ပထမတခါအငြင်းခံလိုက်ရတဲ့ ကြယ်ပွင့်ကို ပေါင်၂၁သန်းခွဲနဲ့ ခေါ်တော့မည်

ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံဖြစ်ခဲ့တဲ့ အက်သလက်တီကိုအသင်းရဲ့ ညာနောက်ခံလူဖြစ်တဲ့ ထရစ်ပီယာ ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အနေနဲ့ ပေါင် ၁၀ သန်းနဲ့ပထမအကြိမ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် အက် သလက်တီကို အသင်းကတော့ ငြင်းပယ်ချခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ထရစ်ပီယာဟာ အင်္ဂလန်မြေကို ပြန်ပြီး ကစားဖို့ အလိုရှိနေသလို ယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်တယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေကြပါတယ်။

Football Insider ရဲ့ ဖော်ပြမှုအရတော့ အက်သလက်တီကိုအသင်းအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်း ထွက်နေတဲ့ ထရစ်ပီယာကို ပေါင် ၃၅ သန်းလောက်ရမှ လက်လွှတ်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ယူနိက်တက်တို့က ပေါင်၂၁သန်းခွဲနဲ့ထပ်ကမ်းလှမ်းလိုက်ပြီး ကစားသမားအသင်းဘက်က ကမ်းလှမ်းမှုကိုစဉ်းစားနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

အက် သလက်တီကိုနည်းပြ ဆီမြွန်နီကတော့ ထရစ်ပီယာကို အသင်းမှာဆက်ရှိနေစေချင်ပေမယ့် ကစားသမား အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် သင့်တော်တဲ့ပြောင်းရွှေ့ကြေးနဲ့မှ လက်လွှတ်ဖို့ရှိနေတယ် လို့လည်း သိရပါတယ်။

ယူနိက်တက်တို့ဟာလက်ရှိထိလည်းဦးစားပေးပစ်မှတ်ဆန်ချိုကိုရဖို့ ဈေးညှိတုန်းဖြစ်ပြီး ပထမတစ်ခါကမ်းလှမ်းမှုကို ခွက်ကျလို့ ပယ်ချခံခဲ့ရတာလည်းဖြစ်ပါတယ်။

DBK

Leave a Comment

Your email address will not be published.