ဆန်ချိုအတွက် ယူနိုက်တက်ကမ်းလှမ်းမှုကို ဒေါ့မွန် ပယ်ချ

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းက တောင်ပံကစားသမား ဆန်ချိုအတွက် ယူနိက်တက်ဘက်က ယူရို 78သန်းနဲ့ကမ်းလှမ်းချက်ကို ဒေါ့မွန်အသင်းကပယ်ချလိုက်ပြီဖြစ်ပါတယ်

မန်ချက်စတာယူနိက်တက်အသင်းဘက်ကို ဒေါ့မွန်အသင်းကနေ ယူရိုသန်း ၉၀+၅သန်းတောင်းဆိုလိုက်ပြီး ငွေပေးချေမှုကိုလည်း ၅နှစ်အရစ်ကျထက်နည်းတဲ့ အချိန်အတွင်းလိုချင်တယ်လို့ ညှိနှိုင်းခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့် အသင်း၂သင်းကြားဈေးညှိတာမှာ ကွာဟချက်ကြီးကြီးမားမားမရှိပဲ ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရပြီးသားဖြစ်နေတဲ့အတွက် မန်ချက်စတာယူနိက်တက်ဘက်က ဒေါ့မွန်အသင်းတောင်းတဲ့ဈေးကိုဘယ်လောက်ထိညှိနှိုင်းပြီးပေးသွားမယ်ဆိုတာတော့မသိရသေးပါဘူး။

မန်ချက်စတာယူနိက်တက်အနေနဲ့ ၃နှစ်ကြာပစ်မှတ်ထား စောင့်ကြည့်ခဲ့တဲ့ ဆန်ချိုကို ဒီနှစ်နွေမှာ အရခေါ်မယ်လို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် မကြာခင်မှာသတင်းကောင်းကြားရမယ်လို့တော့သုံးသပ်ရပါတယ်။

ပြီးခဲ့တဲ့နွေမှာ ယူရိုပါလိဂ်ဖလားနဲ့လွဲခဲ့ရတဲ့ ယူနိက်တက်ဟာ လေးရာသီဆက်ဖလားလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပြီး ဒီနွေမှာတော့ အနည်းဆုံး ကစားသမားသစ် ၃ယောက်လောက်ခေါ်ယူဖို့ရှိတယ်လို့ အပြောင်းအရွေ့သတင်းတွေကဆိုပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.