ဘရူနိုရဲ့ တောင်းဆိုမှုတစ်ခုကို ထပ်မံဖြည့်ဆည်းပေးဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ဆိုလ်းရှား

လက်ရှိအချိန်ထိမန်ချက်စတာယူနိက်တက်အသင်းရဲ့ အဓိက အသက်သွေးကြောလို့ဆိုရမယ့် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဟာ ယူနိက်တက်နဲ့စာချုပ်သစ်ချုပ်ဆိုမှုမရှိသေးတာပါ။

ဒါပေမယ့် မန်ချက်စတာယူနိက်တက်အသင်းကတော့ အရင်လခထက်၂ဆများပီးတော့ ဘရူနိုဖာနန်ဒက်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၂သိန်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမှုရထားပြီးဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဟာ သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဆိုရန်အတွက် အသင့်ရှိနေပေမယ့် စာချုပ်သစ်မချုပ်ဆိုခင်မှာ ပေါ့ဘာရဲ့ စာချုပ်သစ်အခြေအနေကို စောင့်ကြည့်ချင်တယ်လို့ဆိုထားပြီး ကာဗာနီနဲ့ပေါ့ဘာကိုစာချုပ်သစ်ချုပ်ဆိုဖို့ ဖာနန်ဒက်က ဆန္ဒရှိခဲ့တာပါ။

ဘရူနိုဖာနန်ဒက်ရဲ့ ဖြစ်စေချင်တဲ့ဆန္ဒတစ်ခုဖြစ်တဲ့ တိုက်စစ်မှူးကာဗာနီကိုတော့ ယူနိက်တက်ကစာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ယူနိက်တက်ဘက်က ပေ့ါကို စာချုပ်ချုပ်ဖို့ အပြင်းအထန်ကြိုးစားြေနေတယ်လို့ဆိုလ်းရှားက ခုလိုဆိုပါတယ်။

“သူ့အနေနဲ့ ယူနိက်တက်နဲ့အတူ ကြီးကျယ်တဲ့အရာတွေရယူဖို့ စိတ်ကူးထားတာတွေအများကြီးရှိနေမှာပါ။ သူအဖြစ်ချင်ဆုံးဖြစ်တဲ့ အက်ဒီကိုတော့ ကျွန်တော်တို့ဘက်က အသင်းမှာဆက်ရှိနေဖို့ လုပ်ဆောင်ခဲ့ပြီးပြီ၊

ပေါအတွက်ကတော့ ကျွန်တော်တို့ကြိုးစားနေတုန်းပါပဲ၊ ပေါကလည်း အသင်းမှာဆက်ရှိနေချင်တဲ့ ပုံတွေ့ရပါတယ်၊ သူ့ဆန္ဒတွေပြည့်ဝမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ ဆိုလ်းရှားကဆိုပါတယ်။

ကွင်းလယ်ကစားသမားဖာနန်ဒက်က သူ့ရဲ့စာချုပ်သစ်ချုပ်ဆိုရေးဟာ သူ့ရဲ့အသင်းဖော်ဖြစ်တဲ့ ပေါ့ဘာရဲ့ အခြေအနေပေါ်မူတည်နေတယ်လို့ ပြောကြားထားပြီး ပေါ့ဘာနဲ့ ယူနိက်တက်တို့ရဲ့အခြေအနေကိုစောင့်ကြည့်နေတာပါ။

ပြီးခဲ့တဲ့ရက်တွေအတွင်းကသူဟာ အသင်းရဲ ဆေးမြီတို တိုက်စစ်မှူးလို့ ဝေဖန်သူတွေက ပြောနေကြတဲ့ တိုက်စစ်မှူးကာဗာနီကို အသင်းမှာဆက်ရှိနေဖို့ ဘာမဆိုလုပ်သင့်တယ်လို့ တောင်းဆိုခဲ့တာဖြစ်ပြီး အသင်းကလည်း ဂိုးသွင်းမုဆိုးကြီးကာဗာနီကို နောက်ရာသီအတွက် စာချုပ်သစ်ဆက်လက်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုထဲမှာ ပါနေတဲ့ ပေါ့ဘာနဲ့စာချုပ်သစ်ချုပ်ဆိုရေးကတော့ အသင်းတာဝန်ရှိသူတွေနဲ့ ပေါ့ဘာကိုယ်စားလှယ်တွေ မနေ့ကမှ စတင်ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ပေါ့ဘာကတော့လက်ရှိထွက်နေတဲ့ အပြောင်းအရွေ့သတင်းတွေနဲ့ပက်သက်ပြီးခုလိုဆိုပါတယ်။

“ကျွန်တော့်ကို PSGကချည်းကပ်တယ်တဲ့လား? လက်ရှိယူနိက်တက်နဲ့ချုပ်ထားတဲ့စာချုပ်မှာတစ်နှစ်ကျန်သေးတယ်။ ဒါကိုလူတိုင်းသိပါတယ်.ဒီကိစ္စတွေအားလုံးနဲ့ပက်သက်ပြီး ကိုင်တွယ်မယ့်အေးဂျင့်တစ်ယောက် ကျွန်တော့်မှာရှိတယ်။

ပီအက်စ်ဂျီဥက္ကဌဖုန်းနံပါတ်တော့ကျွန်တော့်မှာမရှိဘူး။ လက်ရှိမှာ ကျွန်တော့်ရဲ့ တစ်ခုတည်းသောအတွေးက ယူရိုပြိုင်ပွဲပါပဲ။ ဒါကိုကျွန်တော်အာရုံစိုက်ထားတယ်၊ အရင်ကထက်ပိုပြီးတော့ ကျွန်တော့်မှာအတွေ့အကြုံတွေများလာတယ်။ပစ္စုပန်ကိုပဲအာရုံစိုက်ထားတယ်။ ယူရိုပြိုင်ပွဲကိုပေါ့”လို့ပေါ့ဘာကဆိုပါတယ်။

ယူနိက်တက်မှာ ပေါ့ဘာဆက်ရှိရေး မရှိရေးမှာ ပေါ့ဘာရဲ့‌အေးဂျင့် ရွိင်းအိုလာကလည်း အဓိကကျနေပြီးအေးဂျင့်နဲ့အသင်းကြားမှု မပြေလည်မှုတစ်ချို့လည်းရှိနေပုံရပါတယ်

ဒီတော့သူချစ်တဲ့ပရိတ်သတ်တွေက ကွင်းလယ်ဗိုလ်ချုပ်လို့ခေါ်တဲ့ ပေါ့ဘာကတော့ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုမဆိုတာကတော့ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.