လာလီဂါချန်ပီယံအသင်းက ကြယ်ပွင့်ကို ပေါင်၁၀သန်းနဲ့ သွားကမ်းလှမ်းလို့ အငြင်းခံလိုက်ရပြန်တဲ့ မန်ယူ

ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ အက်သလက်တီကိုအသင်းရဲ့ ညာနောက်ခံလူဖြစ်တဲ့ ထရစ်ပီယာ ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အနေနဲ့ ပေါင် ၁၀ သန်းနဲ့

ပထမအကြိမ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် အက် သလက်တီကို အသင်းကတော့ ငြင်းပယ်ချခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ထရစ်ပီယာဟာ အင်္ဂလန်မြေကို ပြန်ပြီး ကစားဖို့ အလိုရှိနေသလို ယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်တယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေကြပါတယ်။

Football Insider ရဲ့ ဖော်ပြမှုအရတော့ အက်သလက်တီကိုအသင်းအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်း ထွက်နေတဲ့ ထရစ်ပီယာကို ပေါင် ၃၅ သန်းလောက်ရမှ လက်လွှတ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အက် သလက်တီကိုနည်းပြ ဆီမြွန်နီကတော့ ထရစ်ပီယာကို အသင်းမှာဆက်ရှိနေစေချင်ပေမယ့် ကစားသမား အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့မှ လက်လွှတ်ဖို့ရှိနေတယ် လို့လည်း သိရပါတယ်။

ယူနိုက်တက်တို့ဟာ လက်ရှိမှာလည်း အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းက ဆန်ချိုကို ပေါင်၆၇သန်းနဲ့ သွားကမ်းလှမ်းလို့ ပထမအကြိမ် အငြင်းခံထားရပါတယ်။ လောလောဆယ်မှာတော့ ဒေါ့မွန်ဘက်က ပေါင်၈၅သန်းလောက်လိုချင်တယ်ဆိုပြီး ညှိနှိုင်းနေကြပါတယ်။

ဒေးဗစ်ဘကျော်

Leave a Comment

Your email address will not be published.