ပေါ့ဘာကိုFree Transferနဲ့ဆုံရှုံးရမှာကြောက်နေပြီဖြစ်တဲ့ ယူနိက်တက်

မန်ချက်စတာယူနိက်တက်အသင်းနဲ့ ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာတို့ဟာ လက်ရှိထိ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပါဘူး

ယူနိက်တက်အသင်းဟာ ပေါ့ဘာနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့ ၂နှစ်တာကာလအတွင်း အသင်းပြောင်းရွေ့မယ်ဆိုတဲ့ ကိစ္စတွေ မကြာခန ထွက်လာတတ်ပြီး လက်ရှိထိတော့ ပေါ့ဘာဟာ ယူနိက်တက်မှာပဲဆက်ရှိနေခဲ့ပြီး ဒီရာသီမှာ စာချုပ်သစ်ချုပ်ဆိုရေးဟာရပ်တန့်နေပြီဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့ အတိုင်း ပေါဘာအေးဂျင့် ရွိင်းအိုလာက တစ်ပတ်လုပ်ခလစာ ပေါင်၅သိန်းတောင်းထားပြီး ယူနိက်တက်ဘက်ကတော့ ပေါင်၄သိန်းနဲ့ဈေးဆစ်ပြီး ညှိနေခဲ့တာပါ။

ဒါပေမယ့် ညှိနှိုင်းမှုတွေတိုးတက်လာမှုမရှိပဲ ပေါ့ဘာရဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကိုရောက်ရှိလာပြီလည်းဖြစ်ပါတယ်။

ပေါ့ဘာရဲ့အကိုဖြစ်သူကတော့ ပေါ့ဘာကို ဖာနန်ဒက်ရဲ့ လောင်းရိပ်အောက်က လွတ်အောင်နဲ့ တိုးတက်အောင်မြင်မှုတွေဆက်ရဖို့ အသင်းပြောင်းရွေ့ဖို့တိုက်တွန်းနေပါတယ်။

ပေါ့ဘာကတော့ ခုချိန်ထိ ဘာတစ်ခုမှတရားဝင်ထုတ်ပြောထားခြင်းမရှိပဲ ပေါ့ဘာအကိုကတော့ ပေါ့ဘာဟာ လာလီဂါကလပ်တစ်ခုဖြစ်တဲ့ ဘာစီလိုနာကိုမျက်စိကျနေတယ်လို့ဆိုထားပါတယ်။

ယူနိက်တက်တို့အခုစိုးရိမ်နေတာကတော့ ပြင်သစ်နိင်ငံသားပေါ့ဘာ ကမ္ဘာ့ဖလားဆုရှင်ကြယ်ပွင့်ဟာအသင်းကနေFreeTransferနဲ့ထွက်ခွာသွားမာကိုစိုးရိမ်နေတာဖြစ်ပါတယ်။

ဒီနွေဟာယူနိက်တို့အတွက်ပေါ့ဘာနဲ့ပက်သက်ပြီးနောက်ဆုံးအခွင့်အရေးဖြစ်ပြီးတော့ ခုထိခိုင်မာတဲ့ထုတ်ပြန်ချက်တစ်စုံတစ်ရာ ပေါ့ဘာနဲ့ပက်သက်ပြီးမရှိသေးပါဘူး

ESPNသတင်းအဆိုအရခိုင်မာတဲ့သတင်းရင်းမြစ်တစ်ယောက်ပြောတာက ပေါ့ဘာဟာ ရွိင်းအိုလာစနက်ကြောင့် စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိပဲ ယူနိက်တက်တို့ဘက်ကလည်းပေါ့ဘာကိုဆက်ထိန်းဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။

ပေါ့ဘာဟာဂျူဗင်ကနေပေါင်၈၉.၃သန်းနဲ့၂၀၁၆ခုနှစ်ရောက်လာတည်းက ကာရာဗောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားသာ ရခဲ့ဖုးသေးတာလည်းဖြစ်ပါတယ်။

ပေါ့ဘာဟာလက်ရှိမှာတော့ ဂျူဗင် ရီးရဲလ် တို့ကစိတ်ဝင်စားမှုရှိနေတယ်လို့သတင်းတွေထွက်နေပေမယ့် တရားဝင်ဘာသံမှတော့ထွက်မလာသေးပါဘူး။

ဒါကြောင့်ကစားသမားအနေနဲ့ယူနိက်တက်နဲ့အနာဂါတ်ဟာသေချာမှုမရှိတော့ပဲသူကိုယ်တိုင်ကလည်းအလွတ်ပြောင်းရွေ့ကြေးနဲ့ထွက်ခွာဖွယ်ရှိတာကြောင့် ယူနိက်တက်ဘက်ကတော့ ပေါ့ဘာနဲ့ပက်သက်ပြီး ပေါင်၈၉.၃သန်းကိုဆုံးရှုံးရမယ့်အခြေအနေကို မျှော်လင့်နေရပါတယ်

DBK

Leave a Comment

Your email address will not be published.