ယူရို၂၀၂၀မှာ ဗိုလ်စွဲမယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ သရဲနီဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်

မကြာခင်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့စောင့်ကြည့်ရတော့မယ့် ယူရို ၂၀၂၀ ပြိုင်ပွဲကြီးမှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေကြပါတယ်။

ပရိတ်သတ်တွေကလည်း ဘယ်အသင်း ဗိုလ်လုစွဲမလဲဆိုတာ ခန့်မှန်းသုံးသပ်နေကြသလို ဘောလုံးဝါသနာရှင်တွေ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေကလည်း ဘယ်အသင်းဗိုလ်စွဲနိုင်တယ်ဆိုတာ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်သုံးသပ်နေကြပါတယ်။

အဲ့ဒီထဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ သရဲနီဂန္တဝင်ဟောင်း ဖြစ်တဲ့ လက်ရှိ Sky Sportရုပ်သံမှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူဖြစ်တဲ့ ဂယ်ရီနဗီးလ်ရဲ့ သုံးသပ်ချက်ပါပဲ။

ဘောလုံးသုံးသပ်သူတော်တော်များများက အင်္ဂလန်နဲ့ပေါတူဂီကိုသုံးသပ်နေကြပေမယ့် ဂယ်ရီနဗီးကတော့ ပြင်သစ်အသင်းကပဲ ဗိုလ်စွဲသွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ယူနိက်တက်ဂန္တဝင်ဟောင်းသုံးသပ်တာမှာ ပြင်သစ်အသင်းဘော့စ်Didier Deschamps’ ဟာကစားသမားတွေနဲ့ပက်သက်ပြီးစည်းရုံးရေးကောင်းသလို ပြင်သစ်အသင်းက ကစားသမားအားလုံးလိုလိုဟာစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုပြည့်ဝနေကြသလို ညဏ်ရည်ညဏ်သွေးနဲ့ဘောလုံးစကေးမြင့်မားတဲ့ကစားသမားတွေစုဖွဲ့ထားလို့ဖြစ်တယ်လို့ နဗီးကဆိုပါတယ်။

လက်ရှိနာမည်ကြီးနေတဲ့ အင်္ဂလန်ကတော့ အသင်းလူစာရင်း ၂၆ဦး ကြေငြာတည်းက ဝေဖန်မှုတွေခံခဲ့ရပြီး ဒဏ်ရာရကစားသမားများပြားတဲ့အသင်းဖြစ်နေပါတယ်။

လီဗာပူးနောက်ခံလူ အာနိုးဟာလည်း ဒဏ်ရာကြောင့်နှုတ်ထွက်လိုက်ရပြီး ယူနိက်တက်အသင်းရဲ့နောက်ခံလူ မက်ဂွိုင်းယားကလည်း လေ့ကျင့်ခန်းတောင်မဆင်းနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။

နဗီးခန့်မှန်းတဲ့ ပြင်သစ်အသင်းကတော့ ၂၀၁၈ခုနှစ်မှာ World Cupရယူထားဖူးပြီး ဒီရာသီမှာ ပိုပြီးပြည့်စုံကောင်းမွန်တဲ့ ကစားသမားတွေရှိနေပြီလို့နဗီးကဆိုပါတယ်။

” အတွေ့အကြုံ,ဗိုလ်စွဲဖူးတယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာမြင့်တက်မှု၊ တစ်ကိုယ်ရည်အရည်အသွေး၊ ဂိုးအဆုံးသတ်မှု၊ ညဏ်ကောင်းပြီးတော်တဲ့ကစားသမားများစုဖွဲ့မှု ၊ ဘယ်လိုကစားပွဲမျိုးရဲ့ဘယ်လိုပုံစံမျိုးကိုဖြစ်ဖြစ် ကစားနိုင်မှုဆိုတာ ပြင်သစ်အသင်းမှာပြည့်စုံနေပါတယ်”လို့ နဗီးကSky Sportကိုဆိုပါတယ်

“အရေးကြီးတာက တစ်ယောက်ယောက်ကို မှီခိုနေတဲ့အသင်းမျိုးမဟုတ်ပဲ သူတို့အားလုံးဟာစုဖွဲ့မှုအားကောင်းတဲ့အသင်းမျိုးပါ။”

လက်ရှိမှာ ရုပ်ပိုင်းဆိုင်ကြံခိုင်မှု စိတ်ပိုင်းဆိုင်ရာကြံခိုင်မှု တွေပြည့်စုံနေသလို အရှေ့မှာ အဆုံးသတ်သေချာတဲ့သူတွေရှိနေပါတယ်၊ ခင်ဗျားမှာ အဲ့ဒီလိုအရာတွေပြည့်စုံနေရင် ဂိမ်းတစ်ခုကို ခင်ဗျားနိုင်နေပီဆိုတာခန့်မှန်းလို့ရနေပီလေ”လို့နဗီးကဆက်ပြောပါတယ်။

အင်္ဂလန်အသင်းမှာတော့ ဗိုလ်စွဲမယ်လို့နာမည်ကြီးနေပေမယ့် သူ့အနေနဲ့ မစွဲနိုင်ဘူးပဲထင်တယ်လို့ နဗီးကခုလိုဆိုပါတယ်။” ကံကောင်းဖို့အများကြီးလိုသလို ပိုပြီးကြိုးစားအားစိုက်မှု ပိုလိုအပ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့အပတ်က ချဲဆီးနဲ့မန်စီးတီး ဘာဖြစ်သွားလဲခင်ဗျားတွေ့ခဲ့တယ်မလာ’?

“ကျွန်တော်ကတော့ အင်္ဂလန်ဟာ အံဩဖွယ်ရာ ယူရိုဖလားကို ယူပြနိုင်လိမ့်မယ်မထင်ပါဘူး။ သူတို့World Cup Semifinalကိုပီးခဲ့တဲ့၃နှစ်ကရောက်ခဲ့ဖူးတော့ မျှော်လင့်လိုတော့ရပါတယ်”

“ကျွန်တော့်အနေနဲ့တော့ ကွာတားဖိုင်နယ်ရောက်ပါစေပဲမျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့၃နစ်ကတုန်းက သူတို့ဘာလုပ်ခဲ့လဲဆိုတာပါပဲ”လို့နဗီးက အင်္ဂလန်နဲ့ပက်သက်ပြီးခန့်မှန်းခဲ့ပါတယ်။မန်ဖန်တွေရော ၂၀၂၀ယူရိုဖလားကို ဘယ်အသင်းကိုင်မြော်က်ခွင့်ရမယ်လို့ထင်ပါသလဲ။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.