ယူနိက်တက်အောင်မြင်မှုပျောက်ဆုံးနေတဲ့ အကြောင်းရင်းကို ထုတ်ပြောပြလာတဲ့ ဖာဂူဆန်

မန်ချက်စတာယူနိက်တက်အသင်းဟာ ဖလားလက်မဲ့လေးရာသီကို ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာလည်း မျော်လင့်စရာ ယူရိုပါလိဂ်ဖလားအခွင့်အရေးလေး ရှိခဲ့ပေမယ့် ပယ်နတီအဆုံးအဖြတ်နဲ့ ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။

မန်ချက်စတာယူနိက်တက်တို့ဟာ နည်းပြဖာဂူဆန်နောက်ပိုင်း ယူရိုပါလိဂ်ဖလားယူပေးခဲ့တဲ့ မော်ရင်ဟိုကလွဲပြီး အောင်မြင်မှုပျောက်ဆုံးနေခဲ့တာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့်ယူနိက်တက်ကို ၂၆နှစ်ကြာကိုင်တွယ်ခဲ့တဲ့ နည်းပြကြီးဖာဂူဆန်ကတော့ အဓိကအကြောင်းရင်း ၂ချက်ရှိနိုင်တယ်လို့ ထုတ်ဖော်သုံးသပ်လိုက်ပါတယ်။

မန်ချက်စတာယူနိက်တက်ကစားသမားတွေအနေနဲ့ ကြီးမြတ်လှတဲ့ သမိုင်းကြောင်းကို ကိုးကွယ်မှုသာရှိနေပြီး လက်တွေ့မှာ ကြိုးစားမှုလျော့ရဲသလို နည်းပြအပေါ်မှီခိုလွန်းနေတယ်လို့ ဆာအဲလက်ဖာဂူဆန်က သုံးသပ်ပါတယ်။

” ယူနိက်တက်ကစားသမားတွေဟာ ရွှေရောင်ဆောင်းတဲ့ သမိုင်းထဲမှာ နစ်မျှော်နေတယ်။ အသင်းတစ်သင်းအောင်မြင်ဖို့ နည်းပြက အဓိက ကျတယ်ဆိုတာ ကျွန်တော်တို့လက်ခံရပါမယ်။

ဒါပေမယ့် နည်းပြကိုကြီးပဲ မှီခိုလွန်းရင် အဲ့ဒီ အသင်း ဒုက္ခရောက်ပြီပဲ။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြက ဘယ်လိုကောင်းတဲ့ နည်းစနစ်ဗျူဟာသုံးသုံး ကစားသမားတွေရဲ့ ပြင်းပြတဲ့ စိတ်မရှိရင် ဘာမှတိုးတက်ဖို့မရှိနိုင်ဘူး။

ယူနိက်တက်မှာ ပျောက်ဆုံနေတဲ့ အရာက အောင်မြင်မှုကို ဆာလောင်တဲ့ ပြင်းပြတဲ့စိတ်ဓါတ်နဲ့ကစားသမားမျိုးတွေပဲဖြစ်တယ်”လို့ Talk sportမှာ နည်းပြကြီးဖာဂူဆန်ကပြောကြားခဲ့ပါတယ်။

နည်းပြကြီးဖာဂူဆန်ရဲ့တပည့် အိုလေဂန်းနားဆိုလိးရှားဟာ ယူနိက်တက်ကို လက်ရှိမှာ အကောင်းဆုံးပြန်လည် တည်ဆောက်နေပေမယ့် ယူနိက်တက်တို့ဟာ ရွှေရောင်လွမ်းတဲ့နေ့ရက်တွေကို ပြနမရောက်နိင်သေးပါဘူး။

မန်ချက်စတာယူနိက်တက်အသင်းဟာ သရဲနီDNAပါတဲ့ကစားသမားတွေကြောင့် အောင်မြင်မှုတွေရခဲ့တာသက်သေဖြစ်ပေမယ့် လက်ရှိမှာ နိုင်ပွဲကိုဆာလောင်တဲ့ သရဲနီစိတ်ဓါတ်နဲ့ကစားသမား ရှားပါးနေတာဟာလည်း အောင်မြင်မှုနဲ့ဝေးနေစေတဲ့ အကြောင်းတစ်ချက်များဖြစ်လာနိုင်မလား စဉ်းစားစရာဖြစ်ပါတယ်။

နည်းပြကြီးဖာဂူဆန်ကိုင်တွယ်ခဲ့တဲ့ ၂၆နှစ်သက်တမ်းအတွင်း အောင်မြင်မှုတွေဟာ လက်ရှိထိ တသသပြောနေရတုန်းဖြစ်ပေမယ့်ရွှေထီးဆောင်းတဲ့နှစ်တွေထဲမှာ မျောနေရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

လက်ရှိမှာ နည်းပြဆိုလ်းရှားရဲ့နည်းစနစ်ပိုင်းနဲ့ပက်သက်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် အိုလေဟာ ဂလေဇာရဲ့ ကပ်စေးနဲမူဝါဒတွေကြား ရှိတဲ့ကစားသမားနဲ့ အသင်းကို အကောာင်းဆုံးတည်ဆောက်နေတယ်လို့ ဘောလုံးသုံးသပ်သူတွေက ယုံကြည်နေကြပါတယ်။

နည်းပြကြီးဖာဂူဆန်ကတော့ အိုလေနဲ့ပက်သက်ပြီး ဘာမှဝေဖန်မှုမရှိပေမယ့် မန်ချက်စတာယူနိက်တက်ဖန်အများစုကတော့ ဖိုင်နယ်မှာ ဗီလာရီးရဲလ်ကိုရှုံးတည်းက အိုလေကိုအားပေးထောက်ခံမှုလျော့ကျလာပါတယ်။

ယူနိက်တက်မှာ ဖာဂူဆန်နောက်ပိုင်းနည်းပြတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ပေမယ့် အောင်မြင်မှုမရသေးတာကိုကြည့်ခြင်းအားဖြင့် ဖာဂူဆန်ပြောသလို နည်းပြကိုပဲ အားကိုးနေရတာ အဓိကအကြောင်းမဟုတ်ပဲ ကစားသမားတွေရဲ့ နိုင်ပွဲဆာလောင်စိတ်နဲ့ သရဲနီ စိတ်ဓါတ်ပျောက်ဆုံးနေတာ အကြောင်းတစ်ခုဖြစ်နိုင်မလားလို့စဉ်းစားမိပါတယ်။

Leave a Comment

Your email address will not be published.