ဆွီဒင်အသင်းမှာ၂ပွဲကန်ပြီးလှပတဲ့၂ဂိုးသွင်းယူခဲ့တဲ့ယူနိက်တက်ကြယ်ပွင့် အီလန်ဂါ(ရုပ်/သံ)

လူငယ်ကစားသမား အန်သိုနီ အီလန်ဂါကတော့ ဆွီဒင် ယူ -၂၁ အသင်းမှာပါဝင်ခွင့်ရခဲ့ပါတယ်။ အီလန်ဂါဟာ ပြီးခဲ့တဲ့ ရာသီ ကုန်ဆုံးခါနီးမှာမန်ချက်စတာယူနိုက်တက် အသင်းကြီးနဲ့ အတူ စတင်ကစားခွင့်ရခဲ့ပြီးနောက်ဆွီဒင် ယူ -၂၁ လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ( ၁၉ ) နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ ပွဲဦးထွက် ပွဲစဉ်မှာ လှပတဲ့သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ အီလန်ဂါရဲ့ သွင်းဂိုးကြောင့် ဆွီဒင်ဟာဖင်လန်အသင်းကို ( ၂ – ၀ ) ရလာဒ်နဲ့ ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ဇွန်၈ရက်နေ့မှာ လူဇင်ဘက်အသင်းနဲ့ကစားတဲ့ပွဲမှာလည်း အီလန်ဂါဟာ ခြေစွမ်းပြခဲ့ပြီး ၁ဂိုးထပ်သွင်းယူခဲ့ပါတယ်။ ဇွီဒင်အသင်းဟာ လူဇင်ဘက်အသင်းကို ၆ဂိုးအထိအဲ့ဒီပွဲမှာ သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာလည်း အီလန်ဂါဟာသူ့ရဲ့ နိုင်ငံအသင်းအတွက် လှပသေသပ်တဲ့ဂိုးကိုထပ်သွင်းယူနိုင်ခဲ့တာပါ။

အီလန်ဒါဟာ မန်ယူအသင်းကို ၂၀၁၄ခုနှစ်ဇူလိုင်လမှာဆွီဒင်ကလပ်မယ်မိုလ်ယူ-၁၇အသင်းမှပြောင်းရွှေ့လာခဲ့တာပါ။ကျောနံပါတ်၁၁ကိုဝတ်ဆင်လေ့ရှိပြီးအသင်းကြီးမှတိုက်စစ်မှူးမာရှယ်နဲ့ကစားပုံဆင်တဲ့အီလန်ဂါဟာ မာရှယ်နဲ့မတူတာကတော့အမြဲပြုံးနေတဲ့အချက်ပါဘဲ။

အီလန်ဂါဟာ ဆွီဒင်နိုင်ငံသားခံယူထားပေမယ့် အာဖရိကသွေးအပြည့်ပါသူပါ။ဖခင်ဖြစ်သူဂျိုးဆက်အီလန်ဂါဟာ ကင်မရွန်းလက်ရွေးစင်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီးကင်မရွန်းလက်ရွေးစင်အသင်းနဲ့၁၉၉၈ ကမ္ဘာ့ဖလားကစားခွင့်ရရှိခဲ့သူပါ။

အီလန်ဒါရဲ့ဖခင်ဟာ၂၀၁၀ခုနှစ်မှာဆွီဒင်ကလပ်မယ်မိုလ်အသင်းမှာကစားသမားဘဝကအနားယူခဲ့ပြီး သားဖြစ်သူရဲ့ကစားသမားဘဝကိုအဆိုပါကလပ်အသင်းရဲ့လူငယ်အသင်းမှာစတင်စေခဲ့တာပါ။

ဥရောပရဲ့ ထူးချွန်လူငယ်ကစားသမားတွေကို စုစောင်းလာတဲ့မန်ယူလူငယ်အကယ်ဒမီက မယ်မိုလ်အသင်းမှ အသက်၁၂အရွယ်ကစားသမားလေးရဲ့ တောက်ပမှုကို ကြိုတင်ခန့်မှန်းမိတာကြောင့် မန်ယူအသင်းကိုလျှင်လျှင်မြန်မြန်ဘဲခေါ်ယူခဲ့တာပါ။

အီလန်ဂါဟာမန်ယူလူငယ်အသင်းအဆင့်ဆင့်မှာအောင်မြင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ မန်ယူအသင်းကြီးမှာတွဲဘက်ကစားခွင့်ရရှိလာခဲ့ပါတယ်။

အန်သိုနီဟာ ပြီးခဲ့တဲ့ ( ၂၀၂၁ ) ဇန်နဝါရီလအတွင်းက ပထမဆုံးပွဲစဉ်မှာညပ်ရိုးကျိုးသွားခဲ့တဲ့အတွက် ရက်သတ္တပတ်ပေါင်းများစွာ အနားယူခဲ့ရပါတယ်။ဒ‌ါပေမယ့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာချိန်မှာတော့ စီနီယာအသင်းကြီးနဲ့အတူလေ့ကျင့်ခွင့်ရခဲ့ပါတယ်။ သူက လက်စတာစီးတီးနဲ့ ပွဲစဉ်မှာ အိုးထရတ်ဖို့ဒ်အသင်းကြီးအတွက် ပထမဆုံး ကစားခွင့်ရခဲ့ပြီး ရာသီနောက်ဆုံး ဝုဗ်နဲ့ ပွဲစဉ်မှာပွဲထွက်ကစားသမားအနေနဲ ပါဝင်ခွင့်ရခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာပဲ ဒန်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကနေ ယူနိုက်တက်အတွက်ပထမဆုံး သွင်းဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။အီလန်ဂါဟာပြီးခဲ့တဲ့ဘောလုံးရာသီက မန်ယူလူငယ်အသင်းမှာ၂၁ပွဲကစား၁၂ဂီုးသွင်းပြီးဂိုးသွင်းခွင့်လေူကြိမ်ဖန်တီးပေးခဲပါတယ်။အီလန်ဂါဟာဆွီဒင်ယူ-၁၇၊ယူ-၁၉အသင်းတွေမှာလည်းဝင်ရောက်ကစားခွင့်ရရှိထားကြောင်းသိရပါတယ်။

လက်ရှိထိအီလန်ဂါဟာနောက်ဆုံး၃ပွဲကစားထားတာမှာ၃ဂိုးထိသွင်းယူထားပါတယ်။ အောက်မှာသူသွင်းခဲ့တဲ့ ဂိုးတွေနဲ့ဗီဒီယိုကိုဖော်ပြပေးထားပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.