အဆုံးစွန်ထိ ပေးဆပ်ခဲ့လို့ မန်ယူရဲ့ အားကစား ဒါရိုက်တာတောင် ဖြစ်လာနိုင်တဲ့ မာတာ

မန်ချက်စတာယူနိက်တက်အသင်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်သလို ယူနိက်တက်ရဲ့ သက်တမ်းကြာ သရဲနီကစားသမားကြီးမာတာဟာ ယူနိက်တက်ကို အလွန်ချစ်ခင်သံယောဇဉ်ထားသူဖြစ်တဲ့အတွက် အသင်းကိုမစွန့်ခွာရေး အမျိုးမျိုး ကြိုးစားခဲ့ရှာပါတယ်။

ဒီနှစ်မှာလည်း နွေဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ရှိနေတဲ့ ယူနိက်တက်ဟာ အသင်းအတွက် မလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းချသွားဖို့ရှိနေတာဖြစ်ပြီး အစောပိုင်းသတင်းတွေမှာ ကွင်းလယ်လူ မာတာလည်းပါဝင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိက်တက်ရဲ့ သက်တမ်းရှည်ကစားသမား မာတာကတော့ လစာလျော့ယူမယ်ဆိုပြီး အသင်းကို တောင်းပန်ခဲ့ပြီး အသင်းမှာဆက်နေခွင့်ရဖို့ကြိုးစားခဲ့ရှာပါတယ်။

ဒါနဲပက်သက်ပြီး ယူနိက်တက်အသင်းဟာ ခုခါမှာတော့ မာတာကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား ဟွမ်မာတာအား ၂၀၂၂ အထိတစ်နှစ်သက်တမ်းတိုးစာချုပ်ကမ်းလှမ်းထားကြောင်း စပိန်အခြေစိုက်အားကစားမီဒီယာ SPORT ကဖော်ပြထားပါတယ်။

စာချုပ်မှာလစာလျှော့ယူရမယ့် အချက်ပါဝင်ပြီး သက်တမ်းကုန်ဆုံးပါက ၎င်း၏ကိုယ်ရည်ကိုယ်သွေးကြောင့် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်စေရန်လိုလားပြီး အားကစားဒါရိုက်တာပင်ဖြစ်လာဖွယ်ရှိတယ်လို့ စပိန်မီဒီယာမှာဖော်ပြထားပါတယ်။

မန်ချက်စတာယူနိက်တက်အသင်းမှာ ယူနိက်တက်ကို ရင်ထဲအသဲထဲက ချစ်တဲ့ သရဲနီစိတ်ပြင်းပြတဲ့ မာတာလိုကစားသမားမျိုးတွေရှားပါးလာနေပြီဖြစ်ပြီး ဈေးကောင်းနဲ့အသင်းကောင်းတွေ့ရင်လစ်ဖို့ချောင်းနေတဲ့ကစားသမားတွေလည်းအများအပြားရှိနေတာဖြစ်ပါတယ်။ ကဲမန်ဖန်တွေရော မာတာလစာလျော့ယူပီးအသင်းမှာဆက်ရှိတာကျေနပ်မှုရှိပါရဲ့လား?

DBK

Leave a Comment

Your email address will not be published.