ဆန်ချိုကိုမခေါ်ခင်တည်းက ပြီးပြည့်စုံတဲ့ ကြယ်ပွင့်၂ယောက် ယူနိက်တက်မှာရှိနေကြောင်း ရွိင်ကိန်းပြော

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်အသင်းကဆန်ချိုကို ခေါ်ယူဖို့ အပူတပြင်းကြိုးစားနေပေမယ့် ယူနိက်တက်မှာဆန်ချိုလိုပဲ ပြီးပြည့်စုံတဲ့ကစားသမားကြယ်ပွင့် ၂ယောက်ရှိနေနှင့်ပီးဖြစ်ကြောင်း ယူနိက်တက်ဂန္တဝင်ဟောင်းရွိင်ကိန်းကပြောကြားလိုက်ပါတယ်။

လက်ရှိမှာ ဆန်ချိုကို ပေါင်သန်း၈၀ကျော်နဲ့ ယူနိက်တက်တို့က ခေါ်ယူဖို့ကြိုးစားနေပေမယ့် ရွိင်ကိန်းကတော့ ဖာဒီနန်ပြောတာကိုသူ့အနေနဲ့လက်ခံပီး ဆန်ချိုလိုကစားသမား ယူနိက်တက်မှာရှိပီး အထောင်တိုက်စစ်မှူးစစ်စစ်သာလိုကြောင်းထပ်မံပြောကြားခဲ့တာပါ။

“ဖာဒီနန်ပြောတာလက်ခံရမယ်။ တောင်ပံတိုက်စစ်မှာ ဂရင်းဝုဒ်နဲ့အာမက်ရှိနေတယ်။ ဆန်ချိုကိုထပ်ခေါ်တာဟာ မလိုဘူးလို့ကျွန်တော်တော့ထင်တယ်။ ခုလိုနေတာက အထောင်တိုက်စစ်မှူးစစ်စစ် နဲ့နောက်တန်းပဲ။ ကွင်းလယ်ကိုလည်းစဉ်းစားတော့စဉ်းစားသင့်တာပေါ့လေ”လို့ ရွိင်ကိန်းကပြောခဲ့တာပါ။

လက်ရှိမှာ အထောင်တိုက်စစ်အနေနဲ့ ကာဗာနီရှိနေပြီးသားဖြစ်ပေမယ့် တစ်နှစ်သာစာချုပ်တိုးထားလို့ ယူနိက်တက်ဂန္တဝင်ဟောင်းပေါ်စခိုးနဲ့နဗီးကတော့ ကိန်းနဲ့ဟာလန်းကို နောက်နှစ်မှာ ခေါ်ယူနိုင်ဖို့တိုက်တွန်းနေကြပါတယ်။

လက်ရှိ ယူနိက်တက်နဲ့ နိုင်ငံအသင်းမှာ ခြေစွမ်းပြနေတဲ့ အာမက်ကလည်း သူ့အတွက်စဉ်းစားပေးဖို့ ယူနိက်တက်ကိုတောင်းဆိုထားပါတယ်။

ဒါ့အပြင် တက်သစ်စ အဆုံးသတ်ကောင်းတဲ့ ဂရင်းဝုဒ်ကလည်းရှိနေသေးတာကြောင့် ဆန်ချိုရောက်လာရင် ယူနိက်တက်တို့ဟာ ပြိုင်ဆိုင်မှုပိုပြင်းထန်လာနိုင်ပီး လူငယ်ခြေသစ်တွေနေရာပျောက်နိုင်ပါတယ်.

ဒါတွေအားလုံးအဆင်ပြေအောင် ဘယ်လိုစီမံမလဲဆိုတာတော့ နည်းပြဆိုလ်းရှားရဲ့ စီမံမှုကိုဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

DBK

Leave a Comment

Your email address will not be published.