စော်ပစ်ကောင်လေး ရက်စ်ဖို့အတွက် ရင်ခုန်အောင် လုပ်လိုက်တဲ့ ဆန်ချို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းက ဆန်ချိုကတော့ ယူနိက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရသွားပြီဖြစ်ပေမယ့် မန်ချက်စတာယူနိက်တက်အသင်းနဲ့ ဈေးညှိနေတုန်းပဲဖြစ်ပါတယ်။

နှစ်ဖက်အသင်းဈေးကွာဟချက်က ပေါင်သန်း၂၀လောက်သာရှိတော့တာဖြစ်ပြီး အခြေအနေကတော့ ဒေါ့မွန်ဘက်က လုံးဝလျော့မယ့်ပုံမပေါ်လို့ ဒေါ့မွန်အလိုလိုက်ပြီး ယူနိက်တက်ဘက်က မပေးဘူးဆိုရင်တော့ ဆန်ချိုနဲ့ လွဲဖွယ်ရှိနေပါတယ်။

ဒါပေမယ့် တိုက်စစ်မှူး ဆန်ချိုကတော့ မန်ချက်စတာယူနိက်တက်အသင်းကြယ်ပွင့် မားကပ်စ်ရက်စဖို့နဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ဂိမ်းကစားဖော်ကစားဖက်တွေလည်းဖြစ်ပါတယ်။

လက်ရှိမှာ ယူရို ၂၀၂၀ ပြိင်ပွဲကြီးအတွက် အင်္ဂလန်အသင်းမှာ အတူကစားနေရတဲ့ စော်ပစ်ကောင်လေး ရက်စ်ဖို့နဲ့ပက်သက်ပြီး ဒေါ့မွန်အသင်းကဆန်ချိုက ခုလိုအားပေးနှစ်သိမ့်စကားဆိုလာပါတယ်။

“ရက်ဖို့ရဲ့အားသာချက်က ဘာလဲဆိုတော့အရမ်း ချစ်ဖို့ကောင်းတာပါ။ကျွန်တော်က သူနဲ့ အတူ ရှိနေရရင် ပျော်တယ်လေ၊အခုဆိုရင် နိုင်ငံ အသင်းမှာ တူတူရှိနေပီ ။

အရမ်းကျေနပ်ပါတယ်။ကျွန်တော့ဆိုလည်း အမြဲစိတ်ပူ ပေးတတ်တယ်၊ နောက်ပီးသူကဂိုးသွင်းလည်းကောင်းပါတယ်။ အပိုဆု အနေ နဲ့ သူက ဂိုးသွင်းးရင် အရမ်းအားပါတာပဲ၊ သူရဲ့ချစ်သူက သူကို ပစ်ထားခဲ့တာ ကျွန်တော်သိပါတယ် ဒါပေမဲ့ သူ့ဘက်မှာ ကျွန်တော် ရှိတယ်လို့ အမြဲတမ်းသူ့ကို အားပေးအာမြဲ နေပေးခဲ့ပါတယ်”လို့ဆိုပါတယ်။

ဆန်ချိုဟာ ချဲလ်ဆီးပရီတ်သတ်ဖြစ်ပေမယ့် ယူနိက်တက်ကို ပြောင်းဖို့ စဉ်းစားခဲ့တာဟာ ရက်စ်ဖို့ကြောင့်အများကြီး ပါပြီး လက်ရှိမှာတော့ ယူနိက်တက်ဘက်က ဒေါ့မွန်တောင်းတဲ့ဈေးကို ပေးလိုက်မယ်ဆိုရင် တော့ ဆန်ချိုနဲ့သူ့အချစ်တော် ရက်စ်ဖို့တို့ အတူတွဲကစားရတာကို ယူနိက်တက်မှာ မကြာခင်မြင်ရတော့မှာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.