နိုင်ငံအသင်းမှာ ဘာကြောင့် ခြေစွမ်းပြနိုင်လဲ ဆိုတာကို ပြောလာတဲ့ ပေါ့ဘာ

လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ယူရို၂၀၂၀ ဖလားကြီးအတွက်တိုက်ပွဲဝင်နေတဲ့ ပေါ့ဘာကတော့ နိုင်ငံလက်ရွေးစင်အသင်းမှာ သူဘာကြောင့် ခြေစွမ်းပြနေနိုင်လဲဆိုတာကို ထုတ်ဖော်ပြောကြားလာပါတယ်။

ယူနိက်တက်အသင်းနဲ့စာချုပ်သစ်ဆက်လက်ချုပ်ဆိုနိုင်ခြင်းမရှိသေးပဲရပ်တန့်နေတဲ့ ပြင်သစ်နိုင်ငံသားပေါ့ဘာကတော့ ပြင်သစ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြနေဆဲပဲဖြစ်ပါတယ်။

တနေ့ညက ကန်တဲ့ ပြင်သစ်နဲ့ဘူဂေးရီးယားပွဲမှာလည်း ယူနိက်တက်ကွင်းလယ် ဗိုလ်ချုပ် ပေါ့ဘာဟာ အကောင်းဆုံးသောခြေစွမ်းတွေ ဖန်တီးပေးပို့မှုတွေလုပ်နိုင်ခဲ့ပါတယ်။

ပြင်သစ်နဲ့ဘူဂေးရီးယားတို့ပွဲမှာ Antoine Griezmann’s က ၂၈မိနစ်မှာဦးဆောင်ဂိုးသွင်းယူခဲ့ပြီးဂျီရော့ကနောက်ပိုင်း၈၃မိနစ်နဲ့၉၀မှာ ၂ဂိုးသွင်းယူခဲ့လို့ ပြင်သစ်တို့ ၃ဂိုးဇီးရိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပေါ့ဘာဟာမန်ချက်စတာယူနိက်တက်အသင်းမှာ နိမ့်လိုက်မြင့်လိုက် အချိန်တွေနဲ့ကြုံတွေ့နေခဲ့ရပြီး အသင်းပြောင်းမယ်လို့ မကြာခနသတင်းတွေထွက်တတ်လို့ပရိတ်သတ်တွေက ပေါ့ဘာနဲ့ပက်သက်ပြီး အမြင်မကြည်မှုတွေဖြစ်နေပါတယ်။

ဒါ့အပြင် မနေ့ညက ဘူဂေးရီးယားနဲ့ပွဲအပြီးမှာ ဆိုရှယ်မီဒီယာတွေပေါ်က ယူနိက်တက်ဖန်အများစုဟာ ပေါ့ဘာနဲ့ပက်သက်ပြီးအားလုံးတစ်ညီတစ်ညွတ်တည်းမှတ်ချက်တစ်ခုကိုပေးခဲ့ကြပါတယ်။

“ပေါ့ဘာဟာ ယူနိက်တက်မှာထက် ပြင်သစ်အသင်းမှာ ပိုပြီးကောင်းကောင်းကစားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဘေးနားမှာ အရည်အချင်းမြင့်ကစားသမားတွေဝိုင်းရံထားလို့ပါပဲ”ဆိုပြီး မန်ဖန်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

၂၀၁၈မှာပြင်သစ်အသင်းနဲ့အတူ World Cup Winnerဖြစ်ခဲ့တဲ့ပေါ့ဘာဟာ ယူနိက်တက်အသင်းမှာ ပြောဆိုဝေဖန်ခံရမှုတွေရှိနေပေမယ့် ပြင်သစ်အသင်းမှာတော့အကောင်းဆုံးခြေစွမ်းပြနေဆဲပဲဖြစ်ပါတယ်

အခုလိုခြေစွမ်းပြနေတာနဲ့ပက်သက်လို့ ပေါ့ဘာကတော့ခုလိုပြောပြလာပါတယ်။”
“ကျွန်တော်ပြင်သစ်အသင်းမှာကစားရတာပျော်ပါတယ်။ ကျွန်တော်တို့ဘော့စ် Deschamps pampers နဲ့ကျွန်တော်ဟာ အချိန်အကြာကြီးရင်းနီးတဲ့ဆက်ဆံရေးရှိပါတယ်။

သူက ကျွန်တော့်ရဲ့အမှန်တရားကို အမြဲ ပြောပြပါတယ်။ သူကကျွန်တော့်ကို အမြဲတွန်းအားတွေပေးတယ်။ ကောင်းမွန်တဲ့ကစားပွဲဖြစ်အောင် လှုံဆော်ပေမယ့် အလွန်အကျွံဖိအားမပေးသလို ကျွန်တော်လုပ်နိုင်စွမ်းရှိသလောက်လုပ်ပါလို့ အမြဲပြောပါတယ်။”

“ပြီးတော့ သူကကျွန်တော့်နောက်မှာ အမြဲတမ်းရှိပါတယ်။ ဒါပေမယ့်ကျွန်တော့ရှေ့မှာ ဘယ်တော့မှ လက်ဆောင်မပေးဘူး။ ဒီအသင်းမှာ ဦးဆောင်နိုင်စွမ်းရှိအောင် သူကျွန်တော့်ကိုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်တော့်ယုံကြည်မှုကို ခိုင်မာအောင်မွေးဖွားသန့်စင်ပေးခဲ့တာပါပဲ။ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်အသင်းအတွက် ပေးဆပ်နိုင်အောင် အရာရာကိုကြိုးစားသွားပါမယ်။”လို့ ပေါ့ဘာကပြောကြားခဲ့ပါတယ်။

ဒီတော့ ပေါ့ဘာရဲ့ပြောဆိုချက်ကိုကြည့်ရင် ပြင်သစ်နည်းပြဟာသူ့ကို ယုံကြည်အောင်စည်းရုံးနိုင်တဲ့အတွက် ဒီအသင်းမှာသူပျော်ရွှင်နေပြီး စွမ်းဆောင်ရည်ကောင်းတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

ဒါဆိုရင် ယူနိုက်တက်အသင်းနည်းပြဆိုလ်းရှားနဲ့ကစားသမားတွေရဲ့ဆက်ဆံရေးကရော ကစားသမားတွေရဲ့ ခြေစွမ်းကို ဘယ်လောကိထိအကျိုးသက်ရောက်စေမလဲ??မန်ယူမှာသူဘာကြောင့်မပြောဘူးပြောခဲ့လဲဆိုတာ စဉ်းစားစရာတော့ဖြစ်လာပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.