ဆန်ချိုနဲ့များလွဲခဲ့ရင် ပေါင်သန်း၅၀ကျော်နဲ့ ချဲလ်ဆီးပစ်မှတ်ကို ချိန်နေတဲ့ ယူနိက်တက်

ဒီစာကိုရေးနေတဲ့အချိန်ထိတော့ ဆန်ချိုနဲ့ယူနိက်တက် နီးစပ်နေတာမှန်ပေမယ့် ဒေါ့မွန်ဘက်ကတောင်းတဲ့ဈေးကိုပေးရင် ဆန်ချိုကိုရမယ်မပေးရင်မရဘူးဆိုတဲ့အခြေအနေကိုယူနိက်တက်တို့ကြုံတွေ့နေရပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တ တောင်ပံကစားသမား ဆန်ချိုအတွက် ယူနိက်တက်ဘက်က ယူရို 78သန်းနဲ့ကမ်းလှမ်းချက်ကိုဒေါ့မွန်အသင်းကပယ်ချလိုက်ပြီဖြစ်ပါတယ်

မန်ချက်စတာယူနိက်တက်အသင်းဘက်ကို ဒေါ့မွန်အသင်းကနေ ယူရိုသန်း ၉၀+၅သန်းတောင်းဆိုလိုက်ပြီး ငွေပေးချေမှုကိုလည်း ၅နှစ်အရစ်ကျထက်နည်းတဲ့ အချိန်အတွင်းလိုချင်တယ်လို့ ညှိနှိုင်းခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့်အသင်း၂သင်းကြားဈေးညှိတာမှာကွာဟချက်ကြီးကြီးမားမားမရှိပဲကစားသမားနဲ့လည်းပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရပြီးသားဖြစ်နေတဲ့အတွက် မန်ချက်စတာယူနိက်တက်ဘက်က ဒေါ့မွန်အသင်းတောင်းတဲ့ဈေးကိုဘယ်လောက်ထိညှိနှိုင်းပြီးပေးသွားမယ်ဆိုတာတော့မသိရသေးပါဘူး။

ဆိုတော့ ဆန်ချိုကိုရဖို့ ဒေါ့မွန်တောင်းတဲ့ဈေးကိုပေးရင် ဆန်ချိုကိုရမယ်
မပေးရင်မရဘူးဆိုတဲ့ အခြေအနေမှာ ယူနိက်တက်တို့ဟာ ချဲလ်ဆီးပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကစားသမား ကင်စလီကိုးမန်းကို ပစ်မှတ်ထားထားတယ်လို့ဆိုပါတယ်။

တကယ်လို့များ ယူနိက်တက်တို့ဘက်က ဒေါ့မွန်က ဆန်ချိုနဲ့ ညှိနှိုင်းမှုအဆင်မပြေလို့ လွဲခဲ့မယ်ဆိုရင်တော့ ဘယ်ညာဆော့နိုင်တဲ့ တောင်ပံကစားသမားဖြစ်တဲ့ ပြင်သစ်နိုင်ငံသားကိုးမန်းကို ယူနိက်တက်တို့ဘက်ကချိတ်ဆက်ဖို့စဉ်းစားနေပါတယ်။

ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်မှာ ၂၀၂၃ဆိုစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဘိုင်ယန်ရဲ့မန်နေဂျာအသစ်ကတော့ ကိုးမန်းကို ပေါင်သန်း၅၀အထက်ရရင်ရောင်းချချင်နေပါတယ်။

လက်ရှိကိုးမန်းရဲ့ဈေးကွက်ပေါက်ဈေးက ယူရို၆၅သန်းဖြစ်ပေမယ့် ဘိုင်ယန်ဘက်က ပေါင်သန်း၅၀အကျော်ကို မျှော်လင့်ထားပါတယ်။

လောလောဆယ်သတင်းတွေက နိုင်ငံခြားသတင်းဌာနကရေးထားတဲ့ အပြောင်းအရွေ့တွေဖြစ်လို့ဘယ်အရာမှ အတည်မဖြစ်သေးပါဘူး။

ဒီတော့ ဆန်ချိုနဲ့များလွဲခဲ့ရင် ကိုးမန်းကရော ယူနိက်တက်အတွက် လိုအပ်ပါ့မလား သင့်တော်ပါမလားဆိုတာ မန်ဖန်တွေလွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်ပါတယ်။..

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.