ယူရို၂၀၂၀မှာ လှပစွာပေါက်ကွဲပွင့်ထွက်ပြမယ့် ယူနိက်တက် ကြယ်တစ်ပွင့်ကို ရွိင်ကိန်းထုတ်ပြော

ယူရို၂၀၂၀ပြိုင်ပွဲကြီးမှာ ပါရမီနဲ့ကျွမ်းကျင်မှုပေါင်းစပ်ပြီး ထိပ်တန်းခြေစွမ်းပြဖို့ အဆင်သင့်ရှိနေတဲ့ ယူနိက်တက်ကြယ်ပွင့်တစ်ယောက်ရှိနေကြောင့် ယူနိက်တက်ဂန္တဝင်ဟောင်း ရွိင်ကိန်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရွိင်ကိန်းထုတ်ဖော်ပြောကြားလိုက်တာတော့ တခြားကစားသမားမဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်ဖိုင်နယ် ဗိုလ်လုပွဲမှာ ဗီလာရီးရဲလ်အသင်းကို ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်တာကြောင့် ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ တိုက်စစ်မှူးမားကပ်ရက်စ်ဖို့ပဲဖြစ်ပါတယ်။

မကြာခင်မှာ ပြိုင်ဆိုင်မှုပြင်းထန်တော့မယ့် ယူရို ၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် နှစ်များစွာ စုဆောင်းထားတဲ့ ကျွမ်းကျင်မှုနဲ့အရည်အချင်းတွေကို လှပစွာ ပေါက်ကွဲပွင့်ထွက်ပြတော့မယ့်ကြယ်ပွင့်ဟာ မားကပ်စ်ရက်စ်ဖို့လို့ ရွိင်ကိန်းက ယုံကြည်နေပါတယ်။

” ဆောက်ဂိတ်ကို ဖလားအိမ်မက် အကောင်အထည်ဖော်ပေးမယ့်ယူနိက်တက်ကြယ်ပွင့်က ရက်စဖို့ပါပဲ။ ဒီပြိုင်ပွဲကြီးမှာ အင်္ဂလန်အသင်းအတွက် သူဟာ ပေါက်ကွဲပြဖို့အသင့်ရှိနေပါပြီ.”လို့ရွိင်ကိန်းကဆိုပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းမှာ မားကပ်စ်ရက်ဖို့ဟာ အသင်းအတွက် ၁၁ဂိုးသွင်းပီး ၉ဂိုးဖန်တီးပေးထားပါတယ်။ သူ့ရဲ့မြင့်မားတဲ့အရည်အချင်းနဲ့ အင်္ဂလန်ရဲ့ ကောင်းမွန်တဲ့ ကစားသမားတွေပေါင်းစည်းထားမှုကြောင့် အင်္ဂလန်ဟာ ဖလားကိုရရှိဖို့အခွင့်အလမ်းအများဆုံးအသင်းဖြစ်တယ်လို့ ရွိင်ကိန်းကယုံကြည်နေတာပါ။

ပြီးခဲ့တဲ့နေ့က ရိုမေးနီးယားနဲ့ကန်တဲ့ပွဲမှာမှ မားကပ်ရက်စ်ဖို့ဟာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့တာဖြစ်ပြီးတော့ ဩစီနဲ့ပွဲမှာတော့မပါဝင်နိုင်ခဲ့ပါဘူး။

မားကပ်စ်ဟာပွဲဦးထွက်ပွဲမှာပဲ အင်္ဂလန်အတွက်ရရှိတဲ့ ပယ်နတီကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး သူ့ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရိုမေးနီးယားကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာပဲ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆင်ဟာ ပယ်နတီလုကန်ခဲ့ပေမယ့် ရရှိလာတဲ့ ပယ်နတီကို လွဲချော်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

မားကပ်စ်ရက်ဖို့ဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာ ၈နှစ်ကြာတွဲလာတဲ့ ငယ်ချစ်ဦးရဲ့ ရက်စက်ခြင်းကို ခံခဲ့ရလို့ အသဲကွဲပြီး စိတ်ပျက်စရာတွေကြုံခဲ့ရတာကြောင့် သူ့ရဲ့ ခြေစွမ်းကိုထိခိုက်မှာကို ပရိတ်သတ်တွေကစိုးရိမ်ခဲ့ကြပါသေးတယ်။

ဒါပေမယ့်အခုခါမှာတော့ ရက်စ်ဖို့ရဲ့အကောင်းဆုံးအနေအထားကို ပြန်မြင်နေရပြီဖြစ်ပြီး သူဟာ မကြာခင်မှာ အင်္ဂလန်အသင်းကို အနိုင်ရအောင် အဓိကကူညီပေးနိုင်မယ့် ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ရွိင်ကိန်းကယုံကြည်နေတာပါ။

ဒါ့အပြင်မန်စီးတီးအသင်းမှာ ၁၀ဂိုးသွင်းပီး ၇ဂိုးဖန်တီးမှုလုပ်ထားတဲ့စတာလင်ဟာလည်း အင်္ဂလန်အသင်းအတွက် အကောင်းဆုံးအရာတွေယူဆောင်ပေးနိုင်လိမ့်မယ်လို့ရွိင်ကိန်းကယုံကြည်နေပါတယ်။

” ကစားသမားတစ်ယောက်ကိုကြည့်လိုက် သူတို့ကနှုတ်ဆိပ်တယ် ငြိမ်သက်တယ်ဆိုအဲ့ဒါကဘာကိုပြလဲဆိုတော့သူတို့အဆင့်ဘယ်လောက်ထိမြင့်မားတယ်ဆိုတာကိုပြသနေတာပဲ”

” ဥပမာရက်စ်ဖို့ စတာလင် သူတို့က ကောင်းမွန်တဲ့ ကစားသမားတွေပဲ။သူတို့ဟာ ငြိမ်သက်နေပေမယ့် ပေါက်ကွဲဖို့အဆင်သင့်ရှိနေတယ်”

“ဆောက်ဂိတ်ကလည်းသူတို့၂ယောက်လုံးကိုတစ်ကယ်ကြိုက်ပါတယ်”လို့ရွိင်ကိန်းကဆိုခဲ့ပါတယ်။

စတာလင်နဲ့ ရက်စ်ဖိုကို ချီးကျူးခဲ့ပေမယ့် လီဗာပူးအသင်းခေါင်းဆောင်ဟန်ဒါဆန်ကိုတော့ လူစာရင်းမှာထည့်ခဲ့လို့ဆောက်ဂိတ်ကိုရွိင်ကိန်းကဝေဖန်ခဲ့ပါတယ်။

“သူ့ကိုလူတွေရှိစေနေချင်ကြတယ်လို့ကျွန်တော်ကြားဖူးပါတယ်။ ဘာအတွက်လဲ ။သူက မျက်လှည့်ပြတတ်လို့လား? ဒါမှမဟုတ်သီချင်းဆိုပြနေလို့လား။ ညနေခင်းတစ်ခုခုမှာ ပဟေဋိလုပ်တမ်းကစားတတ်လို့လား။”ဆိုပြီး ဟန်ဒါဆန်ကိုတော့ ဝေဖန်ခဲ့ပါတယ်။

အင်္ဂလန်ဟာ သူတို့ရဲ့ ယူရို ၂၀၂၀ အဖွင့်ပွဲမှာ အင်မတန်ကောင်းမွန်ပါတယ်ဆိုတဲ့ ခရိုအေးရှားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးဆောက်ဂိတ်ကတော့ ဒဏ်ရာပြဿနာတွေရှိနေတဲ့ မက်ဂွိုင်းယား ဟန်ဒါဆန်တို့အတွက် စိုးရိမ်မှုတွေရှိနေဆဲပဲဖြစ်ပါတယ်၊ ရက်စ်ဖို့ဟာလည်း ယူရိုပြိုင်ပွဲကြီးပီးသွားမှ သူ့ပုခုံးဒဏ်ရာကို ခွဲစိတ်သွားဖို့ရှိနေပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.