နွေရာသီအပြောင်းအရွေ့ရောက်မှ ဇောင်းကြွလာပြန်တဲ့ မားကပ်ရက်စ်ဖို့

ပြီးခဲ့ရာသီပိတ်ခါနီးမှာ ကျွန်တော်ကတော့ ယူနိက်တက်မှာပဲ အမြဲတမ်းနေမယ်လို့ မပြောနိုင်ဘူးလို့ ပြောကြားခဲ့လို့ ပရိတ်သတ်တွေကို တွစ်တာက ဖြေရှင်းချက်ထုတ်ပြီး ပြန်ရှင်းပြခဲ့ရတဲ့ စော်ပစ်ကောင်လေး ရက်စ်ဖို့ဟာ ခုခါမှာလည်း သူ့အနေနဲ့ အသင်းနဲ့အံ့ဝင်ခွင်ကျမှုမရှိတာတွေကြုံကောင်းကြုံလာရင် အသင်းပြောင်းဖွယ်ရှိတယ်လို့ပြောကြားလိုက်ပါတယ်။

ရက်စ်ဖို့ဟာ ဒီနေ့ခေတ်ဘောလုဲံးလောကမှာ အရာအားလုံးဟာပြောင်းနေကြတာပဲဖြစ်တဲ့အတွက်သူလည်း ၁၀၀ရာခိုင်နှုန်းအာမမခံဘူးလို့ပြောကြားခဲ့တာပါ.

လက်ရှိမှာ ယူနိက်တက်အသင်းဟာ နွေရာသီအပြောင်းအရွေ့အတွက် ရက်စ်ဖို့ရဲ့ နိုင်ငံအသင်းဖော်သူငယ်ချင်းဆန်ချိုကို ခေါ်ယူဖို့နီးစပ်နေပြီဖြစ်ပြီး အဲ့ဒီလိုယူနိက်တက်ဘက်က အပြောင်းအရွေ့တွေအတွက် ကြိုးစားနေချိန်မှာ ရက်စ်ဖို့ဟာ MUTVကို ခုလိုပြောကြားသွားတာပါ။

“ဒီနေ့ခတ်ဘောလုံးလောကမှာတော့ ဘာမဆိုဖြစ်သွားနိုင်တာပဲလေ။ ခင်ဗျားဘယ်တော့မှ ၁၀၀ရာခိုင်နှုန်းမသေချာပါဘူး။ တစ်နေ့မှာ ခင်ဗျား အစားထိုးခံရနိုင်သလို ကလပ်အသင်းက တစ်ခြားတစ်ယောက်ကို အသစ်ခေါ်ချင်ခေါ်မှာလေ။ ဒါမှမဟုတ်လည်း ကလပ်ရဲ့ကစားပုံ စတိုင်နဲ့ အံ့မဝင်တော့တာမျိုးလည်းဖြစ်လာနိုင်တာပဲ။

ကလပ်မှာပြောင်းလဲမှုတွေအများကြီးဖြစ်လာနိုင်သလို နောက်၁၀နစ် ၁၅နစ်အတွင်းမှာ ပြောင်းလဲလာနိုင်တာတွေအများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ ကလပ်အတွက် တတ်နိုင်သလောက် ကစားပေးဖို့မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဘဝစတင်ခဲ့ရာမှာပဲ အဆုံးသတ် အနားယူချင်ပါတယ်”လို့ MUTVကို ပြောကြားခဲ့တာပါ။

၁၉၉၇ခုနှစ်မှာမွေးဖွားခဲ့တဲ့ မားကပ်ရက်စ်ဖို့ဟာ အသက်၇နှစ်တည်းက မန်ချက်စတာယူနိက်တက်အသင်းမှာ ဘောလုံးသမားဘဝကိုစတင်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ပထမဆုံးအသင်းမှာ ၂ဂိုးသွင်းယူခဲ့တဲ့ ငယ်မွေးခြံပေါက်ကစားသမားလေးဖြစ်ပါတယ်။

လက်ရှိမှာလည်း ယူနိက်တက်အသင်းအတွက် အထူးအားကိုးရတဲ့ တောင်ပံတိုက်စစ်ကစားသမားဖြစ်သလို ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ်ဖိုင်နယ်ထိရောက်အောင် စွမ်းဆောင်ရာမှာ အဓိကကျတဲ့ကစားသမားတစ်ဦးပါ။

ယူနိုက်တက်မှာ ခြေစွမ်းပြနေခဲ့တဲ့ရက်စ်ဖို့ဟာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံးကစားသမားလည်းဖြစ်သလို သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကြောင့် ကမ္ဘာတစ်ခုလုံးက လေးစားချစ်ခင်ရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

ဒါပေမယ့် ယူရိုပါလိဂ်ဖိုင်နယ်မှာ ဝေဖန်မှုတွေခံခဲ့ရပြီး အဲ့ဒီဖိုင်နယ်မကန်ခင်ကလည်း အသင်းပြောင်းရွေ့မယ်ဆိုတဲ့ အသံထွက်လာတာကြောင့် ပရိတ်သတ်တွေဆူညံစွာဝေဖန်ခဲ့ပါတယ်။

အဲ့ဒီတုန်းကလည်းယူနိုက်တက်အတွက် အထူးအားကိုးရတဲ့ တိုက်စစ်မှူး မားကပ်ရက်စ်ဖို့ကတော့ သူ့ရဲ့အနာဂါတ်အစီအစဉ်နဲ့ပက်သက်ပြီး အမေးအဖြေတစ်ခုမှာ သူ့အနေနဲ့ ဘယ်အရာကိုမှတထစ်ချမပြောနိုင်ပဲ တကယ်လို့များ ယူနိက်တက်အသင်းကသာ သူထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူအရမ်းသွားကစားချင်တဲ့ အသင်း ၂သင်းရှိကြောင်းဆိုပါတယ်။

မားကပ်အနေနဲ့”တခြားနိုင်ငံတွေ တခြားအသင်းတွေမှာ ပြောင်းလဲကစားဖို့ဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေရှိလားလို့ ဂါးဒီးယန်းအားကစားသတင်းထောက်တစ်ဦးရဲ့အမေးကို

“ကျွန်တော် NOလို့တော့ဘယ်တော့မှ ဖြေမှာမဟုတ်ဘူး ”

“‌ဪယူနိုက်တက်အပြင် ကျွန်တော့်အတွက် စံပြအားကျရတဲ့အသင်းဆိုရင်တော့ ရှိပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်ပါ။ အဲ့ဒီ ၂သင်းမှာကျွန်တော်ကစားချင်ပါတယ်။

ကျွန်တော်က သူတို့ရဲ့ ဖန်အကြီးစားလေ။ ဘာလို့ကြိုက်လဲဆိုတော့ အဲ့ဒီ ၂သင်းလုံးမှာ ကြီးမြတ်တဲ့ကစားသမားကြီးတွေရှိနေကြတယ်လေ။ သူတို့ကစားတာအရမ်းဆွဲဆောင်မှုပြင်းတယ်ဗျ”လို့မားကပ်ရက်ဖို့ကဆိုပါတယ်။

“ဒါကကျွန်တော်မှမဟုတ်ပါဘူး။ လူတိုင်း ဒီ ၂သင်းမှာ ကစားချင်ကြမှာပါ”လို့ ရက်စ်ဖို့ကဆက်လက်ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈လောက်တုန်းက ဘာစီလိုနာနဲ့ ရီးရဲတို့က ရက်စ်ဖို့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေမြင့်တက်နေခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ငယ်မွေးခြံပေါက်လေးရက်စ်ဖို့ဟာ၂၃နှစ်အရွယ်ရှိပြီဖြစ်ပြီးယူနိက်တက်နဲ့ ၂၀၂၃ထိစာချုပ်ချုပ်ဆိုထားတာဖြစ်တဲ့အတွက် သူ့ရဲ့အနာဂါတ်ကတော့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာသူပြောသလိုပဲဘယ်အရာကိုမှတထစ်ချပြောလို့မရပဲဆက်လက်စောင့်ကြည့်ရုံသာရှိပါလိမ့်မယ်…

DBK

Leave a Comment

Your email address will not be published.