ဆောက်ဂိတ်ကိုဝေဖန်ခဲ့ပါသေးတယ်။

လုရှောနဲ့ပက်သက်ပြီး ရွိင်ကိန်းကတော့ အင်္ဂလန်ရဲ့ ပထမဦးစားပေးရွေးချယ်မှုမှာ ယူနိက်တက်မှာ အကောင်းဆုံးစွမ်းဆောင်ထားတဲ့ လုရှောကိုချီဝဲလ်ထက်ဦးစားပေးသင့်တယ်လို့ရွိင်ကိန်းကယုံကြည်နေတာပါ။

ရှောဟာပြီးခဲ့တဲ့ရာသီက ယူနိက်တက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသထားပြီး ယူရို၂၀၂၀ပြိုင်ပွဲမှာတော့ တစ်နေ့က ရိုမေးနီးယားနဲ့ပွဲမှာ အင်္ဂလန်က ၁ဂိုး ဇီးရိုးနဲ့နိုင်ခဲ့တဲ့ပွဲကမှ ပထမဆုံးပါဝင်လာတာပါ။

“ပထမဆုံးပွဲမှာတည်းက ရှောကိုရွေးကိုရွေးချယ်သင့်တယ်”လို့သရဲနီတပ်သားဟောင်းကြီးကITV Newsကိုဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့ရာသီမှာရှောဘယ်လိုထူးချွန်ခဲ့လဲအားလုံးသိတာပဲ။ သူ့ရဲ့အကောင်းဆုံးပုံစံတွေကိုပြသထားတယ်လေ။သူ့ထက်ကောင်းတဲ့Defenseမရှိတော့ဘူး”လို့သူကဆက်လက်ပြောလိုက်ပါတယ်။

တစ်ချို့သောအားကစားပရိတ်သတ်တွေကတော့ ရှောနဲ့တခြားနောက်ခံကစားသမားတွေနဲ့ပက်သက်ပြီးငြင်းဖွယ်ကောင်းငြင်းဖွယ်မယ်လို့သူထင်ပေမယ့် ရှောကချီဝဲလ်ထက်သာတယ်လို့ ရွိင်ကိန်းကခံစားခဲ့ရလို့ ခုလိုပြောခဲ့တာဖြစ်ပါတယ်။

ရှောဟာယူနိက်တက်အသင်းအတွက် အသင်းသားတွေရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ဒီနှစ်မှာရရှိထားပါတယ်
ရွိင်ကိန်းပြောသလိုပဲရိုမေးနီးယားနဲ့ပွဲမှာချီဝဲလ်ထက်သာအောင်ရှောကစွမ်းဆောင်ပြထားပါတယ်။

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦး လူစာရင်းကို ကြေညာ ခဲ့ပြီး ပရိသတ်တွေနဲ့ ဘောလုံးကစားသမားဟောင်းကြီးတွေကြားထဲ တော်တော်လေးပြောစရာ ဝေဖန်စရာတွေဖြစ်နေခဲ့ရပါတယ်.

ဆောက်ဂိတ် ဟာ ဝေါလ်ကာ ၊ အာနိုး ၊ ထရစ်ပီယာ ၊ ရစ်ဆီဂျိမ်းစ် စတဲ့ ညာနောက်ခံလူ လေးဦးကို ရွေးချယ်ခဲ့ပြီး ဒီရာသီမှာ ခြေစွမ်းပြ ခဲ့ကြတဲ့ ဝက်ဒ်ပရောက်စ် ၊ လင်ဂတ် ၊ ဝက်ကင်းစ် ၊ ဘန်ဝှိုက် ၊ ဂေါ့ဖရေးစတဲ့ ကစားသမားတွေကို လူစာရင်း ကနေ ချန်လှပ် ခဲ့ပါတယ် ။

အခုဆိုရင် လီဗာပူးနောက်ခံလူအာနိုးကိုပထမပွဲမှာထည့်ကစားတာဟာ ဒဏ်ရာရသွားလို့အာနိုးလည်းနှုတ်ထွက်သွားပြီဖြစ်ပါတယ်။

ယူနိက်တက်ကဂရင်းဝုဒ်ကတော့ ဒဏ်ရာ ပြဿနာကြောင့် အသင်းလူစာရင်းကနေ နှုတ်ထွက် သွားခဲ့ပြီး လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် ယူနိက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားတို့အတွက်လည်းဆောက်ဂိတ်ခေါင်းကိုက်နေရတဲ့အချိန်ဖြစ်နေပါပြီ.ဒါတွေကဆောက်ဂိတ်ရဲ့ရွေးချယ်မှုတွေပဲဖြစ်လို့ ဝေဖန်မှုတွေကို သူဘယ်လိုသက်သေပြပြီးချေဖျက်ပြမလဲဆိုတာပဲစောင့်ကြည့်ရတော့မှာဖစ်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.