ဒေးဗစ်မွိုင်းရဲ့ယူရို၂၀၂၀မှာစောင့်ကြည့်ရမယ့်ထိပ်တန်း၇ယောက်မှာပါဝင်နေတဲ့ ယူနိက်တက်ကြယ်ပွင့်

မန်ချက်စတာယူနိက်တက်ရဲအဆိုးဆုံးမန်နေဂျာတစ်ယောက်လို့ဆိုရမယ့် ဒေးဗစ်မွိုင်းကတော့ ယူရို ၂၀၂၀မှာ သတိထားစောင့်ကြည့်ရမယ့် ယူနိက်တက်ထိပ်တန်းကစားသမားတစ်ယောက်ရှိတယ်ဆိုပြီးပြောကြားလာပါတယ်။

စကော့နည်းပြဖြစ်တဲ့ မွိုင်းဟာ ဝက်စ်ဟမ်းအသင်းမှာနည်းပြလုပ်ခဲ့သလို အဲဗာတန် မန်ချက်စတာယူနိက်တက် လာလီဂါကလပ်ဖြစ်တဲ့ ရီးလ်ရဲ ဆိုဆီဒက်နဲ့ဆန်းဒါးလန်းတို့မှာလည်း နည်းပြလုပ်ခဲ့ဖူးပါတယ်။

ဒေးဗစ်မွိုင်းဟာ ဆာအဲလက်ဖာဂူဆန်အနားယူပီးနောက် ၂၀၁၃ ၂၀၁၄ရာသီမှာယူနိက်တက်ကိုနည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ကွန်မြူနတီဒိုင်းရခဲ့ပေမယ့် ၁၉၈၀နောက်ပိုင်းဆိုးရွားတဲ့ရလာဒ်တွေရခဲ့ပါတယ်။

FA CUPမှာဆိုလည်း ဆွန်ဆီးကိုရှုံးခဲ့ပီး League Cupမှာဆိုလည်းဆီမီးဖိုင်နယ်မှာ ဆန်းဒါးလန်းကိုပယ်နတီနဲ့ရှုံးခဲ့ပါတယ်။သူဟာ သူကိုင်တွယ်ခဲ့တဲ့သူအသင်းဟောင်းအဲဗာတန်ကို ၂ဂိုးသုညနဲ့ရှုံးပြီးတဲ့နောက်မှာတော့ ယူနိက်တက်က အထုတ်ခံလိုက်ရပြီး ကျန်တဲ့ပွဲစဉ်တွေအတွက် ရွိင်ယန်ဂစ်ကနည်းပြအဖြစ်ဆက်လက်လုပ်ဆောင်ခဲ့ရပါတယ်။

ဒီလိုဆိုးဝါးတဲ့နည်းပြတစ်ယောက်ရဲ့အမြင်ကိုဖော်ပြတာမဖြစ်သင့်ပေမယ့် သူ့အမြင်က တော်မီနေးနဲ့ပက်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့အမြင်ဖြစ်နေလို့ပါပဲ။

The Timesမှာ ဒေးဗစ်မွိုင်းရွေးချယ်ထားတဲ့ ယူရို၂၀၂၀မှာစောင့်ကြည့်ရမယ့် ထိပ်တန်းကြယ်ပွင့် ၇ယောက်မှာတော်မီနေးကိုရွေးချယ်ထားလို့ပါပဲ။ အခြားတစ်ဖက်မှာတော့ Ruben Diasတို့ Kevin De Bruyneတို့ပါဝင်နေပါတယ်။

” တော်မီနေးဒီနှစ်မှာတိုးတက်လာတာအရမ်းအထင်ကြီးဖို့ကောင်းတယ်။သူက ယူနိက်တက်ကအရေးတယ်ဆိုတဲ့ ကစားသမားတွေကို ခုန်ကျော်တက်သွားတဲ့ စွမ်းဆောင်ရည်တွေလုပ်ပြခဲ့တယ်”

“သူ့ရဲ့အသင်းကိုမောင်းနှင်နိုင်စွမ်းနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေက ဝက်စ်ဟမ်းနဲ့ပွဲမှာ ငါတို့မြင်နိုင်ပါတယ်”

“သူ့ကိုကြည့်ရတာ ဦးဆောင်နိုင်စွမ်းရှိတဲ့စွမ်းရည်နဲ့ခေါင်းဆောင်နိုင်စွမ်းရှိသူပဲ။ သူ့ကိုဝိုင်းရံထားတဲ့ ကြီးမားလွန်းတဲ့ ယူနိက်တက်က ကစားသမားတွေနဲ့အတူ သူဟာအလျင်အမြန်တိုးတက်လာနေတယ်။

ယူရိုပါလိဂ်ဖိုင်နယ်မှာ တော်မီနေးလောက်ကောင်းတာတစ်ယောက်မှမရှိဘူး။ သူအကောင်းဆုံးပဲ.စိတ်ဓါတ်ရော ခြေစွမ်းရောပေါ့။ ဒါကြောင့် ယူရို၂၀၂၀မှာသူဟာ စောင့်ကြည့်ရမယ့် ထိပ်တန်းကစားသမားပဲ”လို့မွိုင်းကဆိုပါတယ်

မန်ဖန်တွေရောတော်မီနေးနဲ့ပက်သက်ပြီးဘယ်လိုထင်လဲ”? ရွိင်ကိန်းကတော့ ဖရက်နဲ့တော်မီနေးရှိနေသမျှယူနိက်တက်ဖလားမရဘူးလို့ပြောထားဖူးပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.