ယူနိက်တက်က ပင်ကိုယ်ပါရမီရှင်ကြယ်ပွင့်ကို လှမ်းပီးချီးကျူးခဲ့တဲ့ ဒရော့ဘာ

တစ်ချိန်က အောင်မြင်ကျော်ကြားမှုတွေနဲ့ ပြည့်နေခဲ့တဲ့ မန်ချက်စတာယူနိက်တက်ရဲ့ ခါးသီးပြိင်ဖက်ဖြစ်တဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာကတော့ ယူနိက်တက်က ပင်ကိုယ်ပါရမီရှင်ကစားသမားနဲ့ပက်သက်ပြီးချီးကျူးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

ဒရော့ဘာချီးကျူးခဲ့တဲ့သူက တစ်ခြားသူတော့မဟုတ်ပါဘူး။ အသက်၁၈နှစ်ပဲရှိသေးတဲ့ မန်ချက်စတာယူနိက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး အာမက်ဒိုင်ယာလိုပဲဖြစ်ပါတယ်။

မိခင်နိုင်ငံအသင်းအတွက် မိနစ် ၆၀ကျော်မှလူစားလဲဝင်လာပြီး ခြေစွမ်းတွေပြခဲ့တဲ့အပြင် နောက်ဆုံးမိနစ် ၉၇မိနစ်ရောက်မှ ဖရီးကစ်ကတစ်ဆင့်အနိုင်ဂိုးသွင်းခဲ့တဲ့ အာမက်ဒိုင်ယာလိုဟာ ဒရော့ဘာဆီက ချီးကျူးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။

တိုက်စစ်မှူးဒရော့ဘာက” ဒါအစပဲရှိသေးတယ်။ ဘုရားသခင်ကသားကိုဂုဏ်ပြုပြီးလမ်းပြပါလိမ့်မယ်”လို့ အာမက်ရဲ့ဆိုရှယ်မီဒီယာမှာတင်ထားတဲ့” ဒါကျွန်တော့်ရဲ့ပထမဆုံးဂိုးပါပဲ”ဆိုတဲ့ပိုစ့်အောက်မှာ ဒရော့ဘာကဝင်ရေးထား’တာပါ။

ဒရော့ဘာလိုပဲ ယူနိက်တက်က ပေါ်တူဂီနိုင်ငံသား ဖာနန်ဒက်ကလည်းမှတ်ချက်တစ်ခုဝင်ရေးခဲ့ပြီး အာမက်က ဖာနန်ဒက်ရဲ့ဖရီးကစ်နဲ့ပက်သက်ပြီးလမ်းညွန်ပေးမှုကို‌ကျေးဇူးတင်နေပါတယ်။

ဒရော့ဘာရဲ့မှတ်ချက်ကိုသာမန်ကြည့်ရင်ဘာမှမဟုတ်ပေမယ့်Ivorianနိုင်ငံသားဖြစ်တဲ့ ဒရော့ဘာဟာ အာမက်ဒိုင်ယာလိုရဲ့ပင်ကိုယ်Talentကို ဘယ်လောက်ထိ စိတ်လှုပ်ရှားနေတယ်ဆိုတာသိသာပါတယ်။

အာမက်ဘာတွေလုပ်ပြဦးမလဲဆိုတာကို ဘောလုံးပရိတ်သတ်တွေကလည်းစိတ်ဝင်စားနေကြပါတယ်။

Ivory Coastအသင်းရဲ့ တစ်ချိန်က အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဒရော့ဘာဟာ ဘောလုံးပါရမီပါလာတဲ့ အာမက်ဒိုင်ယာလိုကို အသင်းအတွက် တော်တော်အားထားထားပုံရပါတယ်။

Ivory Coastအသင်းအတွက် ဖရီးကစ်ကတစ်ဆင့်ဂိုးသွင်းပီး နိုင်ငံအသင်းကို ကယ်တင်ခဲ့တဲ့ အာမက်ဟာ သူဘာတွေလုပ်နိုင်လဲဆိုတာ ယူနိက်တက်ကိုပြသလိုက်ပြီးသားလည်းဖြစ်နေမှာပါ။

ဒီကစားပွဲဟာ သူ့ရဲ့ နိုင်ငံတကာ ဒုတိယ ကစားပွဲဖြစ်ပါတယ်။ ပထမကစားပွဲမှာ အာမက်ဟာ အရံခုံမှာ သာအချိန်ကုန်ခဲ့ရပြီး သူ့စွမ်းဆောင်ရည်တွေကို ထုတ်မပြခဲ့ရပါဘူး။

ခုတော့ အာမက်တစ်ယောက်နိုင်ငံအသင်းအတွက်သာမက ယူနိက်တက်အတွက်ပါမျှော်လင့်ချက်အသစ်တွေကိုယူဆောင်လာနိုင်ပြီဖြစ်ပါတယ်။ နောက်ရာသီမှာအာမက်တစ်ယောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ နည်းပြဆိုလ်းရှားကိုင်တွယ်မှုကိုပဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.