ယူနိက်တက်ကချိတ်နေတဲ့ပေါင်၅၆သန်းတန်မိုက်ကယ်ကာရစ်လက်သစ်လေးရဲ့စကေး(ရုပ်/သံ)

မန်ချက်စတာယူနိက်တက်တို့ဟာ ဒီနှစ်နွေမှာ တောင်ပံတိုက်စစ်၊ ကွင်းလယ်နဲ့ နောက်တန်းတို့ကို အားဖြည့်ဖို့ ကစားသမားသစ် ၄ယောက်အနည်းဆုံးခေါ်ယူသွားဖို့ရှိနေတာပါ။

ဒါပေမယ့်ခုချိန်ထိတော့ဆိုရှားနဲ့အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းတွမ်ဟတ်တန်ကိုပဲတရားဝင်ခေါ်ယူရသေးပါတယ်။

ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ အိုးထရက်ဖို့စ်ဆီ ရောက်ဖို့ သေချာသလောက်ရှိနေပြီဖြစ်တာမို့ ယူနိက်တက်တို့က ကွင်းလယ်ပိုင်းအတွက် ပစ်မှတ်တွေကို ချိတ်ဆက်နေလာပြီဖြစ်ပါတယ်။

လက်ရှိမှာကစားသမားဟောင်းတွေနဲ့အားကစားသုံးသပ်သူတွေအကြံပေးနေတဲ့ ဒီကလန်ရိုက် ဂရေးလစ်တို့ဟာ ယူနိက်တက်ကချိတ်ဆက်နေတယ်ဆိုပြီးသတင်းထွက်နေပေမယ့် ဈေးတွေက သန်း၈၀ ၁၀၀တွေဖြစ်နေတာကြောင့် ယူနိက်တက်တို့အနေနဲ့ ခေါ်ယူနိုင်ဖွယ်မရှိပါဘူး။

ဒီအချိန်မှာပဲ ယူနိက်တက်တို့ဟာ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့်ဖြစ်တဲ့ ယူရီတိုင်လီမန်းကို ဒီနှစ်နွေမှာ အရခေါ်ဖို့ပြင်ဆင်လာတာပဲဖြစ်ပါတယ်။

အသက်၂၄နှစ်အရွယ်ပဲရှိသေးတဲ့ လက်စတာကစားသမားဟာ ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်ပြီးတော့ ဘယ်လ်ဂျီယံအားကစားသတင်းထောက် Sven Claesကတော့ သရဲနီတွေဟာ လီဗာပူးပစ်မှတ်ကို စိတ်ဝင်စားပြီချိတ်ဆက်နေကြပြီဖြစ်ကြောင်းရေးသားလိုက်ပါတယ်။

” သူတစ်ကယ်လို့ယူရိုကိုကောင်းကောင်းကစားနိုင်ခဲ့ပီးရင် အသင်းကနေထွက်ခွာနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ သူကစိန်ခေါ်မှုအသစ်တွေကို မျှော်လင့်နေတာပါ။ သူ့ရဲ့အရည်အချင်းနဲ့ပြည့်စုံတဲ့စိတ်ပိုင်းဆိုင်ရာက စိန်ခေါ်မှုအသစ်တွေဆီကိုသွားပြီးအောင်မြင်မှုအသစ်တွေကိုယူဖို့အသင့်ဖြစ်နေတာပါ”လို့သတင်းထောက် Sven Claesကရေးသားခဲ့ပါတယ်။

“ယူနိက်တက်လိုပဲထိပ်တန်းစပိန်ကလပ်တွေကလည်းသူ့ကို့လိုချင်နေကြပါတယ်။ သူကမော်နာကိုမှာခက်ခဲပေမယ့် လက်စတာမှာအကောင်းဆုံးပုံစံရှိနေပါပြီ။ သူအကောင်းဆုံးဆိုတာလက်စတာနဲ့အတူသက်သေပြခဲ့ပြီးပြီလေ”လို့သူကဆက်ပြောပါတယ်

Tielemansဟာဒီနှစ်မှာ maiden FA Cup crown ရရှိအောင်မောင်းနှင်နိုင်ခဲ့တဲ့ အဓိကအင်ဂျင်တစ်လုံးဖြစ်ပြီးတော့ လက်စတာကိုနံပါတ် ၅နေရာပို့ဆောင်ပေးခဲ့တဲ့ အဓိကကွင်းလယ်ကစားသမားဖြစ်ပါတယ်။

ယူနိက်တက်တို့ဟာလက်ရှိမှာ ပေါ့ဘာရဲ့ အနာဂါတ်မသေချာမှုနဲ့အတူ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ သေသေချာချာလိုအပ်နေပြီလည်းဖြစ်ပါတယ်။

ဒီကလန်ရိုက် ဂရေးလစ်တို့ကိုမဝယ်နိုင်ခဲ့ဘူးဆိုရင်တောင် ယူနိက်တက်တို့အနေနဲ့ လက်စတာကွင်းလယ်လူကိုတော့

ပေါင်သန်း၅၀ကျော်လောက်သုံးရင်ကိုရနိုင်တယ်လို့ဘယ်ဂျီယံသတင်‌ေးထာက်က သုံးသပ်ထားပါတယ်။ယူနိက်တက်အသင်းဟာ ၂၀၁၈ခုနှစ် မိုက်ကယ်ကားရစ် အနားယူပြီးတဲ့နောက်ပိုင်းတည်းက ကွင်းလယ်လိုအပ်ချက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပေါ့ဘာဟာ အကောင်းဆုံးသောတစ်ချို့အရာတွေကိုလုပ်ပြနိုင်ပေမယ့်
တစ်ရာသီလုံးအပြောင်းအရွေ့ဂယက်ကြောင့် အသင်းဟာ မတည်မငြိမ်ဖြစ်ရသလို မကြာခန အသင်းနဲ့အဆင်မပြေတဲ့ ပေါ့ဘာအေးဂျင့်ရွိင်းအိုလာကြောင့် မကြာခင်ပေါ့ဘာကို ယူနိက်တက်ဘက်က လက်လွတ်ပေးလိုက်ဖို့ရှိနေပါတယ်။

ဘယ်ဂျီယံသတင်းထောက်က‌Tielemansဟာပေါ့ဘာထက်တောင်ကောင်းမွန်တဲ့စကေးရှိတယ်လို့ရေးသားထားပြီး အရည်အသွေးမြင့်ကစားသမားလို့ဆိုထားပါတယ်။

ယူနိက်တက်ဘက်ကတော့လက်ရှိမှာ လက်စတာကွင်းလယ်လူနဲ့ချိတ်ဆက်နေဆဲဖြစ်သေးပြီး မန်ယူအမာခံတွေကတော့ ဒီကလန်ရိုက် ဒါမှမဟုတ် ဂရေးလစ်ကိုသာခေါ်ယူသင့်ကြောင့် ခိုင်ခိုင်မာမာယုံကြည်ထားကြပါတယ်။ဗီဒီယိုကိုအောက်မှာဖော်ပြပေးထားပါတယ်.

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.