မန်ယူကြယ်ပွင့်တစ်ယောက်ကိုအလွန်အကျွံချီးကျူးပီးကျွန်တော်ကသူ့ရဲ့”Big Fan”ပါလို့ ထုတ်ပြောလိုက်တဲ့ မော်ကြီး

မန်ချက်စတာယူနိက်တက်နည်းပြဟောင်းမော်ရင်ဟိုကတော့ ယူနိက်တက်ကြယ်ပွင့်ကစားသမားတစ်ယောက်ကို အလွန်အကျွံချီးကျူးလိုက်ပြီး သူက အဲ့ဒီကစားသမားရဲ့ ဖန်အကြီးစားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အင်္ဂလန် ၂၀၂၀ယူရိုမှာ အဲ့ဒီကြယ်ပွင့်ကို ပွဲစတည်းက မဖြစ်မနေထည့်သွင်းသင့်တယ်လို့‌ မော်ရင်ဟိုကဆိုပါတယ်။

မော်ရင်ဟိုချီးကျူးခဲ့တဲ့ကစားသမားဟာ အခြားသူမဟုတ်ပါဘူး။ယူနိက်တက်မှာ နံပါတ်တစ်နေရာရောက်ချင်နေတဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ပဲဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ယူနိက်တက်အသင်းကနေ ရှက်ဖီးအသင်းမှာ ၂ရာသီကြာ လက်စွမ်းပြကာကွယ်ခဲ့ပြီးတဲ့နောက် အကောင်းဆုံးပုံစံနဲ့ ယူနိက်တက်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်

ဒါပေမယ့် အရံခုံမှာအချိန်ကုန်ခဲ့ရသလို ဒေးဗစ်ဒီဂီယာနေရာကို တဖြည်းဖြည်း ခြိမ်းခြောက်လာနိုင်ပါတယ်။ ဘာကြောင့်သူက ဟန်ဒါဆန်ရဲ့ ဖန်အကြီးစားဖြစ်ရလဲဆိုတာကို မော်ရင်ဟိုက Talk Sportခုလိုပြောပြလာပါတယ်။

“ဒီယူရိုမှာ သူ့နဲ့ပွဲထွက်သင့်တယ်။ ကျွန်တော်က သူ့ဖန်ပါ။ သူ့ဖန်အကြီးစားပေါ့ဗျာ။ ယူနိက်တက်မှာရှိတုန်းက သူက ကလေးပေါ့။

သူကချာတိတ်ဘဝတည်းက သူ့သဘာဝကိုပြခဲ့တာ။ သူကျွန်တော့်ရုံးခန်းကိုလာတယ်။ ဘာလာပြောတယ်မှတ်လဲ။ သူအဌားသွားကစားလို့ရမလားတဲ့။ ပြီးတော့ သူကဆက်ပြောတယ်။ ကျွန်တော်ပြန်လာရင် နံပါတ်တစ်ဖြစ်စေရမယ်တဲ့။

ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြတယ်။ ဘာလို့ဆို ဒီဂီယာက အသင်းမှာ မရှိမဖြစ် ဂိုးသမားဖြစ်နေချိန်မှာသူက တစ်ပွဲမှတောင်မ ကစားရသေးတဲ့ ချာတိတ်လေ။”

“ဒါပေမယ့် အံ့ဩစရာပဲ သူက အလျင်မြန်ဆုံးတိုးတက်လာတယ်။ အဌားချလိုက်တာ အရမ်းအောင်မြင်သွားတယ်။ ယူနိက်တက်က အံ့ဩစရာကောင်းတာကို လုပ်ခဲ့သလို ဟန်ဒါဆန်က သူကိုယ်တိုင်အတွက် ပိုအံ့ဩစရာကောင်းတာကိုလုပ်နိုင်ခဲ့တယ်။

သူ့အားသာချက်က ယုံကြည်မှုဗျ။ စိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ ဒါကြောင့်အင်္ဂလန်မှာဟန်ဒါဆန်ရှိတာကံကောင်းတယ်။ ဒါပေမယ့်အဲဗာတန်ဂိုးသမားကို ပထမပွဲမှာ ထည့်မယ်ထင်တယ်။”လို့မော်ရင်ဟိုက်ဆိုပါတယ်။

သူကဆက်လက်ပြီး “သူက ၁၀၀ရာခိုင်နှုန်း ၁၀၀ရာခိုင်နှုန်း မွေးဖွားရှင်သန်လာပါပြီ”လို့ ဟန်ဒါဆန်နဲ့ပက်သက်ပြီးသူ့အမြင်ကိုဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နေ့တုန်းကလည်း မန်ချက်စတာနည်းပြဟောင်းမော်ရင်ဟိုက ယူနိက်တက်မှာ ဟန်ဒါဆန်သာ နံပါတ် ၁ဂိုးသမားဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နောက်ရာသီမှာ ရိုးမားကိုကိုင်တွယ်မယ့် မော်ရင်ဟိုဟာ ယူနိက်တက်အသင်းက ဂိုးသမားဒီဂီယာကို ခေါ်ယူချင်တယ်လို့ တရားဝင်ထုတ်ပြောထားပါတယ်။

ယူနိက်တက်တို့အတွက် ဒီနှစ်နွေမှာ ဂိုးသမားနေရာပြဿနာဟာလည်း ဖြေရှင်းရမယ့် ပြဿနာတွေထဲက အကြီးဆုံးတစ်ခုပါပဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဂလေဇာနဲ့နွေရာသီကဇာတ်ကို ဆက်လက်စောင့်ကြည့်ရုံပဲရှိတော့ပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.