“ဒို့၄ယောက်ကိုရင်ဆိုင်ဖို့ပြင်ထားတော့”ဆိုပြီးအခြိမ်းခြောက်ခံလိုက်ရတဲ့ တော်မီနေး

ယူရို၂၀၂၀အတွက် မကြာခင်မှာ အင်္ဂလန်နဲ့ စကော့တလန်တို့ ယှဉ်ပြိုင်ဖို့ရှိနေပြီး စကော့တော်မီနေးကတော့ ယူနိက်တက်အသင်းက ကြယ်ပွင့် ၄ယောက်ပါတဲ့ အင်အားကြီး အင်္ဂလန်အသင်းကို ရင်ဆိုင်ယှဉ်ပြိုင်ရတော့မှာလည်းဖြစ်ပါတယ်။

တော်မီနေးကို လန်ကာစတာမှာ မွေးခဲ့တာဖြစ်ပေမယ့် စကော့တလန်ကိုယ်စားပြုယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် လာမယ့် ဇွန်၁၈ရက်နေ့မှာ အသင်းဖော်၄ယောက်ပါတဲ့ အင်္ဂလန်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာပါတဲ့ Dean Henderson, Harry Maguire, Luke Shaw .Marcus Rashfordတို့နဲ့ရင်ဆိုင်ရမယ့်တော်မီနေးဟာ သူ့အသင်းဖော်တွေဆီက ရယ်စရာစကားတစ်ချို့ကိုကြားထားရတယ်လို့ဆိုပါတယ်။

“သူတို့ကိုရအောင်တားဆီးဖို့လှမ်းပြောတာဗျ။ကျွန်တော်သူတို့နဲ့အတူကစားချင်ပါတယ်။်ခုကျွန်တော်တို့အသင်းရဲ့ထိပ်သီးတွေနဲ့ပြန်ယဉ်ပြိုင်ရတော့မယ်.ဒါကတော့အသင်းတိုင်းကအသင်းဖော်တွေသူငယ်ချင်းတွေအများကြီးပါပဲ။ သကိုယ့်တာဝန်ကိုကိုယ်အကောင်းဆုံးစွမ်းဆောင်ကြတာပေါ့.

“နှစ်တွေအကြာကြီးကစားလာခဲ့တဲ့သူတွေပြိုင်ဘက်အဖြစ်ပြန်တွေ့ရမှာလွယ်တော့မလွယ်ဘူး။ ဒါပေမယ့်သေချာပါတယ်။ သူတို့ကိုကျွန်တော်ကဟန့်တားမှာဖြစ်သလို သူတို့က ကျွန်တော့်ကို ရအောင်ထိုးဖောက်သွားကြမှာပါ”လို့တော်မီနေးကဆိုပါတယ်။

ပြီးခဲ့တဲ့တစ်နေ့ကတော့ မန်ချက်စတာယူနိက်တက်ရဲhဆိုးဝါးတဲ့နည်းပြတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဒေးဗစ်မွိုင်းကတော့ The Timeနဲ့အင်တာဗျူးမှာ ဒီနှစ်ယူရိုစောင့်ကြည့်ရမယ့် ထိပ်သီးကစားသမား ၇ယောက်ထဲမှာတော်မီနေးကို အံဩဖွယ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

“တော်မီနေးဟာအလျင်အမြန်ကြီးထွားလာနေပြီ။ ယူရိုပါလိဂ်ဖိုင်နယ်မှာသူအကောင်းဆုံးပဲ”လို့ ဒေးဗစ်မွိုင်းကဆိုပါတယ်။

မကြာခင်မှာတော့ယူရိုပြိုင်ပွဲကြီးမှာ တစ်သင်းတည်း ကစားခဲ့တဲ့ ရဲဘော်ရဲဘက်တွေအချင်းချင်းပြန်တွေ့ကြပြီး ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရတော့မယ့်ကာလကိုမကြာခင် မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရတော့မှာဖြစ်ပဲဖြစ်ပြီး သမိုင်းမှတ်တမ်းသစ်တွေဘယ်သူတွေရေးထိုးကြမလဲဆိုတာရင်ခုန်စွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

DBK

Leave a Comment

Your email address will not be published.