ပြီးခဲ့တဲ့ရာသီနဲ့ပက်သက်ပြီး ကိုယ့်ကိုကိုယ် ရဲရဲတောက် ဝေဖန်ရေး ပြန်လုပ်ခဲ့တဲ့ ဂရင်းဝုဒ်

ဖလားလက်မဲ့နဲ့ပြီးဆုံးသွားပြီဖြစ်တဲ့ ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိက်တက်အတွက် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပက်သက်ပြီး မိမိကိုယ်ကိုဝေဖန်ရေးပြန်လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဂရင်းဝုဒ်ဟာ တစ်ကယ့်ကို အဆုံးသတ်သေချာစွာနဲ့ အဆုံးသတ်ဂိုးတွေသွင်းယူမှုအလွန်ကောင်းတဲ့သစ်သားစိမ်းကတော့ သူ့ရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့ပက်သက်ပြီး နည်းပြဆိုးလ်ရှားဟာ သူ့အတွက် အလွန်အရေးပါတယ်လို့သူကသုံးသပ်ပါတယ်။

“ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော့်ကိုယ်ကျွန်တော်အကောင်းကြီးလို့မပြောချင်ပါဘူး၊။ ဒါပေမယ့် အဆိုးကြီးမဆိုးနေခဲ့ပါဘူး။ ကျွန်တော့်ကိုကျွန်တော်အသင်းအတွက် ပေးဆပ်ရတာကျေနပ်မှုရှိပါတယ်”လို့သစ်သားစိမ်းလေးကဆိုပါတယ်။

“ကျွန်တော့်ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရောက်ရှိဖို့ အတွက် တစ်နှစ်လောက်အချိန်ယူပြီးကြိုးစားခဲ့ရပါတယ်။ ကျွန်တော့်ဘက်က တိုးတက်ဖို့လိုအပ်ပါသေး တယ်။ “လို့အသက်၁၉နှစ်အရွယ်ပဲရှိသေးတဲ့ ဂရင်းဝုဒ်ကဆက်လက်ပြောပါတယ်။

ဒါ့အပြင် ဂရင်းဝုဒ်ဟာ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုကိုအားမရဖြစ်ခဲ့ကြောင်းနဲ့ ဒီရာသီကစပြီး ကိုယ်ခန္ဓာကျန်းမာတောင့်တင်းဖို့လုပ်ဆောင်နေပြီလို့လည်းသတင်းစကားပါးလိုက်ပါတယ်။

“ကျွန်တော်ဒီနှစ်ကစပီးရုပ်ပိုင်းဆိုင်ရာတောင့်တင်းကြံခိုင်ဖို့ လေ့ကျင့်ခန်းတွေလည်းလုပ်နေပါပြီ”လို့ဂရင်းဝုဒ်ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ရာသီနဲ့ပက်သက်လို့လည်း”ကျွန်တော်ဟာ အသက်ငယ်လို့ ဘောလုံးပေးပို့တဲ့ အခါ အရမ်းကြီးခရီးမပေါက်တာမျိုးတွေ မဖြစ်တော့ဘူး။ ကျွန်တော်ကစားရတဲ့ ပွဲက ပရီးမီးယားလိဂ်ပြိုင်ပွဲ ဆိုတော့ ခက်ခဲမှုတွေက ပိုပြီးရှိလာမှာကို သိထားပါ တယ်။ တစ်ခြားပြိုင်ပွဲတွေမှာလည်း ဒီလိုခက်ခဲမှုတွေက ရှိလာမှာပါ။

ခင်ဗျာက ယူနိုက်တက်လို ကမ္ဘာ့အကောင်းဆုံးအသင်း မှာ ကစားရင်တော့ ခင်ဗျာဆီမှာ ကြံ့ခိုင်မှုကောင်းတွေ ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ကျွန်တော်ဆိုရင် အခုနောက် ပိုင်းမှာ ဘောလုံးကိစ္စကိုပဲ အာရုံစိုက်ဖြစ်တော့တယ်။

နည်းပြလည်း ကျွန်တော့်အပေါ် အရမ်းပဲဂရုစိုက်ပါ တယ်။ ဒါနဲ့ ကျွန်တော့်ကိုလည်း အများကြီးပဲကူညီပေး ထားပါတယ်။ အထူးသဖြင့် နည်းပြက လူငယ်ကစား သမားတွေနဲ့ အမြဲတမ်းအရောဝင်ပြီး စကားတွေပြောပါ တယ်။ ဆိုးလ်ရှားတစ်ယောက် ယူနိုက်တက်မှာရှိတာကို ကျွန်တော် အမှန်တကယ်ပဲ ကျေနပ်ပါတယ်။ ”လို့ဆိုပါတယ်။

ပေါ့ဘာကဂရင်းဝုဒ်ကို ယူနိက်တက်မှာ” အဆုံးသတ်အကောင်းဆုံး ကစားသမား ၂ယောက်ပဲရှိတယ်။ တစ်ယောက်က ကာဗာနီနဲ့ တစ်ယောက်က ဂရင်းဝုဒ်ပါပဲ။ အက်ဒီရဲ့ ခေါင်းတိုက်ချက်တွေက ဂိုးတွေဖြစ်လာပြီး ဂရင်းဝုဒ်ရဲ့အားသာချက်ကတော့ ဂိုးရှေ့မှာသူထိချက်က ဂိုးပါပဲ။ သူတို့နစ်ယောက်ဟာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိပဲ ဂိုးတွေကို သွင်းယူနိုင်ပါတယ်”လို့ချီးကျူးခဲ့ဖူးပါတယ်။လက်ရှိမှာတော့ ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကနေ ဒဏ်ရာကြောင့်နှုတ်ထွက်ထားတာဖြစ်ပါတယ်။

ဒေးဗစ်ဘကျော်

MGH

Leave a Comment

Your email address will not be published.