ကိန်းနဲ့ပက်သက်ပြီး ယူနိက်တက်ကို ရှင်းလင်းပြတ်သားတဲ့Messageပို့လိုက်တဲ့ စပါးဥက္ကဌ

တော့တင်ဟမ်စပါးတိုက်စစ်မှူးအပြောင်းအရွေ့နဲ့ပက်သက်ပြီး မန်ချက်စတာယူနိက်တက်အသင်းဟာ ပြီးခဲ့တဲ့လတည်းကစိတ်ဝင်စားပြီးချိတ်ဆက်မှုတွေလုပ်နေခဲ့တာပါ။

အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်လည်းတာဝန်ယူထားတဲ့ ဟယ်ရီကိန်းကို လက်ရှိမှာ ချဲလ်ဆီး မန်စီးတီး နဲ့ မန်ချက်စတာယူနိက်တက်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပြီးဒီနွေမှာ အရခေါ်ဖို့ကြိုးစားနေကြတာပါ။

အဲ့ဒီလိုအသင်းကြီးတွေရဲ့ အပြိုင်စိတ်ဝင်စားခြင်းခံရပေမယ့် စပါးတိုက်စစ်မှူး သူ့ကိုယ်ပိုင်ရွေးချယ်ခွင့်က လွတ်လပ်မှုမရှိပဲ စပါးအသင်းChairmanဖြစ်တဲ့ Daniel Levyရဲ့ ဆုံးဖြတ်မှုက အဓိကကျဖွယ်ဖြစ်နေပါတယ်။

စပါးအသင်းChairmanဖြစ်တဲ့ Daniel Levyကတော့ တိုက်စစ်မှူးဟယ်ရီကိန်းအနေနဲ့ မန်စီးတီးအသင်းကိုသွားချင်တယ်လို့ဆိုထားပေမယ့် မန်ချက်စတာယူနိက်တက်အသင်းကိုသာဦးစားပေးရွေးချယ်သင့်တယ်လို့တိုက်တွန်းထားလိုက်ပါတယ်။ အံ့ဩဖွယ်ရာပါပဲ။

ဘာကြောင့်စပါးအသင်းChairmanဖြစ်တဲ့ Daniel Levyကခုလိုတိုက်တွန်းခဲ့လဲ??

Daniel Levyက စပါးတိုက်စစ်မှူးအတွက် ပေါင်သန်း ၁၅၀ထိတောင်းဆိုထားတာဖြစ်ပါတယ်။ မန်စီးတီးကတော့ပေါင်သန်း၇၀ကျော်ပဲတတ်နိုင်တယ်ဆိုတဲ့လေသံထွက်ထားတာလည်းရှိနေတဲ့အတွက် Etihad Stadiumထက် အိုးထရက်ဖို့ကိုရွေးဖို့ ကိန်းကို တိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။

စပါးတိုက်စစ်မှူးသွားချင်တယ်ဆိုတဲ့ မန်စီးတီးဟာ World-classကစားသမားတွေများစွာရှိပြီး ကိန်းရဲ့ အကျိုးသက်ရောက်မှုက ထင်ရှားဖို့ခက်ခဲနိုင်တယ်လို့ Daniel Levyကသုံးသပ်ပါတယ်

BettingOdds.comကိုDaniel Levyက ကိန်းအပြောင်းအရွေ့နဲ့ပက်သက်ပြီး ခုလိုပြောကြားလိုက်ပါတယ်။

” စပါးမှာ ကိန်းဘာလုပ်နိုင်တယ် ဘာတွေလုပ်ခဲ့တယ်ဆိုတာ အားလုံးသိပြီးသားပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒါက စပါးဖြစ်နေလို့ပါပဲ။သူဟာ စပါးအတွက် နံပါတ်တစ် ဂိုးတွေသွင်းတယ် ဖန်တီးတယ်။ ဦးဆောင်တယ်။

ဒါပေမယ့် သူသာ စပါးကထွက်သွားပီး မန်စီးတီးကိုပြောင်းမယ်ဆိုရင် သူဒီမှာရထားတာတွေလိုမျိုး ပြန်ရနိုင်မယ်မထင်ဘူး။ ဘာလို့ဆို မန်စီးတီးမှာ သူ့လိုကစားသမားတွေဝိုင်းပတ်နေတယ်လေ။ စပါးမှာ ကိန်းနဲ့ဆွန်က အကောင်းဆုံးတွေဖြစ်သလို မန်စီးတီးမှာ အကောင်းဆုံးတွေများတယ်။

သူဆုဖလားတွေရကောင်းရနိုင်တယ်။ ဒါပေမယ့် သူ့ဘေးကပတ်လည်ဝိုင်းနေတဲ့ စူပါစတားတွေကြောင့် သူအကျိုးသက်ရောက်မှုကထင်ရှားနိုင်မှာမဟုတ်ဘူး။”

“ပြောရရင် ဂျက်ဂရေးလစ်လိုပဲပေါ့ဗျာ။ အက်စတွန်ဗီလာကသာသူထွက်သွားကြည့် တခြားအသင်းကြီးမှာ အက်စတွန်ဗီလာမှာလောက်စွံမှာမဟုတ်ဘူး။

ကျွန်တော်ယုံကြည်တာကတော့ ကိန်းအတွက် အသင့်တော်ဆုံးနေရာကတော့ အိုးထရက်ဖို့ပါပဲ”လို့ဆိုပါတယ်။

ဒီတော့Daniel Levyကတော့ မန်စီးတီးမှာကိန်းအတွက်နေရာရှိပေမယ့် ကိန်းကို ပိုလိုအပ်နေတဲ့ မန်ယူကို သာသွားသင့်တယ်လို့ပြတ်ပြတ်သားသားတိုက်တွန်းလိုက်တာဖြစ်သလို မန်ချက်စတာယူနိက်တက်ဟာ မန်စီးတီးလို ကမ္ဘာ့အဆင့်ကစားသမားတွေသိပ်မရှိလို့ ကိန်းအတွက် အောင်မြင်မှုတွေ ပိုတောက်ပမယ်လို့ဆိုလိုပုံရပါတယ်။ လောလောဆယ်မှာတော့ ယူနိက်တက်တို့ဟာ ကိန်းမပြောနဲ့ ဆန်ချိုနဲ့တင် တိုင်ပတ်နေတာမို့သိပ်တော့လည်းမမျှော်လင့်တော့ပဲ ဒီစာကိုအဆုံးသတ်လိုက်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.