‘သူ့အနာဂါတ်အတွက် ယူနိက်တက်အသင်းကို စဉ်းစားပေးဖို့’ တောင်းဆိုလိုက်တဲ့ ပါရမီရှင်ကစားသမားလေး

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဒရော့ဘာသာမကပဲ ယူနိက်တက်ကစားသမားဟောင်းကြီးတွေပါချီးကျူးနေကြတဲ့ ယူနိက်တက်တောင်ပံတိုက်စစ်ကစားသမားလေး အာမက်ဒိယာလိုကတော့ သူ့အနာဂါတ်ကို စဉ်းစားပေးဖို့ ယူနိက်တက်အသင်းကိုတောင်းဆိုလိုက်ပါတယ်။

အဆိုပါတောင်းဆိုမှုကတော့ အသင်းကိုရောက်ရှိလာတော့မယ့် တောင်ပံကစားသမားဆန်ချိုကြောင့်သူ့ရဲ့အနာဂါတ်ပျောက်ဆုံးမှာမလိုလာကြောင်းအသိပေးခဲ့တာဖြစ်တယ်လို့ The Sunက ဖော်ပြထားပါတယ်။

ဒီယာလိုဟာလက်ရှိမှာတော့ အိုင်ဗရိကိုစ်လက်ရွေးစင်အသင်းနဲ့အတူခြေစွမ်းပြကစားနေပြီးတော့အိုင်ဗရီကိုစ်အသင်းမှာနှစ်ပွဲကစားပြီးတစ်ဂိုးသွင်းယူထားပါတယ်။

နိင်ငံအသင်းအတွက် နောက်ဆုံးမိနစ်မှာမှ ဒိယာလို သွင်းယူခဲ့တဲ့ ဖရီးကစ်ဟာလည်း ပရိတ်သတ်တွေရင်ထဲစွဲကျန်ခဲ့ပြီး
ချဲလ်ဆီးလီးဂျန့်ဒရော့ဘာက “ဒါအစပဲရှိသေးတယ်။ ဘုရားသခင် ကြီးမြတ်တဲ့ ကောင်းချီးတွေထပ်ပေးပါစေ”ဆိုပြီး ဒီယာလိုကိုချီးကျူးရေးသားခဲ့ပါတယ်။

မန်ယူအသင်းကိုရောက်ရှိလာတော့မယ့်ဆန်ချိုဟာ ဒီယာလိုကဲ့သို့ဘဲညာတောင်ပံကစားသမားတစ်ဦးဖြစ်တာကြောင့် အသင်းကြီးမှာနေရာမရရှိသေးတဲ့ဒီယာလိုအတွက်ပိုမိုခက်ခဲလာဖို့ရှိနေပါတယ်။

အဆိုပါနေရာမှာ လူငယ်တိုက်စစ်မှူးဂရင်းဝုဒ်ကလည်းကစားနိုင်တာကြောင့်ဆန်ချိုသာရောက်ရှိလာပါကဒီယာလိုအနေနဲ့အသင်းကြီးမှာပွဲထွက်ခွင့် အတွက်တကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်လာတော့မှာပါ။

ဒါကြောင့် ဒီယာလိုက သူ့ရဲ့အနာဂါတ်အတွက်စဉ်းစားပေးဖို့တောင်းဆိုလိုက်ပြီးသူ့အနေနဲ့အခြားအသင်းကိုအငှားသွားရောက်ကစားတာမျိုးလည်းမပြုလုပ်လိုကြောင်းဆိုပါတယ်။

ယူနိုက်တတ်အသင်းကတော့ဆန်ချိုရောက်ရှိမလာခင်ထဲကပြိုင်ဆိုင်မှုတွပြင်းထန်လာနေပြီးလာမယ့်ဘောလုံးရာသီမှာ အားကောင်းတဲ့ညာတောင်ပံတိုက်စစ်ကိုတွေ့ရဖို့သေချာနေပါပြီ။ ပရီတ်သတ်တွေရော ဒီဲယာလို တောင်းဆိုတာ မျှတတယ်လို့ ဆိုနိုင်ရဲ့လား?

DBK

Leave a Comment

Your email address will not be published.