စိတ်ပျက်စရာတွေကြုံရပေမယ့်မိုက်ကယ်ဂျက်ဆင်ရဲ့ကမ္ဘာကျော်”Billie Jean”သီချင်းနဲ့ က ပြခဲ့တဲ့ စူပါလင်းဂက်(ရုပ်/သံ)

မန်ချက်စတာယူနိက်တက်အသင်းက တစ်ချိန်က ကျော်ကြားမှုတွေနဲ့တောက်ပခဲ့တဲ့ စူပါလင်းဂက်ကြီးဟာစိတ်ပျက်စရာအဖြစ်တွေ အခြေအနေတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် မိုက်ကယ်ဂျက်ဆင်ရဲ့ ကမ္ဘာကျော် “Billie Jean”သီချင်းနဲ့သူ့အသင်းဖော်တွေ ကပြခဲ့ကြောင်း သိရပါတယ်

လော့ဒ်လင်းဂက်ကြီးအဲ့ဒီလိုကပြတဲ့အကြောင်းကို မိုက်ကယ်ဂျက်ဆင်ရဲ့ တရားဝင် Official အင်စတာဂရမ် စာမျက်နှာမှာဖော်ပြထားတာဖြစ်ပြီးအဲ့ဒီလိုကခဲ့တာဟာ Albaniaနဲ့ပွဲမတိုင်ခင်မှာကပြခဲ့တာဖြစ်ကြောင်းသိရပါတယ်။

လင်းဂက်ဟာလက်ရှိမှာ အင်္ဂလန်အသင်းရဲ့ လူစာရင်းက ချန်လှပ်ထားခြင်းခံခဲ့ရသလို မန်ချက်စတာယူနိက်တက်အသင်းမှာဆက်နေဖို့ကလည်း မရေရာတဲ့အခြေအနေဖြစ်နေတာပါ။

ဒါပေမယ့် လက်ရှိမှာ လင်းဂက်ဟာ အင်္ဂလန်ရဲ့ခြေစွမ်းပွဲတွေမှာကစားနေပြီး ပျော်ပျော်ရွှင်ရွင်ရှိနေဆဲပဲဖြစ်ပါတယ်။

မိုက်ကယ်ဂျက်ဆင် အကနဲ့လင်းဂက်ကတာဒီတစ်ခါပထမဆုံးတော့မဟုတ်ပေမယ့်
အခုကတဲ့ ရုပ်သံကလစ်ကိုတော့ ဒီနှစ်အစောပိုင်း ဝက်စ်ဟမ်းနဲ့တော့တင်ဟမ်စပါးတို့ရင်မဆိုင်ခင်မှာ ပေါ့ဘုရင်က Approvalပေးခဲ့တာပါ။

လင်းဂက်ဟာ အင်္ဂလန်အသင်းလူစာရင်းကချန်လှပ်ခံရပြီး ယူနိက်တက်နဲ့အဆင်မပြေဖြစ်နေပေမယ့် သူဟာ ခက်ခဲတဲ့အချိန်တွေ သူကျရှုံးပြီးစိတ်ညစ်တဲ့အချိန်တွေမှာ ကလေ့ရှိတယ်လို့သိရပါတယ်

လင်းဂက်ကတတ်တာကို သိပ်အံဩမသွားပါနဲ့။ သူ့အကိုဖြစ်တဲ့Louie Scottဆိုတာ အကသင်တန်းဆရာဖြစ်နေလို့လင်းဂက်ကို အကတော်တော်များများကို ပိုင်ပိုင်နိုင်နိုင်ကနိုင်တဲ့သူပါ။

မိုက်ကယ်ဂျက်ဆင်ကတော့ လင်းဂက် ငယ်ငယ်တည်းက လေးစားအားကျ ရူးသွပ်ရတဲ့ ပေါ့ဘုရင် အကဘုရင်ဖြစ်တာကြောင့် သူဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း မိုက်ကယ်ဂျက်ဆင်စတိုင်နဲ့ကခဲ့ဖူးတယ်လို့ဆိုပါတယ်။ မိုက်ကယ်ဂျက်ဆင်တင်ထားတဲ့ရုပ်သံကိုအောက်မှာဖော်ပြပေးထားပါတယ်

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.