ခြေစွမ်းပြနေတဲ့ မန်ယူကစားသမားကို ထုတ်လိုက်လို့”လုံးဝရူးနေသွပ်နေတာပဲ”ဆိုပီးအဝေဖန်နေရတဲ့နည်းပြ

ပြီးခဲ့တဲ့နေ့က ယူရို၂၀၂၀မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝေးလ်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်အပြီးမှာ ခြေစွမ်းပြနေတဲ့ ယူနိက်တက်ကစားသမားကို လူစားလဲခဲ့တဲ့ ဝေးလ်အသင်းနည်းပြကို ပရိတ်တွေက “လုံးဝရူးသွပ်နေတာပဲ”ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။

ဝေးလ်နဲ့ဆွစ်ဇာလန်တို့ဟာ အဲ့ဒီပွဲမှာ ၁-၁နဲ့ သရေတစ်မှတ်စီ ခွဲယူခဲ့ကြပြီး ဆွစ်ဇာလန်အတွက် နစ်နာခဲ့တယ်လို့တော့ပြောလို့ရပါတယ်။

ဝေးလ်အနေနဲ့ ဆွစ်ကွင်း’လယ်ပိုင်းကို မယှဉ်နိုင်ခဲ့ပဲ ဂိုးသမားလက်စွမ်းပြနေခဲ့လို့ ရှုံးပွဲနဲ့မကြုံခဲ့ရသလို ယူနိက်တက်ကစားသမား ဒန်နီရဲလ်ဂျိန်းက အဲ့ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ပါတယ်။

ခံစစ်ပိုင်းကိုဦးစားပေးခဲ့တဲ့ ဝေးလ်အသင်းဟာ ရှေ့လယ်နောက်စုစည်းမှုကလည်း ကျစ်ကျစ်လစ်လစ်ရှိခဲ့ပြီးတော့
ဂါရတ်ဘေး ဒန်နီယယ်ဂျိန်း တို့အတွဲကလည်း ဆွစ်ဇာလန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိခဲ့ပါတယ်

ဒါပေမယ့် တိုက်စစ်အသာပေး နဲ့ စွဲမက်ဖွယ်ကစားဟန်ရှိတဲ့ ဆွစ်ဇာလန်အသင်းဟာ ၄၉မိနစ်မှာ အမ်ဘိုလိုက ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်ဒါပေမယ့် ၇၄မိနစ်မှာပဲ မထင်မှတ်ထားတဲ့အနေအထားကနေ ဝေးလ်တို့ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။

အဲ့ဒီပွဲမှာအကောင်းဆုံးကြိုးစားပြီး ခြေစွမ်းပြနေတဲ့ ဂျိန်းကို နည်းပြက လူစားလဲခဲ့တဲ့အတွက် ပရိတ်သတ်တွေက ဝေဖန်နေခဲ့ကြတာပါ။

” ဂျိန်းက အံဩစရာတွေကိုလုပ်ပြခဲ့ပါတယ်။ အရမ်းလည်းကြိုးစားခဲ့ပါတယ်။ သူ့ကိုကျွန်တော်လူစားလဲတော့ သူမပျော်ခဲ့ပါဘူး။ သူ့ခေါင်းကိုရမ်းပီး ကျွန်တော့်ကိုလားကျွန်တော့်ကိုလားဆိုပီး မေးခွန်းထုတ်နေခဲ့ပါတယ်။

သူကကောင်းတဲ့အတွက် ကျွန်တော်နောက်ပွဲတွေမှာသူ့ကိုလိုအပ်နေလို့ လူစားလဲခဲ့တာဖြစ်ပါတယ်”လို့ ဝေးလ်နည်းပြ ROB က မီဒီယာတွေကိုပြန်လည်ပြောကြားခဲ့ပါတယ်။

ပွဲပြီးတဲ့နောက်မှာလည်း ယူနိက်တက်ကစားသမားနဲ့ပက်သက်ပြီး ဘာပြဿနာမှမရှိပဲ သာမန်လူစားလဲမှုသာလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီလိုလဲခဲ့လို့ ကစားသမားဟာ စိတ်ပျက်နေတယ်လို့ ROBက‌ ဝန်ခံသွားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ဂျိန်းရဲ့ လျင်မြန်လွန်းတဲ့ ပြေးနှုန်းနဲ့ တိုက်စစ်ဆင်မှုတွေကို ပရိတ်သတ်တွေက သဘောကျနေခဲ့ပြီး ဝေးလ်အသင်းရဲ့ အကောင်းဆုံးကြိုးစားနေတဲ့ကစားသမားကို လူစားလဲခဲ့လို့ နည်းပြကို ဝေဖန်နေခဲ့ကြတာဖြစ်ပါတယ်။

ဆွစ်အသင်းဟာ သရေဖြစ်ပြီးနောက် ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ဝေးလ်ဂိုးသမားဟာ လက်စွမ်းပြနေခဲ့ပြီး ရခဲ့တဲ့နောက်တစ်ဂိုးကလည်း VARကြောင့် လက်လွတ်ခဲ့ရလို့ သရေနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဝေးလ်အသင်းဟာ နောက်တစ်ပွဲမှာ တူရကီနဲ့ ၁၆ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂျိန်းအနေနဲ့ အဲ့ဒီပွဲမှာ ဘယ်လိုအကောင်းဆုံးကစားဦးမလဲဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဂျိန်းကတော့ ယူနိက်တက်မှာ ပြေးအားအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပေမယ့် အဆုံးသတ်မသေချာတဲ့အတွက် ဝေဖန်မှုတွေခံခဲ့ရသူလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.