“ဒီနွေမှာSerieAကိုပြောင်းချင်တယ်လို့”တရားဝင်ပြောလာတဲ့ ယူနိုက်တက်ကွင်းလယ်လူ

မန်ချက်စတာယူနိက်တက်အသင်းဟာ ဒီနှစ်နွေမှာ အပြောင်းအရွှေ့ပေါင်းများစွားရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ဖလားနဲ့လွဲခဲ့ရပြီးနောက် ယူနိက်တက်ဟာ အသင်းအတွက် သွေးသစ်လောင်းမှရတော့မယ်ဆိုတာ သဘောပေါက်ခဲ့တဲ့အတွက် အသင်းအတွက် အနည်းဆုံးကစားသမားသစ်၄ယောက်ကိုခေါ်ယူသွားဖို့ရှိနေပါတယ်။

အဲ့ဒီလိုပဲ ဒီနှစ်နွေမှာ ယူနိက်တက်ဟာ အသင်းအတွက် မလိုအပ်ဘူးလို့မှတ်ယူထားတဲ့ ကစားသမားတွေကို ရောင်းချဖို့ရှိနေပြီး ယူနိက်တက်အသင်းဘက်ကတော့ ကစားသမား ၈ယောက်ကို ရောင်းချသွားမယ်လို့တရားဝင်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကစားသမားတွေထဲမှာမပါတဲ့မန်ချက်စတာယူနိက်တက်အသင်းကွင်းလယ်ကြယ်ပွင့်ဖြစ်တဲ့ပေါ့ဘာ တိုက်စစ်မှူးမာရှယ်တို့ဟာလည်း အခြေအနေအနေအကြောင်းကြောင့် အသင်းပြောင်းရွေ့ဖို့ဆန္ဒရှိနေကြပြီး လက်ရှိဒီနွေမှာထွက်ခွာချင်ပါတယ်ဆိုပြီးတရားဝင်ပြောကြားလာသူကတော့ ကွင်းလယ်လူAndreas Pereiraပဲဖြစ်ပါတယ်။

Andreas Pereiraဟာ ယူနိက်တက်ကနေစီးရီးအေဆိုဒ် လာဇီယိုကိုအဌားချခံထားရတာဖြစ်ပြီး စီးရီးအေမှာပဲကစားချင်တော့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နွေမှာ အိုလေဂန်းနားဆိုလ်းရှားဟာ ဘရားဇီးနိုင်ငံသားကွင်းလယ်ကစားသမားကို အဌားချခဲ့ပြီး
နောက်မှာ Andreas Pereiraက သူ့ရဲ့ကယ်ရီယာကိုသေချာစဉ်းစားခဲ့ပြီးခုလိုဆုံးဖြတ်ခဲ့တာလို့လည်းသူကပြောကြားခဲ့ပါသေးတယ်။

အီတလီကိုပြီးခဲ့တဲ့နွေကရောက်လာတဲ့ အသက်၂၅နစ်အရွယ် ဘရားဇီးကစားသမားဟာ ၃၃ပွဲကစားထားပြီး ၅ဂိုးဖန်တီးမှုလုပ်ပေးထားပါတယ်။

AndreasPereiraကယူနိက်တက်ကိုစွန့်ခွာပြီးစီးရီးအေမှာဆက်နေချင်သေးတယ်ဆိုပေမယ့် လာဇီအိုနဲ့ စာချုပ်သက်တမ်းလကုန်ရင် ပြည့်တော့မှာမို့ မိခင်ကလပ်ကိုပြန်လာရတော့မှာပဲဖြစ်ပါတယ်။

သူ့ရဲ့ရေရှည်အနာဂါတ်အကြောင်းနဲ့ပက်သက်ပြီးAndreas Pereiraကတော့Tuttomercatowebကိုခုလိုပြောကြားခဲ့ပါတယ်။

“ပရီးမီးယားလိဂ်၊စီးရီးအေနဲ့လာလီဂါ? သူတို့ကတစ်ကယ့်လိဂ်ကြီးတွေပါပဲ။ ကျွန်တော်ကအင်္ဂလန်ကိုချစ်ပေမယ့် ကျွန်တော့်စတိုင်က စပိန်ဘောလုံးစတိုင်နဲ့ပိုလိုက်တယ်လို့ခံစားရပါတယ်။

“အနာဂါတ်? ကျွန်တော်နောက်တစ်ကြိမ်လာဇီအိုမှာပဲနေပြီးကစားချင်ပါသေးတယ်။ ဒါပေမယ့် ယူနိက်တက်က ကျွန်တော့်ကိုဘယ်လိုဖြစ်စေချင်လဲဆိုတာရှိသေးလို့အသင်းနဲ့ကျွန်တော်ဆွေးနွေးရဦးမှာပါ။”

“အသင်းနဲ့ကျွန်တော်ကContractရှိသေးတယ်လေ။ ယူနိက်တက်ကကျွန်တော့်အတွက်တော့ ဒုတိယအိမ်ပါပဲ။

ကျွန်တော်ဒီအသင်းကို ၁၆နှစ်သားတည်းကရောက်နေခဲ့တာပါ။ ယူနိက်တက်ကကျွန်တော့်အတွက်ဒုတိယအိမ်ဆိုတာကိုအသင်းကဝန်ထမ်းတွေကိုကျွန်တော်အမြဲပြောမိပါတယ်”လို့Pereiraကဆိုပါတယ်။

ယူနိက်တက်နည်းပြ ဆိုလ်းရှားဟာ ချန်ပီယံတွေနဲ့ခါးသီးပြိုင်ဖက်တွေကို စိန်ခေါ်ဖို့အတွက်ဆို လူသစ်ထပ်ခေါဖို့နဲ့အသင်းနဲ့အံမဝင်တဲ့လူတွေကို ထုတ်ရောင်းသွားမှာဖြစ်ပြီး ဘရားဇီးကစားသမားလေးကိုလည်း အသင်းကနေထွက်ခွာခွင့်ပြုဖို့မကြာခင်ဖြစ်လာနိုင်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.