ဖာနန်ဒက်ခြေစွမ်းပြသွားလို့နိုင်ငံတကာဂိုးသွင်းအများဆုံးစံချိန်ကိုကျော်ဖြတ်ခါနီးမှရပ်တန့်နေတဲ့ဒိုလေး(ရုပ်/သံ)

ပြီးခဲ့တဲ့ညက ပေါ်တူဂီနဲ့အစ္စရေးတို့ ယှဉ်ပြိုင်ကြတဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိဖာနန်ဒက်ဟာ အကောင်းဆုံးသောခြေစွမ်းတွေနဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုကိုပြသနိုင်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ၁ဂိုးပဲသွင်းယူနိုင်ခဲ့ပြီး သရဲနီတပ်သား ဘရူနိုဖာနန်ဒက်ဟာ ၂ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကရဲ့စံချိန်တစ်ခုဖြစ်တဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးကောင်းတွေရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပထမပိုင်းမှာ ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်း၂ခုကို ရော်နယ်ဒိုအသုံးမချနိုင်ခဲ့ပဲ မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကြယ်ပွင့်ဘရူနိုဖာနန်ဒက်ကတော့ အဖွင့်ဂိုးကိုပထမပိုင်းပီးခါနီ ၄၁မိနစ်မှာသွင်းယူနိုင်ခဲ့ပါတယ်။
ဒီဂိုးဟာ ဖာနန်ဒက်ရဲ့ ပေါ်တူဂီအတွက် တတိယဂိုးလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်၂မိနစ်အကြာမှာတော့ ပေါ်တူဂီ အသင်းခေါင်း‌ဆောင် ရောနယ်ဒိုက ဘယ်ခြေနဲ့ပိတ်သွင်းခဲ့ရာက ပေါ်တူဂီတို့ ဒုတိယဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် တတိယဂိုးကို ၈၆မိနစ်မှာ ကန်ဆယ်လိုက ကန်သွင်းယူခဲ့ပြီး မိနစ်၉၀မှာတော့
စတုတ္ထမြောက်ဂိုးကို ဘရူနိဖာနန်ဒက်က ပဲ ဂိုးနဲ့ကိုက်၂၀လောက်အကွာကနေ ဂိုးရဲ့ညာဘက်ထောငိ့ထဲကနေ ဘားရှော့ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်၊

ဒီပွဲမှာ ရော်နယ်ဒိုဟာ ဂိုးရရှိမယ့်အခွင့်အရေးတွေအသုံးမချနိုင်ခဲ့ပဲ အသင်းဖော်ဖာနန်ဒက်ခြေစွမ်းပြပြီးဂိုးတွေသွင်းယူသွားတာကြောင့်နိုင်ငံတကာဂိုးသွင်းအများဆုံးစံချိန်ကိုကျော်ဖြတ်ခါနီးမှရပ်တန့်နေပါတယ်။

လက်ရှိနိုင်ငံတကာဂိုးသွင်းအများဆုံးစံချိန်တင်ထားတဲ့ ၂၀၀၆ခုနှစ်မှာအနားယူခဲ့တဲ့ အီရန်ကစားသမားAli Daeiက ၁၄၉ပွဲမှာ ၁၀၉ဂိုးကိုသွင်းယူထားပြီး အသက်၃၅နစ်ရှိပြီဖြစ်တဲ့ ဒိုလေးကတော့ ၁၇၄ပွဲမှာ၁၀၄ဂိုးကိုသွင်းယူခဲ့ပြီးဖြစ်ပါတယ်။

ပေါ်တူဂီဟာ အစ္စရေးကို ၄ဂိုးပြတ်နဲ့နိုင်ခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိလို့ လက်ရှိမှာ အလီကို မမှီသေးပေမယ့်
ယူရို၂၀၂၀မှာ ရော်နယ်ဒိုဟာ အလီရဲ့စံချိန်ကို ကျော်ဖြတ်ဖို့တော်တော်နီးစပ်နေပြီဖြစ်ပါတယ်။

” စံချိန်အားလုံး ငါရိုက်ချိုးပြမယ်။ အဲ့ဒီစံချိန်ကို ကျော်ပြမယ်”လို့ ဒိုလေးကပြောကြားဖူးပါတယ်။မန်ချက်စတာနဲ့ ရီးရဲကစားသမားဟောင်းဒိုလေးဟာ ‌အလီစံချိန်ကို ကော်ဖြတ်ဖို့ ၆ဂိုးပဲလိုတော့တာဖြစ်ပြီး နောက်အပတ်ထဲမှာ ယူရိုပြိုင်ပွဲကြီးစတော့မှာဖြစ်တဲ့အတွက် ပေါတူဂီခေါင်းဆောင်ဟာ သူပြောထားတဲ့အတိုင်း ကမ္ဘာ့စံချိန်တွေကို ချိုးဖြတ်ပြတော့မှာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ လှပတဲ့ဂိုး၂ဂိုးသွင်းပြီး ၁ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ဖာနန်ဒက်ကတော့ခုလိုမှတ်ချက်ပြုပါတယ်။

” ခုနောက်ဆုံးကစားခဲ့တဲ့ ယူရိုနောက်ဆုံးပွဲကလွယ်တယ်ထင်ရပေမယ့်တစ်ကယ်တော့ခက်ခဲခဲ့ပါတယ်။ အသင်းတိုင်းကခက်ခဲကြပါတယ်။ သူ့ဘာသာကောင်းကြပါတယ်။ ဒုတိယပိုင်းမှာကျွန်တော်ပြောင်းလဲမှုနည်းနည်းလုပ်ခဲ့ပါတယ်။

ကျွန်တော်ရော်နယ်ဒိုဆီကို ဂိုးတွေပိုဖန်တီးပေးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သိပ်အလုပ်မဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ Passတွေ အများကြီးလွဲချော်ခဲ့တယ်။ ဘောလုံဖြန့်တာတွေကလည်းသိပ်မဟုတ်သေးဘူး။ အများကြီးပါပဲ။ကျွန်တော်တို့တိုးတက်ဖို့လိုနေသေးတယ်”လို့ဆိုပါတယ်။ အောက်မှာ ပွဲစဆုံးဟိုက်လိုက်ဗီဒီယိုကိုဖော်ပြပေးလိုက်ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.