ပေါင်သန်း၁၀၀တန်ဂရေးလစ် နဲ့ ယူနိက်တက်ရဲ့အခြေအနေမှန်ကို ထုတ်ပြောလိုက်တဲ့ ဂရေးလစ်အေးဂျင့်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေမှာ အက်စတွန်ဗီလာအသင်းက ကွင်းလယ်ကစားသမား ဂျက်ဂရေးလစ်ကို ခေါ်ယူချင်နေတာဖြစ်ပြီးတော့ ဂရေးလစ်ကို ၂နှစ်လောက်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ကွင်းလယ်ကစားသမား ပေါပေါ့ဘာကို စာချုပ်သက်တမ်းတိုးဖို့ကြိုးစားနေတယ်ဆိုပေမယ့် ပေါ့ဘာဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းကို တောင်းဆိုနေပြီး ယူနိုက်တက်က ပေါ့ကို ၄သိန်းနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။

ဒါပေမယ့် ပေါ့ဘာကတော့ ယူနိက်တက်နဲ့ အနာဂါတ်ဟာ သေချာမှုမရှိပဲ အလွတ်ကြေးနဲ့ပြောင်းရွေ့သွားမှာကို ယူနိက်တက်တို့ဘက်က ကြောက်ရွံနေကြပါတယ်။

ဂရေးလစ်ကတော့ ယူနိုက်တက်ကို ပြောင်းလိုတဲ့ ဆန္ဒရှိတယ်လို့ ယူဆရပြီး ယူနိုက်တက်ရောက်ရင် ဘယ်ကျောနံပါတ်ကို ဝတ်ဆင်ချင်တယ်ဆိုတာတောင် အရိပ်အမြွတ်ပြောကြားဖူးပေမယ့် ဒီနှစ်မှာတော့ ကစားသမားက မန်စီးတီးကိုသွားချင်တယ်လို့ပြောကြားထားပါတယ်။

ဒီနှစ်နွေအပြောင်းအရွေ့မှာ နာမည်ထွက်နေတဲ့ ဂရေးလစ်နဲ့ ယူနိုက်တက်ကြားက အခြေအနေမှန်ကို ဂရေးလစ်ရဲ့အေးဂျင့်ဖြစ်သူ ဂျွန်နသန်ဘားနပ် ကတော့ ခုလိုထုတ်ပြောလာပါတယ်။

“ယူနိုက်တက်နဲ့သတင်းထွက်တယ်ဆိုတာနဲ့ပက်သက်ပြီး ပြောရရင် နံပါတ်တစ်က ယူနိက်တက်က သူတို့နွေရာသီဦးစားပေးပစ်မှတ်မှာ ဂရေးလစ်ကို မထည့်ထားဘူးဗျ။ ယူနိက်တက်ဘက်က စိတ်ဝင်စားတယ်ဆိုတာလောက်ပဲရှိတာပါ။ ဘာချိတ်ဆက်မှုမှမရှိထားဘူး။ ဂရေးလစ်ကတော့ သူသွားချင်တဲ့အသင်းကိုသွားနိုင်ပါတယ်။ ”လို့ဂရေးလစ်အေးဂျင့်က ဆိုပါတယ်။

ယူနိက်တက်တို့ဟာ တိုက်စစ်မှူးတစ်ဦး ၊ကွင်းလယ်၂ဦးနဲ့ နောက်ခံလူတွေခေါ်ယူမယ်ဆိုပြီး ပြောထားပေမယ့် လက်ရှိထိတော့ ပြီးခဲ့တဲ့နှစ်ကတည်းက နာမည်ထွက်နေတဲ့ ဆန်ချိုနဲ့တောင် အသင်းနဲ့ဆွေးနွေးမှု ဒီကနေ့မှစတာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိက်တက်ဟာ အပြောင်းအရွေ့ဈေးကွက်ရောက်တိုင်း ထိပ်သီးကစားသမားတွေကို ခေါ်ယူမယ်လို့ နာမည်ကြီးတဲ့အသင်းဖြစ်ပေမယ့် ဈေးကွက်ပိတ်ခါနီးမှ နာမည်ထွက်နေတဲ့ ကစားသမားတွေ တစ်ယောက်မှ မဝယ်တတ်တဲ့အသင်းလည်းဖြစ်နေတာကြောင့် မန်ဖန်တွေကလည်းစိတ်ပျက်နေကြပီပဲဖြစ်ပါတယ်။

“ဂျက်က ဗီလာကိုချစ်ပါတယ်။ ကျွန်တော်တို့ အခြေအနေတစ်ခုကိုစောင့်နေပါတယ်။ ကျွန်တော်တို့က ဂျက်အတွက် လုပ်စရာရှိတာတွေအကောင်းဆုံးလုပ်ပြီးစောင့်နေပါတယ်။ ဒီကြားထဲမှာ ဂျက်က ကံမကောင်းစွာ ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမယ့် ခုဆို သူမြက်ခင်းစိမ်းတွေပေါ်ပြန်လာနိုင်နေပါပြီ။ သူ့မှာစိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြန်ရရှိနေပါပြီ”လို့ Sky Sportsနဲ့ အင်တာဗျူးမှာပြောခဲ့ဖူးပါတယ်။

လက်ရှိယူနိုက်တက်ဘက်ကတော့ ပေါ့ဘာကိုပဲ ဆက်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ဖိအားပေးနေတယ်လို့သတင်းတွေထွက်နေတာဖြစ်ပြီး တိုက်စစ်မှူး ကာဗာနီကိုတော့ စာချုပ်သစ်ချုပ်ဆိုနိင်ခဲ့ပြီဖြစ်ပါတယ်။

ယူနက်တက်အသင်းဟာ အသင်းကိုချုပ်ကိုင်ထားတဲ့ ဂလေဇာမိသားစုရဲ့ ငွေကြေးနဲ့ပက်သက်တဲ့ မူဝါဒတွေကြောင့် လူသစ်ခေါ်ရေးဆိုတာ လွယ်လွယ်နဲ့မဖြစ်လာနိုင်တဲ့ကိစ္စဖြစ်နေတုန်းပါပဲ။

လက်ရှိအထိတော့ အပြောင်းအရွေ့သတင်းတွေထွက်နေပေမယ့် တရားဝင် လက်ဆုပ်လက်ပိုင်ပြစရာရှိတာဆိုလို့ အလွတ်ကြေးနဲ့ခေါ်ထားတဲ့ ဆိုလ်းရှားအသင်းဖော်ဂိုးသမားတွမ်ဟန်တန်ပဲလကုန်ရင်ရောက်လာမှာဖြစ်ပါတယ်…ဆန်ချိုနဲ့ကတော့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရခဲ့ပြီဖြစ်ပေမယ့် အသင်းနဲ့ဆွေးနွေးမှုခုမှစမှာဖြစ်ပါတယ်

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.