ပရိတ်သတ်တွေတူညီတဲ့မှတ်ချက်တစ်ခုတည်းပေးခဲ့တဲ့ဘူဂေးရီးယားပွဲကပေါ့ဘာခြေစွမ်း(ရုပ်/သံ)

လက်ရှိယူနိက်တက်အသင်းနဲ့စာချုပ်သစ်ဆက်လက်ချုပ်ဆိုနိုင်ခြင်းမရှိသေးပဲရပ်တန့်နေတဲ့ ပြင်သစ်နိုင်ငံသားပေါ့ဘာကတော့ ပြင်သစ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြနေဆဲပဲဖြစ်ပါတယ်။

ပေါ့ဘာကိုလက်ရှိမှာယူနိက်တက်အသင်းကစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ဖိအားပေးနေသလိုပေါ့ဘာကိုအလွတ်ပြောင်းရွေ့ကြေးနဲ့ထွက်ခွာသွားမှာကိုစိုးရိမ်နေကြပါတယ်။

ပေါ့ဘာဟာ ယူနိက်တက်ကို ၂၀၁၆ခုနှစ်မှာဂျူဗင်တပ်ကနေ ပေါင်သန်း၉၀နဲ့ရောက်လာတာဖြစ်ပြီး ပေါ့ဘာသာ Free Transfer နဲ့ထွက်သွားရင် ပေါင်သန်း ၉၀ကိုဆုံးရှုံးရဖွယ်အခြေအနေကို ယူနိက်တက်တို့က မျှော်လင့်နေရပါတယ်။

လက်ရှိမှာတော့ ပေါ့ဘာဟာ ယူရို ၂၀၂၀ပြိုင်ပွဲကြီးအတွက် ပြင်သစ်အသင်းကြီးနဲ့အတူတိုက်ပွဲဝင်နေရပါတယ်။

မနေ့ညက ကန်တဲ့ ပြင်သစ်နဲ့ဘူဂေးရီးယားပွဲမှာလည်း ယူနိက်တက်ကွင်းလယ် ဗိုလ်ချုပ် ပေါ့ဘာဟာ အကောင်းဆုံးသောခြေစွမ်းတွေ ဖန်တီးပေးပို့မှုတွေလုပ်နိုင်ခဲ့ပါတယ်။

ပေါ့ဘာဟာ ပေါတူဂီမှာရိုနယ်ဒိုကိုအားကိုးရသလို ပြင်သစ်အသင်းအတွက် လည်းပေါ့ဘာကိုအားကိုးနေရတဲ့အနေအထားမျိုးဖြစ်ပြီး ကွင်းလယ်မှာချဲလ်ဆီးအသင်းကကြွက်ကလေး ကန်တီအတွက်တော့ တစ်ကယ့်ကိုလိုက်ဖက်တဲ့ ကွင်းလယ်ပါတနာတွေပါပဲ။

ပြင်သစ်နဲ့ဘူဂေးရီးယားတို့ပွဲမှာ Antoine Griezmann’s က ၂၈မိနစ်မှာ
ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဂျီရော့က နောက်ပိုင်း၈၃မိနစ်နဲ့၉၀မှာ ၂ဂိုးသွင်းယူခဲ့လို့ ပြင်သစ်တို့ ၃ဂိုးဇီးရိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပေါ့ဘာဟာမန်ချက်စတာယူနိက်တက်အသင်းမှာ နိမ့်လိုက်မြင့်လိုက် အချိန်တွေနဲ့ကြုံတွေ့နေခဲ့ရပြီး အသင်းပြောင်းမယ်လို့ မကြာခနသတင်းတွေထွက်တတ်လို့ပရိတ်သတ်တွေက ပေါ့ဘာနဲ့ပက်သက်ပြီး အမြင်မကြည်မှုတွေဖြစ်နေပါတယ်။

ဒါ့အပြင် မနေ့ညက ဘူဂေးရီးယားနဲ့ပွဲအပြီးမှာ ဆိုရှယ်မီဒီယာတွေပေါ်က ယူနိက်တက်ဖန်အများစုဟာ ပေါ့ဘာနဲ့ပက်သက်ပြီး အားလုံးတစ်ညီတစ်ညွတ်တည်းမှတ်ချက်တစ်ခုကိုပေးခဲ့ကြပါတယ်။

“ပေါ့ဘာဟာ ယူနိက်တက်မှာထက် ပြင်သစ်အသင်းမှာ ပိုပြီးကောင်းကောင်းကစားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဘေးနားမှာ အရည်အချင်းမြင့်ကစားသမားတွေဝိုင်းရံထားလို့ပါပဲ”ဆိုပြီး မန်ဖန်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

၂၀၁၈မှာပြင်သစ်အသင်းနဲ့အတူ World Cup Winnerဖြစ်ခဲ့တဲ့ပေါ့ဘာဟာ ယူနိက်တက်အသင်းမှာ ပြောဆိုဝေဖန်ခံရမှုတွေရှိနေပေမယ့် ပြင်သစ်အသင်းမှာတော့အကောင်းဆုံးခြေစွမ်းပြနေဆဲပဲဖြစ်ပါတယ်။ဗီဒီယိုကိုအောက်မှာဖော်ပြပေးထားပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.